စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူတစ်ယောက်မှာ သူ့စိတ်ခံစားချက်က အမြဲတမ်း အပြောင်းအလဲဖြစ်နေပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင် စိတ်ကျရောဂါ၊ စိတ်အတက်အကျရောဂါလိုမျိုးပါ။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

Introvert လို့ ပြောလိုက်ရင် လူကြောက်တတ်ပြီး လူတွေနဲ့ သီးခြားနေလိုတဲ့ပုံစံ၊ Extrovert ဆိုရင် သွက်သွက်လက်လက်နဲ့ ဆိုရှယ်ကျတဲ့ သူလို့ မြင်တတ်ကြမှာပါ။ ဒါတွေက ယေဘုယျဆန်လွန်းပြီး မတိကျသေးပါဘူး။ ဒါကြောင့် ဒီ‌ဆောင်းပါးမှာ သင်က introvert လား၊ extrovert လား ဆိုတာ သိရအောင် ပြောပြပေးပါမယ်။ သင်က introvert လား၊ extrovert လား Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာက personality traitလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ နှစ်ခုပါ။ ဒီကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာ Carl Gustav Jungဆိုတဲ့ ပုဂ္ဂိုလ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာ လူတစ်ယောက်က ပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ တုံ့ပြန်ပုံကို […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျမြန်ရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ

စိတ်အတက်အကျမြန်ရောဂါ - Bipolar disorder ဟာ လူတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ လက္ခဏာ စတင်ပြလာတတ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါရှင်တွေ စိတ်ဓါတ်ကျပြီဆိုရင် အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တတ်ပြီး တချို့လူတွေမှာတော့ ရံဖန်ရံခါမှသာ လက္ခဏာပြနိုင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့် စုစုပေါင်း ၃ခု ရှိပါတယ်။ ၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania) စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Depression (စိတ်ကျရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Depression (စိတ်ကျရောဂါ ) ကဘာလဲ။ စိတ်ကျရောဂါဆိုသည်မှာ တောက်လျှောက်ဝမ်းနည်းမှုများခံစားနေရပြီး ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သင်မည်သို့ခံစားတွေးတောပြီး ပြုမူသည်များကို သက်ရောက်ထိခိုက်စေပြီးစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။ အကယ်၍ပူဆွေးကြေကွဲဝမ်းနည်းမှုတစ်ခုသည် ရက်ပေါင်းများစွာ(သို့)အပတ်ပေါင်းများစွာကြာသွားပြီး မိသားစုဝင်များ(သို့)သူငယ်ချင်းများနှင့် အလုပ်လုပ်ရန်၊ပေါင်းသင်းဆက်ဆံရန်ခက်ခဲလာပါက (သို့)မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခြင်းတို့ရှိလာပါကစိတ်ကျရောဂါရှိချေများသည်။ အကယ်၍စိတ်ကျရောဂါလက္ခဏာများသင့်တွင်ခံစားနေရပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ Depression (စိတ်ကျရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။80ရာခိုင်နှုန်းသောလူအများတွင် ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွားတတ်ကြပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDepression (စိတ်ကျရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့လူတစ်ယောက်စီတွင် ကွဲပြားလှပါသည်။ဥပမာစိတ်ကျရောဂါဖြစ်နေ သောအချို့သူများသည် ပိုအိပ်တတ်ကြပြီး အချို့ဝေဒနာရှင်များတွင်ကားအိပ်ပျော်ရန်ခက်ခဲခြင်း(သို့)အစာစားချင်စိတ်လျော့နည်း နေခြင်းတို့ဖြစ်တတ်သည်။ သို့သော်လည်းအဖြစ်များသောလက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ အာရုံမစူးစိုက်နိုင်ခြင်း ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း ပြင်းထန်သောစိတ်ဓါတ်ကျမှုများတွင် မိမိကိုယ်ကိုအဆုံး စီရင်မည့်အတွေးများတွေးမိနေခြင်း စသည်ဖြင့်ဖြစ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကဘာလဲ။ Borderline Personality Disorder ဆိုတာ ပြင်းထန်တဲ့စိတ်ရောဂါ အခြေနေတစ်ခုဖြစ်ပြီးသွင်ပြင်လက္ခဏာအနေနဲ့ စိတ်ဂနာမငြိမ်ခြင်းမျိုး၊မငြိမ်မသက်သောစိတ်အခြေအနေနဲ့ အပြုအမူတွေကိုတွေ့ရတတ်တယ်။ ဒီလိုလူနာတွေကများသောအားဖြင့်သူတို့စိတ်ခံစားချက်တွေ အတွေးတွေနဲ့ ပြသနာဖြစ်နေတတ်ပြီး ပြ ုမူပုံတွေကအစ အထိန်းအကွပ်မရှိဖြစ်တတ်လို့လူမှုရေးပြသနာတွေဖြစ်လာရတဲ့အထိရှိလာနိုင်ပါတယ်။ Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီစိတ်ရောဂါအခြေအနေဟာ များသောအားဖြင့် အပျိုဖော်လူပျိုဖော်ဝင်စအရွယ် ကြီးကောင်ဝင်ချိန်တွေမှာဖြစ်လေ့ရှိပါတယ်။ အကြောင်းရင်းများBoderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ BPDကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းဆိုပြီးကောက်ချက်ဆွဲနိုင်တဲ့ဟာမျိုး မရှိသေးပါဘူး။ သို့သော်လည်းမျိုးရိုးဗီဇနဲ့ဆိုင်တဲ့အခြေအနေတွေ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အခြေအနေတွေကနေ အဓိကအခြေခံပြီးဖြစ်လာတယ်လို့ ယုံကြည်ထားကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့BPDဟာမျိုးရိုးဗီဇတွေ အမွေဆက်ခံတာတွေ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်နေစိတ်ထားတွေ ဟာရောဂါနဲ့ဆက်နွယ်နေတယ်လို့ သဘောတူယူဆထားကြပါတယ်။ တစ်ချို့လူတွေမှာဦးနှောက်ထဲမှာတည်ဆောက်ပုံဟာသူများနဲ့မတူတာတွေ လုပ်ဆောင်ပုံမတူတာတွေကနေလည်းဒီလိုရောဂါဖြစ်စေပြီးအဲ့ဒါကိုgeneticကြောင့်ဖြစ်တယ်လို့ သက်သေပြုနိုင်ပါတယ်။ အပေါင်းအသင်းတွေရယ် ယဉ်ကျေးမှုဆိုင်ရာအချက်တွေ ပါဝင်ပေါင်းစုံပြီးတော့လည်း BPDကိုဖြစ်စေဖို့ပိုအားပေးတတ်ပါတယ်။ဥပမာအားဖြင့် သင်သာ BPD တို့ ဒါမှမဟုတ် တစ်ခြားစိတ်ရောဂါဖြစ်တဲ့လူတို့အနားနေနေရပါက ပတ်ဝန်းကျင်ကတည်ငြိမ်မှုမရှိခဲ့ရင် သင်ကိုယ်တိုင်လည်းအဲ့ရောဂါကိုပိုရနိုင်တဲ့အခြေအနေရှိပါတယ်။ တစ်ချို့လူတွေငယ်ဘဝမှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကဘာလဲ။ စိတ်ကျရောဂါဆိုသည်မှာ ကလေးဘဝ၏ပျော်ရွှင်မှုကို ပျက်စီးစေသော ဆိုးရွားသည့် စိတ်ရောဂါတစ်မျိုးဖြစ်သည်။ ကလေးတစ်ယောက်အတွက် ရံဖန်ရံခါ ဝမ်းနည်းခြင်း စိတ်ညစ်ခြင်းတို့သည် ပုံမှန်ဖြစ်သည်။ ထိုခံစားမှုများကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်သေဆုံးခြင်း၊ နေရာသစ်သို့ပြောင်းရွှေ့နေထိုင်ရခြင်းတို့တွင်တွေ့နိုင်သည်။ သို့သော် ထိုသို့လနှင့်ချီ၍ ဖြစ်နေပါက စိတ်ကျရောဂါ၏ လက္ခဏာဖြစ်နိုင်သည်။ အရွယ်ရောက်ပြီးသူများသာ စိတ်ကျရောဂါဖြစ်နိုင်သည်ဟု ယခင်ကထင်ခဲ့ကြသည်။ ယခုမူ ကလေးငယ်များတွင်ပင် ကုသရန်လိုအပ်သော စိတ်ကျရောဂါရှိနိုင်ကြောင်း သိရှိလာပြီဖြစ်သည်။ Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကလေး၁၀ဝတွင်၂ယောက်၊ ဆယ်ကျော်သက်၁၀ဝတွင်၈ယောက်တို့သည် ဆီုးရွားသော စိတ်ကျရောဂါနှင့် ရင်ဆိုင်နေရသည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။   လက္ခဏာများDepression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖွံ့ဖြိုးမှုအဆင့်အလိုက် စိတ်ကျရောဂါ၏ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ဘယ်သူမဆိုစိတ်ဓါတ်ကျလာလျှင် မျှော်လင့်ချက်မဲ့ခြင်း၊အကူအညီမဲ့ခြင်းတို့ကို မလွဲမသွေခံစားလာရပါတယ်။ ဒါကြောင့် လူအများစုဟာနည်းလမ်းပေါင်းစုံနှင့် စိတ် ကျခြင်းကို ကုစားလာကြပါတယ်။ ဘယ်နည်းလမ်းကိုပဲအသုံပြုပါစေ ထိရောက်မှုရှိဖို့နဲ့ စိတ်ချမ်းသာဖို့ကအဓိကကျပါတယ်။ ဒီအကြောင်းအရာ၊သဘောတရားလေးတွေကိုမှတ်သားနာလည်နိုင်ပြီးလက်တွေ့မှာပြန်လည်အသုံးချနိုင်ပါတယ်။ တစ်နေ့တာကိုအစီအစဉ်စဆွဲပါ မိမိရဲ့တစ်နေ့တာကို ဘာမှမလုပ်လိုက်ရပဲ မကုန်ဆုန်းစေပါနဲ့။ ဒီနေ့တစ်နေ့တာအတွက်အစီအစဉ်လေးတွေကိုရေးဆွဲထားခြင်းဟာအချိန်ကုန်သက်သာစေပြီး တစ်နေ့တာပြီးဆုံးသွားတဲ့အခါမှာလည်း ပြီးမြောက်သွားတဲ့အလုပ်လေးတွေကိုပြန်ကြည့်ရင်း သင်ဟာစိတ်ကျေနပ်မှုရနေမှာပါ။ တက်ကြွနေပါစေ အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲမနေပါနှင့်။ ပျင်းရိခြင်းဟာ စိတ်ကိုပိုမိုထိုင်းမှိုင်းစေပါတယ်။ အခုပဲထပြီးကိုယ်လက်လှုပ်ရှားမှုစလုပ် ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓါတ်ကျခြင်းကိုအကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယချင်းတွေနှင့်ဆော့ကစားရုံ ၊အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။ ကျန်းမာစေသောအစာများကိုစားသုံးပေးခြင်း ကျန်းမာစေသောအစားအစာများဟာ သင်စိတ်ပျော်စေဖို့အတွက်များစွာ အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊အရက်၊အဆီအစိမ့်များ၊ရေရှည်ခံဆေးသုံးထားသောအစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့်ညီညွှတ်သောအဆီမပါအသား၊ငါး၊ဟင်းသီးဟင်းရွက်နှင့်သီးနှံများကိုပိုမိုစားသုံးသင့်ပါသည်။ ကစီ ဓါတ်နှင့်သကြားအလွန်အမင်းစားသုံးခြင်းကိုလည်းရှောင်ရှားသင့်ပါသည်။ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း စိတ်ကျရောဂါခံစားရသူများဟာ ညဘက်ကောင်းကောင်းအိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကိုပိုဆိုးစေတဲ့အချက်တစ်ချက်ပါပဲ။ ဒါကြောင့်အိပ်ချိန်မှန်အောင်လေ့ကျင့်ယူသင့်ပါတယ်။ အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေမည့်ကွန်ပျူတာ၊လက်တော့၊စမတ်ဖုန်းများကို ကုတင်ပေါ်ကဖယ်ရှားထားဖို့လည်းလိုအပ်ပါတယ်။ အဆိုးမြင်ဝါဒီများကိုဖယ်ရှားလိုက်ပါ စိတ်ကျရောဂါဟာသင့်ကိုသင်၊သင့်ပတ်ဝန်းကျင်၊သင့်အခြေအနေ၊သင်တွေ့ဆုံနေရတာတွေ၊သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကိုပိုမိုလုပ်ဆောင်ရင်း ကောင်းသောအမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။ ထိုသို့ပြောင်းလဲပေးသောသင်တန်းများရှိရင်လည်းတက်ရောက်သင့်ပါတယ်။ သင့်ကိုစိတ်ကျေနပ်မှုပေးနိုင်မယ့်အရာများကိုလုပ်ဆောင်ကြည့်ပါ ကျန်းမာတက်ကြွပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုကြိုးစားလျှောက်လှမ်းခြင်းဖြင့်စိတ်ကျရောဂါကိုအနိုင်ယူပါ။ စိတ်ဖိအားတွေလျော့ပါးသွားအောင်အနားယူခြင်း၊အားမွေးခြငးများကလည်းုသင်ယူပါ။ အားပေးနှစ်သိမ့်ဆွေးနွေးတိုင်ပင်ပါ မိမိနှင့်အတူရောဂါခံစားနေရသူများနှင့် အားပေးတိုင်ပင်ပါ။ မိသားစု သူငယ်ချင်းများနှင့်ရင်းရင်းနှီးနှီးနေပါ။ သူငယ်ချင်းသစ်များလည်းဖွဲ့ပါ။ ဒါတွေဟာ သင့်အတွက်အလိုအပ်ဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့စိတ်ကျရောဂါရဲ့ဖိအားမှလွတ်မြောက်အောင် နေ့စဉ်ကောင်းမွန်သောအလေ့အကျင့်များကိုပြုမူဆောင်ရွက်ပါ။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ

Bipolar disorder ကို စိတ်နှစ်ခွဖြစ်ခြင်း (စိတ်ကြွခြင်း၊ စိတ်ကျခြင်း) ရောဂါလို့ခေါ်ပြီး စိတ်ကြွခြင်းကနေ စိတ်ကျခြင်းအထိ စိတ်ပြောင်းလဲမှုဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါခံစားရသူအချို့ဟာ တခါတရံမှာ စိတ်လှုပ်ရှားခြင်း၊ စိတ်ကြွခြင်း၊ အားအင်ပြည့်ဝခြင်းတွေ ခံစားရနိုင်ပေမယ့် တခါတရံမှာတော့ စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ ခံစားရနိုင်ပါတယ်။ စိတ်ပြောင်းလဲမှုတွေဟာ ပြင်းထန်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်နိုင်ကာ ဆက်ဆံရေးတွေကို မထိန်းသိမ်းနိုင်ခြင်း၊ ကျောင်းမှာ လုပ်ဆောင်ရည်ကျဆင်းခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးသောက်ခြင်းနဲ့ ကုထုံးတွေနဲ့ ကုသခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဆေးဝါးများ ဆရာဝန်က စိတ်ငြိမ်ဆေး (သို့) အတက်ကျဆေး ပေးနိုင်ပါတယ်။ စိတ်ကျသက်သာဆေးတွေဟာ ရောဂါဖောက်ခြင်းကို သက်သာစေပါတယ်။ အချို့စိတ်ငြိမ်ဆေးတွေကတော့ lithium carbonate, antipsychotic ဆေးတွေနဲ့ အတက်ကျဆေးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ bipolar disorder အတွက် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားမှုပြောင်းလဲခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

အသည်းကင်ဆာ။ စိတ်ခံစားမှု ပြောင်းလဲခြင်းကို ဘယ်လို ထိန်းချုပ်မလဲ။ လူများသည် ဘဝတွင် စိတ်ဖိစီးမှု ကိစ္စများကို ကွဲပြားစွာ တုံ့ပြန်ကြသည်။ သင့်ကိုယ်သင် အလွန်ခက်ခဲသော အချိန် ကို ရင်ဆိုင်နေရသည်ဟုထင်ပြီး စိတ်ခံစားမှု အသစ်များ ရရန် လိုအပ်နေနိုင်သည်။ အချို့လူများသည် အသည်းကင်ဆာ ရောဂါအဖြေရှာမှုကို ကိုင်တွယ်နိုင်သည်။ အချို့မှာ သူတို့၏ ခံစားမှုများကို ထိန်းချုပ်ရန် ခက်ခဲကြသည်။ သင့် စိတ်ခံစားမှု ကို တိုးတက်စေသော နည်းလမ်းအချို့ကို အောက်တွင် ဖော် ပြထားပါသည်။ အမှန်တရားကို လက်ခံပါ။ သင့် စိတ်ခံစားမှုကို မြင့်စေသော အရေးပါသော အချက် တစ်ချက်မှာ ဆေးကုသမှုကို ကြောက်ရွံ့နေသော်လည်း အကောင်းမြင်ရန်ဖြစ်သည်။ လူအများစုသည် အကောင်းမြင် သည်ဆိုသည်မှာ ပျော်ရွှင်အောင်နေသည်ဟု ဆိုလိုသည်ဟု အထင်မှားနေသည်။ အမှန်မှာ ၎င်းသည် အသည်းကင်ဆာ ဖြစ်စဉ် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ

အမျိုးသားတွေဟာ ယေဘုယျအားဖြင့် တခြားသူတွေဆီက အကူအညီယူလေ့မရှိပါဖူး။ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ကိုယ်သူတို့ ကြံ့ခိုင်တယ်၊ ကိုယ့်အားကိုကိုးနိုင်တယ်၊ နာကျင်မှုတွေကို တင်းခံနိုင်တယ် ဒါမှမဟုတ် ဘယ်အခြေအနေတွေကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ယူဆထားလို့ပါပဲ။ ဒီလို အချက်တွေကြောင့် အမျိုးသားတွေအနေနဲ့ သူတို့မှာ ကျန်းမာရေးပြဿနာတခုခုဖြစ်နေရင် တော်ရုံနဲ့ သိလေ့မရှိပါဖူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ ပတ်သက်လို့ပေါ့။ အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ စိတ်ကျဝေဒနာဆိုတာဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ဆိုးရွားတဲ့ အခြေအနေတခုပါ။ သူ့ဖာသာ ပြန်လည်ကောင်းမွန်နိုင်တဲ့ အခြေအနေတခုလည်း မဟုတ်ပါဖူး။ ဥပမာ သင် လက်ကျိုးတာတို့၊ ခြေထောက်မှာ ဒဏ်ရာအကြီးအကျယ်ရတာမျိုးတို့ဆိုရင် ဆေးမကုဘဲ ပြန်မကောင်းပါဖူး။ စိတ်ကျဝေဒနာဟာလည်း ထိုနည်း၎င်းပဲ ဖြစ်ပါတယ်။ ဟုတ်ပြီ ဒါဖြင့် စိတ်ကျဝေဒနာဆိုတာ ဘယ်လို အခြေအနေမျိုးလည်း။ ခဏတဖြုတ် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားမှု ပြင်းထန်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများ

၁။ Borderline personality disorder ဆိုတာ ဘာလဲ။ Borderline personality disorder ဟာ ပြင်းထန်တဲ့ ခံစားမှုများ၊ စိတ်၊ အပြုအမူတွေ ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူနာတွေဟာ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိကြပါတယ်။ တခါတရံ သူတို့ကို မတည်ငြိမ်တဲ့ ဆက်ဆံမှုတွေ ဖြစ်စေတဲ့ အပြုအမူတွေ ရှိနိုင်ပါတယ်။ ဒီစိတ်ကျန်းမာရေးအခြေအနေဟာ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ကာစ အချိန်တွေမှာ အဖြစ်များပါတယ်။ ၂။ Borderline personality disorder ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ Borderline personality disorder ရဲ့ လက္ခဏာတွေဟာ အခြားစိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ကွဲပြားမှုမရှိတာကြောင့် ခွဲခြမ်းရခက်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် Borderline personality disorder ကို အောက်ဖေါ်ပြပါ လက္ခဏာတွေကြောင့် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျခြင်းဆိုတာဘာလဲ

စိတ်ဓါတ်ကျခြင်းဆိုတာ ဘာလဲ စိတ်ဓါတ်ကျခြင်းဆိုတာကို စိတ်ကျရောဂါလို့လည်း ခေါ်ပါတယ်။ စိတ်ထဲမှာ အမြဲလိုလို ဝမ်းနည်း ပူဆွေးနေပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တွေးခေါ်ပြုမူပုံတွေအပေါ် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိပါတယ်။ ဝမ်းနည်းမှုဟာ အချိန်ကြာလာပြီး လုပ်ငန်းခွင်ကို ထိခိုက်လာရင် မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိလာရင်၊ သေကြောင်းကြံစည်လိုတဲ့ အတွေးများဝင်လာရင် စိတ်ဓါတ်ကျခြင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓါတ်ကျခြင်းဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ အဖြစ်များတဲ့ ပြသနာဖြစ်ပါတယ်။ သုတေသနတွေအရ လူအားလုံးရဲ့ ၈၀ %ခန့်ရဲ့ ဘဝတလျှောက်မှာ တချိန်ချိန်တော့ ဒီပြသနာကို ဘယ်အသက်အရွယ်မဆို ကြုံဖူးတယ်လို့ ဆိုပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ တယောက်နဲ့တယောက် ကွဲပြားနိုင်ပါတယ်။ စိတ်ဓါတ်ကျနေသူခြင်းတူတူ တချို့က […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်