backup og meta

ပြစ်တင်ဝေဖန်မှု ဒဏ် ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြစ်တင်ဝေဖန်မှု ဒဏ် ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ရအောင်

    လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှုအင်အား ကြီးမားလာတဲ့ ဒီဘက်ခေတ်မှာ ချီးကျူး ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် လို့ ဆိုပြီး ပစ်ထားလိုက်လို့ မရတော့ပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကို စိတ်ရှိသလိုလည်း ခွန်းတုံ့ပြန်လို့ မဖြစ်ပြန်ဘူး။ ဒီအချိန်မှာ ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ဖြေရှင်းနိုင်ဖို့က ပညာပါပဲ။

    ခုနေချိန် အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာဆိုတာလည်း တစ်နေ့နဲ့ တစ်နေ့ မရိုးရသလို လူအများရဲ့ ပြစ်တင်ဝေဖန်ခံရသူကလည်း တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေတယ် မဟုတ်လား။

    ကိုယ့်ကို ပြစ်တင်ဝေဖန်ခံနေရပြီ ဆိုရင်

    ချီးကျူးလေးစားတဲ့ မှတ်ချက်စကားတွေကသာ ပလူပျံနေချိန် ဘာပြန်ပြောပြော ချစ်နေကြတာပါ ၊ ပြစ်တင်ဝေဖန်ခံရချိန်မှာတော့ ဘာကိုမှ အမှားမခံ ထိရှလွယ်အခြေအနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တုံ့ပြန်မိတဲ့ စကား မပြောနဲ့၊ စတစ်ကာပုံလေးနဲ့တောင် အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။

    လူမှုကွန်ရက်ရဲ့ ထိုးနှက်မှုကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ အခါ မလိုလားအပ်တဲ့ အပြန်အလှန် မုန်းတီးမှုတွေ၊ နာမည်ကျဆင်းရတာတွေ၊ စိတ်ဒဏ်ရာရတာတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေပါ ထိခိုက်လာရတာတွေ၊ နောက်ဆုံးမှာ အဆုံးစီရင်တာတွေ အထိ ဖြစ်လာနိုင်ပါတယ်။

    ဘယ်လို တုံ့ပြန်ရမလဲ

    သူတို့ ပြစ်တင်ပြောဆိုနေကြသလို ကိုယ်က မဟုတ်နေဘူးပဲ ထားဦး၊ စိတ်လိုက်မာန်ပါ အတင်းရှင်းပြနေလို့ မရပါဘူး။ အရင်ဆုံး စိတ်အေးအေးထား၊ စဉ်းစားပြီးမှ စနစ်တကျ တုံ့ပြန်ဖြေရှင်းသင့်ပါတယ်။ ဒီအခြေအနေကို ဉာဏ်ရှိရှိ နဲ့ ကျော်လွှားသွားနိုင်ဖို့ အတွက် အသုံးဝင်မယ့် အကြံလေးတွေ ပေးလိုက်ပါရစေနော်။

    (၁) စိတ်ကို တည်ငြိမ်အောင် ကြိုးစားပါ။

    ကိုယ်မလုပ်ဘဲ အထင်လွဲ စွပ်စွဲခံနေရတာ ဖြစ်ဖြစ် ဒါမှမဟုတ် လုပ်ရပ်တစ်ခုအတွက် အပြစ်တင်ခံနေရတာ မျိုး ကြုံလာလည်း အရင်ဆုံး စိတ်ကိုငြိမ်အောင် ကြိုးစားပါ။ လူမှုကွန်ရက်မှာ ဆိုတာက ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို မှန်သမျှ လူအများဆီ ရောက်ရှိဖို့ သိပ်မြန်ပါတယ်။ ဘာဆက်လုပ်မယ်၊ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးဖို့ အဓိကပါ။

    (၂) ပြစ်တင်စကားတွေကို ပိတ်ပင်ဖို့ မကြိုးစားပါနဲ့။

    ဥပမာ ကိုယ့်ရဲ့ပို့စ်အောက်က မှတ်ချက်ဆိုးတွေကို ဖျက်ပစ်ဖို့၊ ကွန်မန့်ပိတ်ပစ်ဖို့၊ ဒီလိုမပြောကြပါနဲ့လို့ တားမြစ်ဖို့ မကြိုးစားပါနဲ့။ ဒါဟာ သူတို့ရဲ့အမြင်၊ စွပ်စွဲမှု၊ သူတို့ ပြစ်တင်ဝေဖန်မှုက မှန်ကန်နေပြီး ကိုယ်က တစ်ခုခုကို ဖုံးကွယ်နေတာလို့ မြင်သွားစေနိုင်ပါတယ်။

    (၃) မြန်မြန် တုံ့ပြန်ပါ၊ ဒါပေမယ့် ဉာဏ်သုံးပါ။

    ပြစ်တင်ဝေဖန်မှု တွေမြင့်နေချိန်မှာ တအားလည်း တိတ်ဆိတ်မနေပါနဲ့။ လူတွေနဲ့ ထိတွေ့မှု ဖြတ်ပြီး ပုန်းမနေပါနဲ့။ ဖြေရှင်းမှု၊ ပွင့်လင်းပြောဆိုမှု၊ တာဝန်ယူမှု တစ်ခုခုတော့ ခပ်မြန်မြန် အသံထွက်လာသင့်ပါတယ်။

    (၄) တုံ့ပြန်တဲ့ အခါ ခံစားချက်ကို သိပ်မဖွင့်ချပါနဲ့။

    ကိုယ့်ပြဿနာအကြောင့် လူတွေ အရှေ့ ဖြေရှင်းတဲ့အခါ ဒေါသ မပါဖို့ သတိထားပါ။ အချက်အလက် ကိုပဲ အဓိက ဖြေရှင်းပါ၊ စကားကို လိမ္မာပါးနပ်စွာ ပြောတတ်ဖို့၊ အမှား မပါဖို့ စာကြိုစီထားပါ။ တည်တည်ငြိမ်ငြိမ် နဲ့ မှန်ကန်အောင် ဖြေရှင်းနိုင်မှ အနိုင်ရမှာပါ။

    (၅) ကိုယ့်အမှား ရှိနေရင် ဝန်ခံလိုက်ပါ။

    ကိုယ်က မှားခဲ့တာ မှန်တယ်ဆိုရင် ဝန်ခံလိုက်ဖို့ ဝန်မလေးပါနဲ့။ အတင်းရှောင်ပြေး ငြင်းဆန်နေတာကမှ ပြဿနာကို ပိုဆိုးစေတဲ့ အချက်ပါ။ လူအများရဲ့ အမြင်မှာ ပိုအရုပ်ဆိုးသလို ပြစ်တင်ဝေဖန်မှု က ပိုပြင်းထန်လာနိုင်ပါတယ်။ လိုအပ်လာရင် တောင်းပန်စကား ဆိုလိုက်တာက နည်းလမ်းကောင်း တစ်ခု ဖြစ်နေနိုင်ပါတယ်။

    (၆) ပြစ်တင်ဝေဖန်မှု တွေအပေါ် အရမ်းမခံစားပါနဲ့။

    ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြမှာ ဆိုပေမယ့် ပြဿနာတက်နေချိန်မှာ ဒါကိုပဲ စက္ကန့်မလပ် ခံစားနေမယ် ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊ လူကျန်းမာရေး နဲ့ လုပ်နိုင်စွမ်းတွေမှာ ထိခိုက်လာမှာပါ။ ဒီလိုခံစားနေမယ့်အစား ဖြစ်လာတဲ့ ဘေးကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့၊ အမှားမလုပ်မိဖို့ကို ဂရုစိုက်လိုက်ပါ။

    (၇) လျစ်လျူရှုပါ။

    ကိုယ့်အလွန် မရှိခဲ့ဘူး၊ ဖြေရှင်းစရာ မလိုတဲ့ ကိစ္စမျိုး သို့မဟုတ် ကောင်းကောင်း ဖြေရှင်းထားပြီးသား ကိစ္စမျိုးဆိုရင်တော့ ဝေဖန်လာသမျှကို လိုက်ဖြေရှင်းဖို့ မလိုအပ်ပါဘူး။ လျစ်လျူရှုပြီး ကိုယ့်ရဲ့လမ်း ကိုပဲ မတုန်မလှုပ် ဆက်လျှောက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

    ဘာတွေပဲ ဖြစ်လာလာ၊ ကိုယ့်ဘက်က ဘယ်သူမှ မရှိရင်တောင် ကိုယ်သာ မှန်အောင်နေလိုက်ပါ။ ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ကျော်လွှားနိုင်ဖို့ နည်းလမ်း ရှာပါ လို့ အကြံပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement