အိပ်နေစဉ် ဟောက် တတ်ခြင်းဟာ အခြားသူကို အိပ်ရေးပျက်စေ၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကိုယ်တိုင်အတွက်လည်း အိပ်ရေးမဝဘဲ နှုံးနေသလိုခံစားရခြင်း၊ အာရုံစိုက်ရာတွင် ခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဟောက်တတ်တဲ့ သူတွေမှာ အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံး၊ သွေးတိုးရောဂါတွေ ပိုပြီးဖြစ်နိုင်တာကို တွေ့ရပါတယ်။