- Phychoeducation – ဒီကုထုံးဟာ ဒီရောဂါဖြစ်စေတဲ့ အကြောင်းရင်း၊ လက္ခဏာ၊ ကာကွယ်မှုတွေနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ပြောပြနိုင်ပါတယ်။ ဒီနည်းအားဖြင့် ရောဂါဖောက်ခြင်းနဲ့ သတိပေးလက္ခဏာတွေ အကြောင်း ကြိုသိနိုင်ပြီး ရောဂါဖြစ်တဲ့ အကြိမ်ရေကို လျှော့ချနိုင်ပါတယ်။
- Cognitive behavioural therapy (CBT) ဟာ လူနာရဲ့ တွေးခေါ်ပုံနဲ့ အပြုအမူတွေကို ပြောင်းလဲခြင်းအားဖြင့် ပြဿနာဖြေရှင်းခြင်း ဖြစ်ပါတယ်။ ဒီကုထုံးမှာ သင့်ပြဿနာတွေကို များပြားတဲ့ အစိတ်အပိုင်းတွေအဖြစ် ခွဲခြားလိုက်ပြီး ကျွမ်းကျင်သူနဲ့ စကားပြောဆိုခြင်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူက ဒီအချက်အလက်တွေကို စိတ်ဖြာဖို့ ကူညီပေးပြီး ဒီကုသမှုရဲ့ ကျွမ်းကျင်မှုတွေကို နေ့စဉ်ဘဝမှာ အသုံးချဖို့ သင်ကြားပေးနိုင်ပါတယ်။
- မိသားစု ကုထုံး – ဒီကုသမှုကတော့ မိသားစု ဆက်နွယ်မှုကို အဓိကထားပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေဖို့အတွက် မိသားစု ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်အားပေးခြင်း ဖြစ်ပါတယ်။ မိသားစုဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေအတွက် အကောင်းဆုံးကုသမှု ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
လူမှုဘဝနေထိုင်ပုံတွေကို ပြောင်းလဲခြင်း
နေ့စဉ်ဘဝနေထိုင်ပုံတွေဟာ စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးရော၊ ဆိုးကျိုးပါ ရှိနိုင်ပါတယ်။ ကျန်းမာတဲ့နည်းတွေကိုပြောင်းလဲခြင်းဟာ ဒီရောဂါကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဒါကြောင့် လုံလောက်စွာ အိပ်စက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားခြင်း၊ လေ့ကျင့်ခန်းဖြစ်တဲ့ ယောဂပုံမှန် လေ့ကျင့်ခြင်းတွေ လုပ်သင့်ပါတယ်။ ဆေး၊ စီးကရက်၊ အရက် သုံးစွဲခြင်းတွေ လုပ်သင့်ပါတယ်။ သင်ဟာ ဆေးလိပ်၊ အရက်သောက်သူဆိုရင် ဖြတ်သင့်ပါတယ်။
ဒီအရာတွေဟာ ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကိုပါ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု ထိန်းချုပ်သင့်ပြီး အနားယူဖို့ အစီအစဉ်လုပ်သင့်ပါတယ်။
ပျော်ရွှင်အောင်နေခြင်းဟာ စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို သင့်အအခြေအနေကို ထောက်ပံ့ပေးဖို့ တောင်းဆိုသင့်ပြီး အချို့လှုပ်ရှားမှုတွေမှာ အတူပါဝင်စေသင့်ပါတယ်။ ဆရာဝန်နဲ့ မကြာခဏပြသခြင်းဟာလည်း ဒီရောဂါကို ထိန်းချုပ်ဖို့အတွက် အကျိုးရှိနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။