စိုးရိမ်ပူပန်မှု ဆိုတာ လူတိုင်းမှာ ရှိကြတာပါပဲ။ ဒါရေရှည် သိမ်းမထားသင့်တဲ့အရာဆိုတာလည်း အားလုံးသိကြပါတယ်။ ဒါပေမယ့် မနေနိုင်ဘဲ စိတ်ကတွေးနေမိပြီး ပိုပိုစိုးရိမ်မိတဲ့အခါကျတော့ ကိုယ့်ကျန်းမာရေးပဲ ထိခိုက်ရပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
စိုးရိမ်ပူပန်မှု ဆိုတာ လူတိုင်းမှာ ရှိကြတာပါပဲ။ ဒါရေရှည် သိမ်းမထားသင့်တဲ့အရာဆိုတာလည်း အားလုံးသိကြပါတယ်။ ဒါပေမယ့် မနေနိုင်ဘဲ စိတ်ကတွေးနေမိပြီး ပိုပိုစိုးရိမ်မိတဲ့အခါကျတော့ ကိုယ့်ကျန်းမာရေးပဲ ထိခိုက်ရပါတယ်။
အများစုထင်ကြတာက စိုးရိမ်ပူပန်မှုကြောင့် စိတ်ကျန်းမာရေးလောက်ပဲ ထိခိုက်နိုင်ပါတယ်ပေါ့။ လက်တွေ့လေ့လာကြည့်တဲ့အခါကျတော့ စိုးရိမ်ပူပန်မှုကြောင့် စိတ်တင်ထိခိုက်တာ မဟုတ်ပါဘူးတဲ့။ ကိုယ်ကျန်းမာရေးရော၊ ကိုယ့်ရဲ့ အပြုအမူပိုင်းဆိုင်ရာမှာပါ ပြောင်းလဲထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
စိုးရိမ်ပူပန်မှုဆိုတာ လျှော့တွက်လို့ရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးက စိတ်ဖိစီးမှုက စတာပါ။ စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ရှိဖို့လည်း လိုပါတယ်။ ဒါ natural reactionပါ။ သဘာဝပါ။ တွန်းအားဆိုတာရှိမှ အလုပ်လုပ်ကြတာကိုး။
ဒါပေမယ့် ဒါက တော်ရုံပဲ ကောင်းပါတယ်။ လိုအပ်တာထက် ပိုလာရင် တစ်နည်းအားဖြင့် တုံ့ပြန်နိုင်တာထက် ပိုလာရင် နောက်ဆုံးထိခိုက်မှာက ကိုယ်ပါပဲ။ ဥပမာ ပြောရရင် လူအများရှေ့ စကားပြောရမှာ ကြောက်တဲ့သူကို စင်ပေါ်တက်စကားပြောခိုင်းတာက stress စိတ်ဖိစီးမှုပါပဲ။ ဒါကို သူ့ခန္ဓာကိုယ်က နှလုံးခုန်တွေမြန်၊ ခြေတွေ လက်တွေ အေးစက်ပြီး တုံ့ပြန်ပါတယ်။ ဒီလောက်ဆို ပြဿနာ မရှိပါဘူး။
လင်ခန်း မယားခန်း ပြတ်ဆဲတာ၊ မုန်တိုင်း၊ ငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံရတဲ့အခါ ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုကျ သိပ်ကို ပြင်းထန်လွန်းပါတယ်။ စိတ်ဓာတ်တွေကျပြီး သတ်သေချင်စိတ်ပေါက်တဲ့သူရှိမယ်။ အအိပ်ပျက်၊ အစားပျက်ပြီး ကျန်းမာရေး ထိခိုက်သူ ရှိမယ်။
ခန္ဓာကိုယ်က ကောတီစောဟော်မုန်းတွေ ထွက်လာလို့ သွေးတွေတက်၊ ဆီးချိုတွေတက်တဲ့သူတွေ ရှိမယ် စသဖြင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါထက်ပိုဆိုးတာက နာတာရှည် စိတ်ဖိစီးတာပါ။ ရက်နဲ့ ချီပြီး ကိုယ့်ပုံမှန်လုပ်နေကျ အလုပ်တွေပါ မလုပ်နိုင်တော့ဘူးဆိုရင် အခြေအနေဆိုးလာပါပြီ။ စိုးရိမ်ပူပန်မှုတွေက ကိုယ်ထဲမှာ အောင်းပြီး တစတစဝါးမျိုုတော့မှာပါ။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုရော၊ ဆေးပညာရှင်တွေရဲ့ အကူအညီကိုပါ ယူပြီး နာလန်ထူနိုင်အောင် ကြိုးစားရပါတော့မယ်။ မဟုတ်ရင် တဖြည်းဖြည်း လုံးပါးပါးသွားနိုင်ပါတယ်။
စိုးရိမ်ပူပန်မှုတွေက သင့်ကျန်းမာရေးတင် မကပါဘူး။ သင့်ရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်တွေကိုပါ ပြောင်းလဲစေပါတယ်။ ဒါ့ပြင် ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတာကြောင့် နဂိုရှိပြီးသား ရောဂါအခံတွေပါ ပိုဆိုးလာနိုင်ပါတယ်။
စိုးရိမ်ပူပန်မှုတွေကြောင့် ခန္ဓာကိုယ်မှာ ဘာတွေ ခံစားရနိုင်သလဲ။
စိုးရိမ်ပူပန်မှုကြောင့် စိတ်ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ။
စိုးရိမ်ပူပန်မှုတွေကြောင့် သင့်အပြုအမူတွေမှာ ဘာတွေ ပြောင်းလဲသွားသလဲ။
ဒါ့ပြင် ရောဂါအခံရှိတဲ့သူတွေမှာဆို တိကျတဲ့ အကြောင်းရင်းမရှိဘဲ ရောဂါထိန်းချုပ်ရခက်နေမယ်။ ဥပမာ သွေးတွေ တက်တာမျိုး၊ ဆီးချိုတွေ များနေတာမျိုး။
တချို့က ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်တွေ များနေတယ်။ စိတ်ဖိစီးနေတယ်ဆိုတာကို မသိကြဘူး။ အပေါ်က လက္ခဏာတွေ ခံစားနေရရင်တောင် ဒါဟာ ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့်လို့ပဲ မြင်ကြပါတယ်။ ဒါကြောင့် ဆေးတွေ ဝယ်သောက်၊ ဆေးခန်းတွေပြလည်း ခဏပဲခံတာပါ။ သူတို့ရဲ့ ရောဂါက စိတ်ထဲမှာ ဖြစ်နေတာပါ။
ဒါကြောင့် ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် ကိုယ့်စိတ်ကိုယ် ဆန်းစစ်ပါ။ စိုးရိမ်နေတယ်၊ စိတ်ဖိစီးနေတယ်လို့ ခံစားရရင် ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။