၅။ ရေသောက်တာဟာ မကောင်းတဲ့ အလေ့အကျင့်မျိုး မဟုတ်ပေမယ့် ညအိပ်ခါနီးမှ အများကြီး သောက်လိုက်မိရင်တော့ ဆီးမကြာမကြာ ထသွားရတာကြောင့် ကိုယ့်ရဲ့ ကောင်းစွာ အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။
၆။ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ပူပန်စရာတွေဟာ ခေါင်းထဲမှာ ပြည့်နေရင် ဘယ်လိုမှ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် စိတ်က ပူနေရတဲ့အတွက် မနက်ခင်းနိုးလာရင်လည်း စိတ်ရော ခန္ဓါပါ ပင်ပန်းနွမ်းနယ်နေမှာပါ။
ကောင်းစွာ အိပ်စက်အနားယူနိုင်စေဖို့ ဘာတွေ လုပ်သင့်လဲ။
၁။ အိပ်ခါနီး ရုပ်ရှင်ကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာ ရှောင်ပေးပါ။
၂။ အိပ်ရမယ့် အခန်းဟာ မှောင်ပြီး တိတ်ဆိတ်နေပါစေ။
၃။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်တွေကို မနက်ပိုင်းမှာ သောက်ပေးပါ။
၄။ အရက်သောက်ပြီး အိပ်တဲ့ အကျင့်ကို ရှောင်ပေးပါ။
၅။ အဆီများတဲ့ အစားအစာတွေ၊ ရင်ပြည့်စေမယ့် အစားအစာတွေကို ညအိပ်ခါနီး မစားသင့်ပါဘူး။
၆။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးပါ။
၇။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
၈။ သာယာငြိမ့်ညောင်းဖွယ် ရေစီးသံ၊ တီးလုံးသံတွေကို ဖွင့်ထားပေးပါ။
အိပ်ရေးမဝတဲ့ ပြဿနာဟာ စိုးရိမ်ဖွယ်ရာ ရှိလား။
သိပ်ပြီး စိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပေမယ့် အိပ်ရေးပျက်တာ များလာမယ်။ ကိုယ့်ရဲ့ အလုပ်ခွင်၊ တာဝန်တွေကို ထိခိုက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ ရှိ၊ မရှိ သေချာစစ်ဆေးကြည့်မှ ကိုယ့်ရဲ့ အိပ်ရေးမဝသလို ခံစားနေရတဲ့ ပြဿနာကို အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။