backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

သင်ဟာ ငယ်ရွယ်တယ်၊ အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့် အသက် ၂၀ ကျော် ၃၀ကြား ကာလဟာ သင့်ဘဝအတွက် အကောင်းဆုံး နှစ်တွေဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် သတ်မှတ်နိုင်ပြီးတော့ သင်နှစ်သက်တဲ့ အလုပ်လမ်းကြောင်းကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်ကိုသွားမှာလဲဆိုတာ ကိုယ့်ကိုယ်တိုင်မသိဘဲ အရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာ နားလည်ချိန်မှာတော့ တုန်လှုပ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဒီအရွယ်မှာ တွေ့ရတတ်တဲ့ ဘေးကျပ်နံကျပ်ကာလကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။ ကဲ ….. အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ ….. ဆိုတာ ကြည့်လိုက်ရအောင်နော်။

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတော့

  • အခြားသူများနဲ့ မျှဝေပါ။
  • ဆုံးရှုံးမှုကို ကျော်လွန်ဖို့၊ မတည်ငြိမ်တဲ့ စိတ်ကိုထိန်းချုပ်ဖို့နဲ့ ဒီအချိန်ကို ကျော်ဖြတ်ဖို့ တစ်ခုတည်းသောနည်းကတော့ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေဖို့ပါပဲ။ လူအများစုဟာ သူတို့ရဲ့ဘဝတွေ ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးမရှိဘဲ စိတ်မပျော်ရွှင် ဖြစ်နေကြပါတယ်။

    ဒါ့ပြင် ဒီလူတွေဟာ သူတို့ကိုယ်တိုင်ပဲ ဒီပြဿနာတွေကို ရင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ နားလည်ပေးလို့ရပေမယ့် ဒီအနှုတ်သဘောဆောင်တဲ့ ခံစားမှုတွေကို သင့်ဦးနှောက်ထဲမှာ ထားနေခြင်းဟာလည်း အကောင်းဆုံး အဖြေမဟုတ်ပါဘူး။

    ခံစားမှုတွေကို လှောင်ပိတ်ထားတာဟာ မတည်ငြိမ်တဲ့ စိတ်ခံစားမှုတွေကိုသာမက အခြားဆိုးရွားတဲ့ အကျိုးဆက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်သူငယ်ချင်း၊ မိသားစု၊ ဆရာဝန်တို့နဲ့ သင့်စိတ်ထဲရှိသမျှကို ပြောဆိုသင့်ပါတယ်။

    • အစီအစဉ် ပြုလုပ်ပါ။

    ဝေးလွန်းတဲ့ အနာဂတ်ကိုကြည့်မယ့်အစား မနက်ဖြန်ရဲ့ ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကို ကြည့်ပါ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ရွေးချယ်ပါ။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာနဲ့ ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာကို မသေမချာကြီးဖြစ်နေခြင်းဟာ ခက်ခဲပါတယ်။

    ဒါ့ကြောင့် သက်သောင့်သက်သာ ဖြစ်စေတဲ့ နေရာတစ်ခုမှာ သင်ကြိုက်တဲ့ သီချင်းတွေကို နားထောင်ရင်း အဲဒီအခြေအနေမှာ သင့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို ရေးချပြီး အကောင်အထည်ဖေါ်ပါ။

    • ဝင့်ကြွားစွာနေပါ။
    • အခုခေတ်မှာ သင်တကယ်လိုအပ်တဲ့ အချစ်ဆိုတာကို သတ်မှတ်ဖို့နဲ့ သင့်ကိုယ်သင်ပေးဖို့ ခက်ခဲပါတယ်။ အွန်လိုင်းပေါ်တက်ပြီး လူတွေလက်ထပ်တာတွေ၊ ဟန်းနီးမွန်းတွေ၊ ကလေးဓာတ်ပုံတွေ၊ အလုပ်အသစ်၊ အိမ်အသစ်၊ အတွေ့အကြုံအသစ်တွေကို တင်တာကိုတွေ့ပြီး ကိုယ့်ကိုယ်ကို အထင်သေးလာတတ်ပါတယ်။

      ဒါဟာ မကောင်းပါဘူး။ အခြားသူတွေနဲ့ မိမိနဲ့ ယှဉ်တွေးခြင်းဟာ အဆိပ်သင့်စေတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

      • ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
      • အခြားသူကို သေချာ မချစ်နိုင်ခင် သင့်ကိုယ်သင်ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူသင့်တယ်ဆိုတဲ့ အခုခေတ်ဆိုရိုးစကားရှိပါတယ်။ သင့် ဒိုင်ယာရီထဲမှာ အရာတွေ အကုန်ချရေးပြီး နေ့တိုင်း အဲဒီစာရင်းကို ပွားလာအောင် ကြိုးစားပါ။ မနက်ခင်းတစ်ခုမှာ မိုးရွာခြင်းနဲ့ စတင်ပြီး သင့်ကို စိတ်ညစ်စေတယ်ဆိုရင် ဒိုင်ယာရီကိုဖွင့်ပြီး ဖတ်ပါ။

        ဒါဆို သင်ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်တယ်ဆိုတာ သင်သတိထားမိပါလိမ့်မယ်။ စာအုပ်၊ ပုံပြင်တွေ ပိုဖတ်ပြီး အခြားသူတွေနဲ့ ပိုစကားပြောပါ။ စိတ်ခံစားမှုများတဲ့ အဆင့်ကို သက်သာရာရဖို့ သင်ယူပါ။ အားကစားရုံမှာ စာရင်းပေးပါ။

        တစ်ပတ်မှာ ၃ – ၄ ကြိမ်လောက် ကစားပါ။ သင့်သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။ လူအသစ်တွေနဲ့ သူငယ်ချင်းဖွဲ့ပါ။ စိတ်ဓာတ်ဟာ အဓိက ဆိုတာ သတိရပါ။ စိတ်လျှော့ထားပြီး အသက်ကြီးပြင်းလာမှု အပေါ် သာယာပျော်ရွှင်ပါ။

        မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

        Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



        မှ အချက်အလက် စစ်ဆေးထားပါသည်။

        Hello Sayarwon Panel


        Hello Sayarwon Panel မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

        ad iconadvertisement

        ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

        ad iconadvertisement
        ad iconadvertisement