အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်လုပ်ပြီးမှ အိပ်ပါ။ ။
အိပ်ခါနီး မွန်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေဖို့အတွက် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်ပါ။ ဒီလိုနဲ့ သင့်ရဲ့ မွန်းကြပ်မှုတွေ အဝေးရောက်သွားလို့ တဖြည်းဖြည်းနဲ့ အိပ်ချင်လာမှာပါ။ ဒီလို လုပ်ကြည့်ပါ။ ရင်ဘတ်ပေါ်လက်တင်ထားပြီး နှလုံးခုန်သံ ကို နားထောင်ပါ။ ပြီးရင် အသက်ကို ၄ စက္ကန့်လောက်အောင့်ထားပြီး အရှည်ကြီးရှူထုတ်လိုက်ပါ။
အိပ်ခန်းထဲမှာ TV မထားပါနဲ့။ ။
ဘယ်လောက်ပဲ ဇိမ်ခံတတ်ပါစေ ညည အိပ်မပျော်တဲ့သူတွေ အနေနဲ့ အိပ်ခန်းထဲ TV ထားကို မထားသင့်ပါဘူး။ ဖုန်းတို့ TV တို့ကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းတွေကြောင့် သင့်ကို အိပ်ချင်အောင် လှုံ့ဆော်ပေးတဲ့ melatonin ဟော်မုန်း ထွက်နှုန်းကျသွားပြီး သင့်ဦးနှောက်ကလည်း အလုပ်တွေ ဆက်လုပ်နေမှာ ဖြစ်တာကြောင့် တော်တော်နဲ့ သင်အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူး။
တရားစခန်းဝင်ရင် နေ့ခင်းဘက်တွေ မှာတောင် တရားထိုင်ရင် အိပ်ပျော်တာ၊ ညဘက်ဆို ပိုတောင်မှ အိပ်ပျော်နိုင်သေး။ တစ်ခုတော့ရှိတယ်။ တရားထိုင်တာနဲ့ လှဲနေရင်း တရားမှတ်တာနဲ့ဆို ထိုင်ရင်း တရားမှတ်တာက ပိုပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ မလှဲရလေ လှဲချင်လေ၊ မရလေ ပိုလိုချင်လေဆိုတာ လူ့သဘာဝပဲ မဟုတ်လား။
စိတ်ထဲမှာ တစ်ခုခုမွန်းကြပ်နေရင် အော်ထုတ်လိုက်ပါ။
တစ်ခုခု ဖိစီးနေလို့ စိတ်ထဲမွန်းကြပ်ပြီး အိပ်လို့မရရင် ကိုယ့်ကို မွန်းကြပ်စေတဲ့အကြောင်းကို ပါးစပ်ကနေ ရွတ်နေလိုက်ပါ။ ဒါမှမဟုတ် နံပါတ်စဉ်တွေကို ရေရွတ်တာဖြစ်ဖြစ်၊ အက္ခရာတွေကိုပဲ ဖြစ်ဖြစ် အသံထွက်ပြီးရေရွတ်နေလိုက်ပါ။
ဒါတွေကတော့ အိပ်ချိန်ရောက်နေရက် အတွေးလွန်နေလို့ အိပ်မပျော်ဘဲ လူးလွန့်နေရတဲ့ ညတွေ ကုန်ဆုံးစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။