ကပ်ဘေးကြောင့် ကိုယ့်ရဲ့ နေထိုင်မှုဘဝက ရုတ်တရက်ဆိုသလို ဟန်ချက်ပျက်သွားနိုင်ပါတယ်။ ဒါပုံမှန်ပါပဲ။ တစ်နေ့ကို ဖြည်းဖြည်းချင်းစီ ကိုယ့်ရဲ့ ပုံမှန်ဘဝထဲကို ပြန်လာပါ။ ကပ်ဘေးကနေလည်း ဂရုစိုက်ပါ။
ကပ်ဘေးကာလဆိုတော့ ပျော်စရာတွေက ရှာမှ ရှားပါပဲ။ အတင်းကြီး ပျော်အောင် လုပ်ဖို့ မဟုတ်ပေမယ့် တစ်နေ့မှာ ကိုယ့်ရဲ့ စိတ်ကို သက်သောင့်သက်သာဖြစ်စေမယ့် အလုပ်တစ်ခုခု လုပ်ပါ။ ဥပမာ ပန်းပင်ရေလောင်းတာ ဖြစ်ဖြစ်ပေါ့။
ကပ်ဘေးနဲ့ ကြုံလာတိုင်း အနာဂတ်ပျောက်တတ်တာ သဘာဝပါ။ ဒီချိန်မှာ ကိုယ့်ခေါင်းထဲကို ဝင်လာတာတွေကလည်း မကောင်းတဲ့အတွေးတွေ၊ စိတ်ဓာတ်ကျစေတဲ့ အတွေးတွေပဲ များပါတယ်။ ဒါပေမယ့် လက်မလျှော့ပါနဲ့။ ကပ်ဘေးကာလမှာ မတူညီတဲ့ ရှုထောင့်က တွေးပြီး အကောင်းမြင်နိုင်အောင် ကြိုးစားပါ။
- စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပါ။
ကပ်ဘေးနဲ့ ကြုံလာရင် လူတိုင်းက စိတ်ဖိစီးတတ်ကြပါတယ်။ စိတ်ဖိစီးမှုနဲ့အတူ နောက်ကနေ စိတ်ရှုပ်တာ၊ ဒေါသဖြစ်လွယ်တာတွေ ပါလာတတ်ပါတယ်။ လူတိုင်းက ပေါက်ခါနီး ဗုံးလို ဖြစ်နေတော့ နည်းနည်းလောက် ပြောမိဆိုမိတာနဲ့ ပြင်းပြင်းထန်ထန် ဒေါသတကြီး တုံ့ပြန်တတ်ပါတယ်။ ကပ်ဘေးကာလမှာ ချုပ်တည်းရတာများတဲ့အတွက် ဒေါသနဲ့ ဖောက်ထွက်မိတဲ့သဘောပါ။
ဒီလိုမဖြစ်အောင် တစ်နေ့တာ ကုန်ဆုံးလို့ အိပ်ခါနီးပြီဆိုရင် ဝင်လေထွက်လေလေးရှူပြီး စိတ်တွေ လျှော့ချပါ။ လုပ်ငန်းခွင်မှာလည်း ဖိအားတွေ များလာပြီလို့ ခံစားရရင် လုပ်နေတာကို ခဏနားပြီး စိတ်ပြေလက်ပျောက် အာရုံလွှဲလိုက်ပါ။

ကပ်ဘေးကာလမှာ ကျန်းမာရေးတင် ထိခိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးတွေ၊ လူမှုရေးတွေပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို ထိခိုက်တာတွေ များလေလေ၊ ပိုပြီး စိတ်ညစ်လေလေပါ။ ဒါကြောင့် ရှိတဲ့သူက မရှိတဲ့သူကို မျှဝေပါ။ ငွေရေးကြေးရေး၊ စိတ်ခွန်အား စသဖြင့် ကိုယ်တတ်နိုင်တာကို မျှဝေထောက်ပံ့ပါ။
စိတ်ရှည်သည်းခံတာကလည်း ကပ်ဘေးကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံး လက်နက်ပါပဲ။ တစ်ရက် နှစ်ရက် မဟုတ်တဲ့အခါကျတော့ ရေရှည်မှာ ဒါကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ စိတ်စွမ်းအင်လိုပါတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ ကပ်ဘေးကာလက နေ့တိုင်းကြုံနေရမှာပါ။
- လက်ရှိအချိန်ကို တန်ဖိုးထားပါ။
နောက်ဘာဖြစ်မလဲတွေ၊ ဘာလဲတွေ သိပ်မတွေးပါနဲ့။ လက်ရှိအချိန်မှာ ကောင်းအောင်နေပါ။ အကောင်းဆုံးကြိုးစားပါ။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။ အချိန်တိုင်းမှာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ရှာလုပ်ပါ။
ကျန်းမာရေး ကောင်းမှ ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်လုပ်နိုင်မှာပါ။ စိတ်ပဲပါပြီး ကိုယ်နောက်က လိုက်မလုပ်နိုင်ရင် အလကားပါပဲ။ ဒါကြောင့် နေ့တိုင်း အချိန်မှန် အစာစားပါ။ အိပ်ချိန်တန်အိပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ စိတ်ထိခိုက်မခံပါနဲ့။
Takeaways
ကပ်ဘေးကာလမှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။ စိတ်ညစ်မခံပါနဲ့။ ကိုယ်ကျန်းမာအောင် နေပါ။ မပျော်သင့်တိုင် စိတ်ဖိအားတွေ မများဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။