ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်မထပ်ခင် အတူနေခြင်း မလုပ်ခင် ဒါတွေသိထားသင့်ပါတယ်။

ဒီဆောင်းပါးမှာ လက်မထပ်ခင် အတူနေခြင်း က လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ မှန်တယ် မှားတယ်ဆိုတာထက် မနေခင်မှာ ဘာတွေကို စဉ်းစားရမလဲ။ ဘာတွေကို ကြိုပြီး မျှော်လင့်ထားရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ။ လူငယ်များအကြား ခေတ်စားလာတဲ့ လပ်မထပ်ခင် အတူနေခြင်း အရင်တုန်းကတော့ လက်မထပ်ခင် လိင်ဆက်ဆံတာ၊ အတူနေတာတွေက အနောက်နိုင်ငံတွေမှာပဲ ခေတ်စားတာပါ။ ခုတော့ မြန်မာနိုင်ငံမှာပါ ခေတ်စားလာပါပြီ။ လက်မထပ်ခင် အတူနေခြင်းဆိုတာမှာ Living together လို့ခေါ်တဲ့ တစ်အိမ်တည်းမှာ အတူနေတာလည်း ရှိသလို လိင်မှုကိစ္စပဲသက်သက် အတူနေတာလည်း ရှိပါတယ်။ ဒီမှာတော့ ပတ်ဝန်းကျင် အမြင်ကို ကြည့်နေရတာကြောင့် သမီးရည်းစားတွေကြားမှာ လိင်မှုကိစ္စအရ အတူတူနေတာပဲ များမှာပါ။ တစ်နေရာမှာချိန်း၊ အတူနေ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။ ဒါကို အရင်တုန်းကတော့ ဘာသာရေးတွေ၊ ထုံးတမ်းစဉ်လာတွေအရ ရှက်စရာကိစ္စတစ်ခုလို့ မြင်ကြပေမယ့် ခုခေတ်မှာတော့ အမြင်ပြောင်းလာပါတယ်။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး  (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ Relationship​တွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။ ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။ ဆက်ဆံရေးတိုင်းက ပျော်ရွှင်စရာ မကောင်းပါဘူး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆက်ဆံရေးတိုင်းမှာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ..... နှလုံးသားကလာတဲ့စကားတွေက နှလုံးသားဆီရောက်တယ်လို့ ရာဘင်ဒြာနာ့သ် တဂိုးက ပြောဖူးပါတယ်။ ဆိုလိုချင်တာက ရင်ထဲအသဲထဲကနေ နက်နက်ရှိုင်းရှိုင်းထုတ်ပြောလာတဲ့ ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို နားဝင်စေနိုင်တယ် စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးပိုင်းမှာပေါ့။ ရိုးသားတဲ့လူတွေဟာ ကျန်းမာကြတယ်လို့ပြောရင် လူအတော်များများက ဆိုင်ပါ့မလားလို့ တွေးမိကြမယ်ထင်ပါတယ်။ တကယ်တော့ ရိုးသားခြင်းဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပေးစွမ်းနိုင်ပါတယ်။ တကယ်ပါ။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ ရိုးသားတဲ့လူတွေဟာ လိမ်ညာတတ်တဲ့လူတွေထက်ပိုပြီး ကျန်းမာကြပါတယ်တဲ့။ ရိုးသားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်းဆက်ဆံရေးမှာတင် တန်ဖိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဟန်မဆောင်ပဲ ရင်ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောဆိုတတ်သူတွေဟာ စိတ်ကျန်းမာကြပါတယ်။ စိတ်ကျန်းမာတဲ့အခါ ရုပ်ခန္ဓာကြီးလည်း အကျိုးရှိလာပါတယ်။ ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ဆိုတော့ အဓိကအားဖြင့် ရိုးသားတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး ၃ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

လူတိုင်းနီးပါး Relationship တစ်ခု ကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။ ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက် လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationshipတစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာတွေကို သိထားမယ်။ ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကိုလည်း သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ Relationshipက ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationshipဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။ တစ်ယောက်နဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အထက်လူကြီးအနေနဲ့ သင့်လက်အောက်ငယ်သားတွေကို ဘယ်လိုစောင့်ရှောက်ပေးမလဲ။

လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ ဒီနေရာမှာ တစ်နေ့ ၈နာရီထက်မနည်း နေရတာကိုး။ ဒီလိုဆို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကိုယ့်ရဲ့ ဒုတိယမိသားစုပါပဲ။ တစ်နေ့ တစ်နေ့ သူတို့နဲ့ အတူရှိနေရတဲ့ အချိန်က နည်းမှ မနည်းတာ။ ဒါကြောင့် သူတို့ကို မိသားစုလို သဘောထားပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ အလုပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းကိုပဲ ရှေးရှုရတာ မဟုတ်ပါဘူး။ ဒီအလုပ်ကို တိုးတက်အောင် လုပ်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီကိုပါ တန်ဖိုးထားတတ်ရတာပါ။ ဒါမှ သင့်ကို သူများက လေးစားမှာပါ။ ခုလို ကိုဗစ်ကာလဆို ပိုဆိုးပါတယ်။ စိတ်ရော ရုပ်ရော ပင်ပန်းနေတဲ့အချိန်မို့လို့ ပိုပြီးတောင် ဂရုစိုက်ပေးသင့်ပါတယ်။ လက်အောက်ငယ်သားတွေကို ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ။ လစာ ဟုတ်ပါတယ်။ ဒါအရေးကြီးဆုံးပါပဲ။ လုပ်အားနဲ့ လိုက်ဖက်တဲ့ လစာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်က လှပကျန်းမာစေတယ်

အချစ် နဲ့ တွေ့ရင် မြင်သမျှ တွေ့သမျှတင် လှနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မှာလည်း အလှတိုး လာပါတယ်နော်။ အချစ်က သင့်ကို လှပစေတဲ့ ကုထုံး တစ်ခုဆိုရင် ထူးဆန်း နေမလား.................. အချစ်က သင့်ကို အလှတိုးစေတဲ့ အရာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခြင်းမျိုး ဖြစ်ဖို့တော့ လိုမှာပေါ့။ လူတစ်ယောက်ကို ချစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်က အချစ်ခံရတဲ့ အခါမျိုးမှာဖြစ်ဖြစ် အသားအရေတွေက ပြောင်းလဲလာပြီး အလှတွေလည်း တိုးလာပါတယ်။ စွဲစွဲမြဲမြဲ ချစ်တတ်ခြင်းရဲ့ ကောင်းကျိုးလို့ပဲ ဆိုရမလား။ အချစ်က လှပကျန်းမာစေတယ် လူတစ်ယောက်ကို စွဲစွဲမြဲမြဲ ချစ်တဲ့အခါ အခုလို အလှအပဆိုင်ရာ ပြောင်းလဲမှုလေးတွေ ဖြစ်လာနိုင်ပါသတဲ့။ စိတ်ဖိစီးမှု ကင်းစေတယ် ချစ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ အကြောင်းကတော့ ချစ်ခြင်းအားဖြင့် တစ်ဦး နဲ့ တစ်ဦး ဂရုစိုက် ကြင်နာမှုတွေက အချစ်ဟော်မုန်းလို့ခေါ်တဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ် ...... ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ တချို့က ပျော်ပျော်နေတတ်ကြသလို တချို့ကျပြန်တော့လည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ မပျော်ချင်တဲ့သူတော့ ရှိမယ်မထင်ပါဘူး။ ပိုမိုပျော်ရွှင်ရဖို့အတွက် အကျင့်ကောင်းတွေ မွေးမြူ ကြည့်ရအောင်။ လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ် နေ့ရက်တိုင်းမှာ ပျော်ရွှင်စေဖို့ဆိုရင် (၁)      ပြုံးပါ။ ပျော်ရွှင်တဲ့အခါ ပြုံးရယ်တတ်တာအကျင့်ပါ။ ပြောင်းပြန်အနေနဲ့ ပြုံးတဲ့အခါ ဦးနှောက်ကနေ ဒိုပါမင်းဆိုတဲ့ ဟော်မုန်းထွက်ပြီး ပိုမိုပျော်ရွှင်စေပါတယ်။ အတုအယောင် အပြုံးမျိုးကို မဆိုလိုပါ။ မနက် မိုးလင်းတဲ့အခါ မိမိကိုယ်ကို မှန်ကြည့်ပြီး ပြုံးပါ။ နေ့စဉ် လူနေမှုဘဝမှာလည်း ပြုံးပြုံးရွှင်ရွှင်နေပါ။ (၂)      လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လမ်းလျှောက်တာမျိုး၊ ယောဂသင်တန်း တက်တာမျိုးနဲ့ အကြောလျှော့တာမျိုးတွေ ပြုလုပ်ပေးပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်ပေးပါ။ ဒါဆိုရင် စိတ်ကျခြင်းတွေ ကင်းဝေးပြီး မိမိကိုယ်ကို တန်ဖိုးထား […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင်ဒါလေးတွေလုပ်ကြမယ်

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ glands လေးတွေကနေ ဟော်မုန်း အမျိုးမျိုးကို နေ့စဉ်နဲ့အမျှ ထုတ်နေကြပါတယ်။ အဲဒီဟော်မုန်းလေးတွေက သွေးကြောလေးတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီဟော်မုန်း အမျိုးမျိုးထဲက Happy Hormone လို့ခေါ်နိုင်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းလေးတွေ အကြောင်းနဲ့ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ စိတ်ခံစားချက်ကို ကောင်းမွန်စေသော ဟော်မုန်း လေးများ ၁။ Dopamine Dopamine လို့ခေါ်တဲ့ ဟော်မုန်းလေးကလည်း feel good hormone လို့ တင်စားရလောက်အောင် စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်ပါတယ်။ ၂။ Serotonin Serotonin က သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းစေနိုင်ရုံသာမက သင့်ရဲ့ တစ်နေ့တာ အတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ ဆိုတာက FA တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အိမ်ထောင်ပြုတာ၊ ရင်သွေးရတနာ ရယူတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်တဲ့။ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေခဲ့ကြတာ ကြာမြင့်နေပါပြီ။ ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲ၊ စိတ်ချမ်းသာဖို့ ဘာတွေ လိုအပ်မလဲပေါ့။ ခုချိန်မှာလည်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီအချက်ကို စနစ်တကျ လေ့လာမှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူပေါင်း တစ်သောင်းခွဲလောက်ကို ၁၄ နှစ်ကြာအောင် စောင့်ကြည့် သုတေသနပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ နေပျော်စေဖို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေဖို့ဆိုရင် မိသားစုဘဝရှိဖို့၊ အိမ်ထောင်သားမွေးမှုပြုဖို့လိုအပ်တယ်လို့ အဆိုပါသုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။ အဆိုပါ ဆစ်ဒနီမြို့အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ အဆိုတွေအရဆိုရင်တော့ ဘဝနေထိုင်မှုပုံစံတွေ၊ မိသားစု ရှိခြင်း မရှိခြင်းတွေဟာ လူသားတစ်ယောက်ရဲ့ ရေရှည် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ

သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ ...... အချစ်ရေးနဲ့ ပတ်သက်ပြီး လူငယ်တချို့ လာမေးထားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးကို ရေးဖို့ အကြံရလိုက်တာပါ။ ၂၁ ရာစုမှာ ကျွန်တော် မြင်ရသလောက် အချစ်ရေး တော်တော်များများ မခိုင်မြဲကြသလို သိပ်ပြီး ပူလောင်ကြပါတယ်။ တစ်ခါတလေ ဘာပြဿနာမှလည်း မရှိဘဲနဲ့ ၂ယောက်တည်း တကျက်ကျက်နဲ့ စကားတွေများရတာ၊ ရန်ဖြစ်ရတာ၊ ပြတ်ရတာနဲ့ စိတ်မကောင်းစရာပါ။ ဒီတော့ ကျွန်တော်က အေးချမ်းသာယာတဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်လို အမူအကျင့်တွေ တွေ့ရတတ်လဲဆိုတာကို ခုဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ဒီအချက်တွေကို ကြည့်ရင်းနဲ့ လူငယ်တွေလည်း ကိုယ် ဘယ်နေရာက မှားနေလဲ၊ ကိုယ်နဲ့ ကိုယ့်ချစ်သူ ဆက်ဆံရေးက အေးချမ်းနေလား၊ ပူလောင်နေလားဆိုတာ သုံးသပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သာယာပျော်ရွှင်တဲ့ ချစ်ခြင်းမေတ္တာဆိုသည်မှာ ချစ်ခြင်းမေတ္တာမှာ ပူလောင်ခြင်း၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း