အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်း ကို ရှာဖွေမည်။

အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊ လျှော့ချ ကြမလဲ။

အိပ်နေစဉ် ဟောက် တတ်ခြင်းဟာ အခြားသူကို အိပ်ရေးပျက်စေ၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကိုယ်တိုင်အတွက်လည်း အိပ်ရေးမဝဘဲ နုံးနေသလိုခံစားရခြင်း၊ အာရုံစိုက်ရာတွင် ခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဟောက်တတ်တဲ့ သူတွေမှာ အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံး၊ သွေးတိုးရောဂါတွေ ပိုပြီးဖြစ်နိုင်တာကို တွေ့ရပါတယ်။ အတူတူအိပ်တဲ့ မိသားစု (အထူးသဖြင့် ခင်ပွန်း(သို့) ဇနီး) နဲ့လည်း အဆင်မပြေဖြစ်စေနိုင်တဲ့ အတွက် အိမ်ထောင်ရေးပြဿနာတွေလည်း အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဟောက်တတ်တဲ့ သူတွေရဲ့ ပြသနာတွေကို ကာကွယ်လျှော့ချဖို့ ကူညီပေးနိုင်မယ့် အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ ဟောက် တာကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းများ (၁) အိပ်တဲ့ ပုံစံ အနေအထားကိုပြောင်းလဲပါ။ အိပ်နေတုန်း ရှူသွင်းလိုက်တဲ့ လေတွေက နှာခေါင်းမှ တစ်ဆင့် လည်ချောင်း၊ လေပြွန်ထဲကို လွတ်လွတ်လပ်လပ် မဝင်သွားနိုင်ဘဲ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာတဲ့ အိပ်စက်ခြင်း မျိုးရအောင် ဘာတွေ သတိထားရမလဲ။

တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်း ဟာ အရမ်းကို အရေးကြီးပါတယ်။  အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေး ရော၊ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုး ရစေဖို့ အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထားရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။ (၁)ပထမဦးဆုံး အချက်အနေနဲ့ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားဖို့ပါ။ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်ရောက်တိုင်း အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးရအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ အားလပ်ရက် ပိတ်ရက်တွေ၊ […]


အိပ်စက်ခြင်း

ဒါကြောင့် အိပ်ရေးမပျက်စေလို

တကယ်လို့သာ သင်ဟာ တညတာကို ကြက်အိပ်ကြက်နိုးဖြစ်နေပြီး ကောင်းစွာ အိပ်မပျော်ဘူးဆိုရင် နောက်တနေ့မှာ ပင်ပန်းနွမ်းနယ်သလို ခံစားနေရမှာ ဖြစ်ပါတယ်။ တညတာမှာ ၇နာရီလောက် မအိပ်နိုင်ဘူးဆိုရင် နောက်တရက်မှာ မူးဝေခြင်း၊ မကြည်မလင်ဖြစ်ခြင်းတွေ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်တော့ အိပ်ရေးပျက်တာ ကြာလာပြီဆိုရင် ရှေည်မှာ ခန္ဓာကိုယ်အပေါ် ထိခိုက်လာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မုှရှိပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားလည်း ကျဆင်းလာပါလိမ့်မယ်။ အိပ်ရေးမဝခြင်းရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ - အလွန်အမင်း အိပ်ငိုက်ခြင်း - သမ်းဝေခြင်း - သည်းမခံနိုင်ဖြစ်ခြင်း - နေ့အချိန်တွင် ပင်ပန်းနွမ်းနယ်နေခြင်း စတာတွေ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ကဖိန်းလို လှုံ့ဆော်ပေးတဲ့အရာတွေကလည်း ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။ တကယ်တော့ ကဖိန်းဟာ အိပ်စက်ခြင်းကို ပိုမိုထိခိုက်စေပါတယ်။ နေ့လယ်ကနေ မအိပ်ခင်အထိ သောက်ထားတဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

အိပ်ရေးကောင်းကောင်းဝဖို့ဆိုတာဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အားပြည့်လန်းဆန်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူပြီးချိန်မှာ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေ မြင့်မားနေတတ်ပါတယ်။ ဒါ့အပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အဆိုပါအကျိုးကျေးဇူးများကို သိရှိကြပေမယ့်လည်း လူသားများအနေနဲ့ အိပ်ချိန်ဟာ နည်းသည်ထက်နည်းလာကြပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ အိပ်စက်ခြင်း အလေ့အထဟာ မွေးမြူလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ အကူအညီပေးမယ့် အချက်တွေလည်း ရှိပါတယ်။ ယခုဖော်ပြမယ့် အချက်အလက်တွေကတော့ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ပဲ ဖြစ်ပါတယ်။ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ၁။ မယ်လတိုနင် မယ်လတိုနင်ဟာ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက် ထွက်ရှိတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြတဲ့ဟော်မုန်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

ညအချိန် ကောင်းကောင်းအိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ မအိပ်မနေ အလုပ်လုပ်ကိုင်ခြင်းဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် မကြာခဏ အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီပြီး အပြိုင်အဆိုင်များလာခြင်း၊ စိတ်ဖိစီးမှုများလာခြင်း စတာတွေကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာစေပါတယ်။ ဒီတစ်ခေါက်တော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ၁။ အိပ်ရေးမဝရင် ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ အိပ်ချိန် ကောင်းကောင်းမရှိခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သုတေသနစာတမ်းအချို့အရ အိပ်စက်ချိန် အလုံအလောက်မရှိသူများဟာ အိပ်ရေးဝသူများထက် သိသိသာသာ ဝတတ်တယ်လို့ သိရပါတယ်။ တကယ်တော့ အဝလွန်ခြင်းနဲ့ အိပ်ချိန် နည်းပါးခြင်းဟာ သိသာစွာ ဆက်စပ်မှု ရှိပါတယ်။ သုတေသနတခုမှာ အိပ်စက်ချိန် အလုံအလောက်မရှိတဲ့ ကလေးနဲ့လူကြီးတွေကို လေ့လာခဲ့ပါတယ်။ […]


ညအိပ်မပျော်ခြင်း

ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ

ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေပါ ညအိပ်မပျော်တဲ့ ပြဿနာတွေ အဖြစ်များလာပါတယ်။ လူငယ်တွေမှာကတော့ နေ့နဲ့ ညမှားအိပ်တာ၊ ဖုန်းတွေ ကွန်ပျူတာတွေ အသုံးပြုနေတာ၊ ဂိမ်းဆော့နေတာကြောင့် ညဘက်ဆို အိပ်ပျော်ဖို့ ခဲယဉ်းကြတယ်။ လူကြီးတွေမှာ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ကြုံတွေ့ကြရတဲ့ ကျန်းမာရေး ပြဿနာတွေ၊ နာကျင်ကိုက်ခဲမှုတွေနဲ့ မိသားစုအတွက် စိတ်ဖိစီးစရာတွေကြောင့် အိပ်မပျော်နိုင်ကြပါဘူး။ ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ညအိပ်မပျော်တာ ကြာလာတာနဲ့ အမျှ ကိုယ့်ရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့ မဖြစ်ဘူးနော်။ ခုဆောင်းပါးမှာတော့ ညအိပ်မပျော်ဘူး ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေလောက်မယ့် ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်းကို […]


အိပ်စက်ခြင်း

အိပ်ရေးမဝကြောင်း သိနိုင်မယ့် လက္ခဏာတွေ

ကျွန်တော်တို့တွေက စက်ပစ္စည်းတွေမဟုတ်တဲ့အတွက်ကြောင့် မနားမနေတောက်လျှောက်အလုပ်လုပ်နေလို့ မရပါဘူး။ အသက်အရွယ်အလိုက် သင့်လျော်တဲ့အိပ်စက်အနားယူချိန်ရှိမှ နောက်ရက်တွေမှာ အားအင် ပြည့်ပြည့်၀၀နဲ့ အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်ပြောပြချင်တာကတော့ အိပ်ရေးဝအောင် အိပ်စက်အနားမယူရင် ခန္ဓာကိုယ်မှာ ပြလာမယ့် လက္ခဏာတွေအကြောင်းဖြစ်ပါတယ်။ အရေပြားက မလှပတော့ဘူး သင်အိပ်ရေးဝအောင် မအိပ်ရတဲ့နေ့တွေများနေပြီလားဆိုတာ သင့်အရေပြားကပြောပြနေပါတယ်။ လေ့လာမှု တချို့အရတော့ အိပ်ရေးမဝခြင်းနဲ့ မျက်နှာဝက်ခြံထွက်ခြင်းတို့ ဆက်စပ်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာတော့ သေချာမသိရသေးပေမဲ့ အိပ်ရေးပျက်လို့ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့တော့ ယူဆကြပါတယ်။ အိပ်ရေးမဝရင် ဝက်ခြံထွက်ရုံတင်မကပဲ အရေပြားပါ စိုစိုပြေပြေမရှိတော့ဘဲ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။ ပို ‘ဝ’ လာမယ် အိပ်ရေးဝအောင်အိပ်ထားရင် ခန္ဓာကိုယ်ထဲက ghrelin နဲ့ leptin ဆိုတဲ့ဟော်မုန်းတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ ဟော်မုန်းတစ်မျိုးက ဗိုက်ဆာအောင်လှုံ့ဆော်ပေးပြီး နောက်တစ်မျိုးကတော့ ဗိုက်ပြည့်ရင်ဆက်မစားချင်အောင် လုပ်ပေးပါတယ်။ အိပ်ရေးပျက်တဲ့သူတွေမှာ ဒီဟော်မုန်း ၂ မျိုး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် […]


ညအိပ်မပျော်ခြင်း

ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ

ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ ........ တစ်ည တစ်ည အိပ်ရာပေါ်မှာ လူးလိုက် လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေပြီလား။ တစ်ခါတစ်လေမှာ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကြောင့်ပဲဖြစ်ဖြစ် ခုလို အိပ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ ....... တကယ်တမ်းအားဖြင့် အိပ်မပျော်ဘူးဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ညဘက် အိပ်မပျော်တဲ့ဝေဒနာကို (Insomnia) လို့ခေါ်ကြပါတယ်။ Insomnia ကတော့ ပုံမှန် အိပ်မပျော်တဲ့ နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ - ညဘက်မှာ အိပ်ပျော်ဖို့ခက်တာ၊ မနက်ဘက်တွေဆို အစောကြီးနိုးနေတာ ဒါမှမဟုတ် ညဘက်တစ်ရေးနိုးပြီးရင် ပြန်အိပ်ဖို့ ခက်တာ၊ အိပ်ပြီးပျော်သွားသည့်တိုင် အနားယူလိုက်ရသလို မခံစားရတာ၊ နေ့ဘက်တွေမှာ မောပန်းပြီး အိပ်ငိုက်နေတတ်တာ၊ စိတ်မကြည်တာမျိုး စိတ်ဓာတ်ကျတာမျိုး ဒါမှမဟုတ် စိုးရိမ်စိတ်မျိုးတွေ ဖြစ်နေတတ်တာ၊ အာရုံစိုက်တာ […]


အိပ်စက်ခြင်း

အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ

အိပ်ချိန်အပြည့်အဝ မရတဲ့ သူတွေ တခြားသူတွေထက် ကျန်းမာရေး ချူချာနိုင်တယ် ဆိုတဲ့ အကြောင်းကို အရင်ကလည်း ခဏခဏ ပြောခဲ့ဖူးတာ သတိထားမိမှာပါ။ ဒီဘက်ခေတ်မှာဆိုရင် အိပ်ချိန်မမှန်တဲ့ ပြဿနာက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အလွန် အတွေ့များသလို လူကြီးပိုင်းတွေမှာလည်း ဖြစ်လာတတ်ကြပါတယ်။ အကြောင်းရင်း အမျိုးမျိုး ပြပြီး အိပ်ချိန် လျှော့ချပစ်လို့ ကိုယ့်အတွက် ဘာ အကျိုးကျေးဇူးမှလည်း မရနိုင်သလို နေ့လည် တစ်ရေးတစ်မော အိပ်လို့လည်း လွတ်သွားတဲ့ အိပ်ချိန်တွေကို အစားပြန်ထိုးလို့ မရနိုင်ပါဘူးနော်။ အိပ်ချိန်မမှန်ဘူးဆိုတာ ဘာကို ပြောတာလဲ။ လူတစ်ယောက်မှာ အစာစားချိန်၊ အိပ်ချိန်ဆိုတာ အချိန်တစ်ခု တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ခန္ဓာကိုယ်က ဒီအချိန်အတိုင်း အလုပ်လုပ်ပြီး သူ့အချိန်ရောက်ပြီ ဆိုတာနဲ့ ဗိုက်ဆာလာမယ်၊ အိပ်ချင်လာမယ်၊ အနားယူရမယ့် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်လေးတော့ မှန်ပါစေ

အိပ်ချိန်လေးတော့ မှန်ပါစေ ..... ညဘက်တွေကို အလုပ်တွေ လုပ်ရင်းဖြစ်ဖြစ်၊ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း ၊ ရုပ်ရှင်ကြည့်ကောင်းလို့ ထိုင်ကြည့်မိရင်း၊ ဂိမ်းတွေ ဆော့ရင်းက စောရင်စောတယ်၊ နောက်ကျရင်လည်း သန်းခေါင်မှ အိပ်တယ်ဆိုတဲ့သူလေးတွေရှိလား......... ဒါဆိုရင် သေချာတာ အိပ်ချိန် သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာပါ။ ဒီလိုဆိုရင် ဘယ်လိုပြဿနာတွေ ရှိလာနိုင်လဲ.... ဒီဆောင်းပါးလေးမှာ ပြောပြပေးပါရစေလား......... လူတော်တော်များများလက်ခံထားတဲ့ အယူအဆ လူတော်တော်များများ လက်ခံထားတာက အိပ်ချိန်မှန်တာ၊ မမှန်တာက အဓိကမဟုတ်ဘူး။ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ရှိရင်ကို လုံလောက်ပြီ။ အိပ်ချိန်မ မမှန်တာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူး။ အိပ်ရေးဝအောင် မအိပ်တာကသာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာရယ်လို့ပါ။ အိပ်ရေးပျက်တာ နည်းတူ ထိခိုက်စေနိုင်တဲ့ အိပ်ချိန် မမှန်ခြင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိခဲ့ရတာက အိပ်ရေးပျက်တာ တင်မဟုတ်ဘဲ အိပ်စက်ချိန် မမှန်တာကလည်း နှလုံးကျန်းမာရေးကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း