backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ)


Dr. Sandy Kyaw မှ ရေးသားသည်။ · 20/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကဘာလဲ။

Borderline Personality Disorder ဆိုတာ ပြင်းထန်တဲ့စိတ်ရောဂါ အခြေနေတစ်ခုဖြစ်ပြီးသွင်ပြင်လက္ခဏာအနေနဲ့ စိတ်ဂနာမငြိမ်ခြင်းမျိုး၊မငြိမ်မသက်သောစိတ်အခြေအနေနဲ့ အပြုအမူတွေကိုတွေ့ရတတ်တယ်။ ဒီလိုလူနာတွေကများသောအားဖြင့်သူတို့စိတ်ခံစားချက်တွေ အတွေးတွေနဲ့ ပြသနာဖြစ်နေတတ်ပြီး ပြ ုမူပုံတွေကအစ အထိန်းအကွပ်မရှိဖြစ်တတ်လို့လူမှုရေးပြသနာတွေဖြစ်လာရတဲ့အထိရှိလာနိုင်ပါတယ်။

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီစိတ်ရောဂါအခြေအနေဟာ များသောအားဖြင့် အပျိုဖော်လူပျိုဖော်ဝင်စအရွယ် ကြီးကောင်ဝင်ချိန်တွေမှာဖြစ်လေ့ရှိပါတယ်။

အကြောင်းရင်းများ

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

BPDကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းဆိုပြီးကောက်ချက်ဆွဲနိုင်တဲ့ဟာမျိုး မရှိသေးပါဘူး။ သို့သော်လည်းမျိုးရိုးဗီဇနဲ့ဆိုင်တဲ့အခြေအနေတွေ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အခြေအနေတွေကနေ အဓိကအခြေခံပြီးဖြစ်လာတယ်လို့ ယုံကြည်ထားကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့BPDဟာမျိုးရိုးဗီဇတွေ အမွေဆက်ခံတာတွေ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်နေစိတ်ထားတွေ ဟာရောဂါနဲ့ဆက်နွယ်နေတယ်လို့ သဘောတူယူဆထားကြပါတယ်။ တစ်ချို့လူတွေမှာဦးနှောက်ထဲမှာတည်ဆောက်ပုံဟာသူများနဲ့မတူတာတွေ လုပ်ဆောင်ပုံမတူတာတွေကနေလည်းဒီလိုရောဂါဖြစ်စေပြီးအဲ့ဒါကိုgeneticကြောင့်ဖြစ်တယ်လို့ သက်သေပြုနိုင်ပါတယ်။ အပေါင်းအသင်းတွေရယ် ယဉ်ကျေးမှုဆိုင်ရာအချက်တွေ ပါဝင်ပေါင်းစုံပြီးတော့လည်း BPDကိုဖြစ်စေဖို့ပိုအားပေးတတ်ပါတယ်။ဥပမာအားဖြင့် သင်သာ BPD တို့ ဒါမှမဟုတ် တစ်ခြားစိတ်ရောဂါဖြစ်တဲ့လူတို့အနားနေနေရပါက ပတ်ဝန်းကျင်ကတည်ငြိမ်မှုမရှိခဲ့ရင် သင်ကိုယ်တိုင်လည်းအဲ့ရောဂါကိုပိုရနိုင်တဲ့အခြေအနေရှိပါတယ်။ တစ်ချို့လူတွေငယ်ဘဝမှာ အနိုင်ကျင့်နှိပ်စက်ခံရတာမျိုးတွေ အကြမ်းဖက်တာမျိုးတွေခံခဲ့ရရင်လည်း BPD ဖြစ်စေဖို့ပိုများစေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Borderline Personality Disorderရဲ့ အန္တရာယ်ရှိတဲ့အချက်တွေကဘာတွေလဲ

BPDကများသောအားဖြင့် လူပျိုအပျိုဖော်ဝင်စအရွယ်တွေ လူကြီးဖြစ်စအရွယ်တွေမှာစဖြစ်တတ်တယ်ဆိုတာပြပါတယ်ဘာလို့လဲဆိုတော့အဲ့လိုအချိန်မှာ သူတို့တွေမှာဘဝအချိုးအကွေ့တစ်ခုကိုကူးပြောင်းချိန် လူ့အဖွ့ဲ့အစည်းနဲ့ပိုပြီ်းထိတွေ့လာ ွ့ရချိန်မို့ဖြစ်ပါတယ်။ တစ်ချို့သောစစ်တမ်းကောက်သူတွေပြောတာကတော့ အိမ်တွင်းမှာမိသားစုမှာပျော်စရာမကောင်းရင် အကြမ်းဖက်ခံရရင် နှိပ်စက်ညှင်းပန်းခံရတာတွေ ငယ်ဘဝမှာရှိခဲ့ပါက ဒီရောဂါရဲ့အစောပိုင်းမှာတွေ့ရတဲ့လက္ခဏာတွေကိုတွေ့နိုင်တယ်လို့ညွှန်ပြထားပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ဆရာဝန်က သင့်ကိုသင် ိုဖြစ်နေတဲ့ရောဂါလက္ခဏာတွေသင့်မိသားစုရဲ့နောက်ကြောင်းတွေ သင့်ရဲ့ကိုယ်ရေးကိုယ်တာတွေ စိတ်ရောဂါတွေရဲ့ လက္ခဏာတွေကိုမေးမြန်းပါလိမ့်မယ်။ ဒီရောဂါဟာမကြာခဏရောဂါနာမည် မတပ်နိုင်တာမျိုးဖြစ်တတ်လို့ ဆရာဝန်တွေကအဓိကအားဖြင့်သင့်အခြေအနေကိုသင့်ရဲ့နောက်ကြောင်းတွေ ရောဂါလက္ခဏာတွေကိုမေးမြန်းခြင်းနဲ့အဖြေထုတ်ပါလိမ့်မယ်။ ပြောရရင်တော့ ဒီBPDဟာတစ်ခြားစိတ်ရောဂါအခြေအနေတွေနဲ့ခွဲခြားရခက်ပါတယ် ဥပမာအားဖြင့်စိတ်ကျရောဂါလိုမျိုး လူတွေနဲ့ပေါင်းသင်းနေထိုင်လိုခြင်းမရှိတဲ့စိတ်ရောဂါလိုမျိုးတွေနဲ့ခွဲရခက်တတ်ပါတယ်။ သို့သော်လည်းBPDဟာတစ်ခြားရောဂါတွေနဲ့တွဲပြီး ဖြစ်တတ်ပါတယ် အဲ့တာတွေကတော့သွေးတိုးခြင်း၊ကာလကြာခါးနာခြင်း၊အဆစ်အမြစ်ရောင်ခြင်း၊ကြွက်သားရောင်ခြင်းတို့ဖြစ်ပါတယ်။ တစ်ခါတစ်လေ BPD ရောဂါနဲ့တစ်ခြားစိတ်ရောဂါဆေးတွေသောက်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့အဝလွန်တာကိုတွေ့ရပါတယ်။

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

BPDကိုစိတ်ရောဂါကုထုံးရယ် သောက်ဆေးတွေရယ်နဲ့ကုသလို့ရပါတယ်။ များသောအားဖြင့် BPDကိုကုသရာမှာ ဆရာဝန်ဘက်ကရောလူနာဘက်ကပါ စိတ်ရောကိုယ်ပါ နှစ်ပြီးသေချာကုသဖို့လိုအပ်ပါတယ်။ တစ်ချိ ု့လေ့လာချက်တွေအရက်တော့ စိတ်ရောဂါကုထုံးနည်းက BPDကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေရယ် ခံရမှုတွေရယ်ကို သက်သာစေတယ်လို့တွေ့ရပါတယ်။ အဖြစ်

များတဲ့ BPD နဲ့ သူတို့ကိုကုသတဲ့နည်းတွေကတော့

-Cognitive behavioral therapy (CBT)က စိတ်အပြောင်းအလဲဖြစ်ခြင်းနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးခြင်းကို ကူညီပေးပြီး လူနာတွေအချင်းချင်း ပြောဆိုဆက်သွယ်စေခြင်းနဲ့ လူနာတွေခံစားရမှုတွေ သူတို့တန်ဖိုးတွေ သူတို့ပြသနာဖြေရှင်းတာတွေကို ကူညီပေးနိုင်ပါတယ်။

-Dialectical behavior therapy (DBT) နည်းလမ်းကတော့ သူတို့ရဲ့ လက်ရှိအခြေအနေကို သတိထားခြင်းနှင့် အထူးဂရုပြ ုဆောင်ရွက်ရခြင်းတို့ကို အာရုံစိုက်စေပြီး သူတို့စိတ်ခံစားချက် ပြ ုမူဆောင်ရွက်ပုံနဲ့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေအောင် ကူညီပေးပါတယ်။

-schema-focused therapy ဒီနည်းလမ်းကတော့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲ ဆိုတာရယ် လူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်တယ် တုံ့ပြန်တယ်ဆိုတာတွေရယ် စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းသိမ်းနိုင်အောင်လုပ်ကြတယ်ဆိုတာတွေကို အာရုံစိုက်စေပါတယ်။

စိတ်ရောဂါကုထုံးနဲ့ ကုသလို့မရတဲ့ အခြေအနေတွေမှာတော့

ဆေးပေးကုသခြင်းကို အသုံးပြ ုရပါတယ်။ ဆေးသောက်ခြင်းနဲ့ တစ်ချို့သောလက္ခဏာတွေဖြစ်တဲ့ စိုးရိမ်ပူပန်ကြောင့်ကြခြင်း စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ရိုင်းဝင်ခြင်းတို့ကို သက်သာစေပါတယ်။ သို့သော်လည်း ဆေးသောက်ခြင်းက တစ်ချို့သော ဘေးထွက်ဆိုးကျုိးတွေကိုဖြစ်စေတာမို့ ဆေးမသောက်ခင် အသုံးမပြ ုခင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 20/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement