backup og meta

ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia)

    ခေါင်းစဉ်ကြည့်ပြီး ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia) ဆိုလို့ ထူးဆန်းသွားလား….. ခွေးက လူသားတွေအတွက် သစ္စာအရှိဆုံး မိတ်ဆွေပါ။ ဒါပေမယ့် ခွေးတွေကို လူတိုင်းက ချစ်တာ မဟုတ်သလို ခွေးကို မကြောက်တဲ့ သူတွေချည်းပဲ မဟုတ်ပါဘူး။

    လူတိုင်းမှာ စိတ်ထဲက စိုးကြောက်တဲ့အရာ တစ်ခုထက်မနည်း ရှိပါတယ်။ ခွေးကြောက်တာကတော့ အဖြစ်သိပ်မများတဲ့ စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှု တစ်ရပ်ပါ။ ပင့်ကူကို ကြောက်တာ မြွေကိုကြောက်တာတွေကတော့ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှုတွေပါ။

    ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia)

    အခုဒီစာကို ဖတ်နေတဲ့ စာဖတ်ပရိသတ်ကြီးမှာရော ခွေးကြောက်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေရှိပါသလား…… ပင့်ကူကို ကြောက်တာက အမွေးတွေ ထူလို့ ခြေလက်တွေက ၈ ချောင်းတောင်ပါလို့ စသဖြင့်ရှိနိုင်သလို မြွေကိုက အဆိပ်ရှိလို့ ကြောက်တာမျိုးလို့ တွေးလို့လွယ်ပါတယ်။

    ဒါပေမယ့် ခွေးကတော့ လူသားတွေနဲ့ အရင်းနှီးဆုံးတွေ ဖြစ်ပါရက် ဘာလို့ ခွေးကို ကြောက်ရတာလဲလို့ ခွေးချစ်တတ်သူတွေက တွေးမိနိုင်ပါတယ်။ တကယ်ကတော့ ကမ္ဘာပေါ်မှာ ခွေးကြောက်တတ်တဲ့ စိတ်ရောဂါကို ခံစားနေရသူ သန်းနဲ့ချီပြီး ရှိပါတယ်။

    သူတို့မှာ ခွေးကို ကြောက်ရတဲ့ အကြောင်းရင်းခံ အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ငယ်ငယ်တုန်းက ခွေးလိုက်ဆွဲခံရဖူးတာ၊ သူတို့ ချစ်ခင်ရသူ တစ်ဦးဦးက သူတို့ မျက်စိရှေ့မှာ ခွေးကိုက်ခံရဖူးတာ၊ သူတို့ကိုယ်တိုင် ခွေးကိုက်ခံရဖူးတာတွေကြောင့် ခွေးကိုမြင်ရင် အလိုလို ကြောက်စိတ် ဝင်လာပြီး ခွေးကြောက်တဲ့ စိတ်ရောဂါကို ခံစားလာရတာပါ။

    ခွေးကြောက်တဲ့ စိတ်ရောဂါ(Cynophobia)ရဲ့ လက္ခဏာများ

    ခွေးကြောက်တဲ့ စိတ်ရောဂါ ခံစားရတယ်ဆိုတိုင်း ခံစားရတဲ့ လက္ခဏာချင်းကတော့ မတူနိုင်ပါဘူး။ အချို့မှာဆိုရင် ခွေးလို့ တွေးမိလိုက်တိုင်း၊ ခွေးအနားကို သွားရတော့မယ်လို့ တွေးမိလိုက်တိုင်း လက္ခဏာတွေ စပေါ်လာတတ်ပါတယ်။ အချို့မှာတော့ ထိတွေ့မိတဲ့ အချိန်မှပဲ လက္ခဏာက စပေါ်လာတာပါ။

    များသောအာဖြင့်ကတော့ ခွေးကို မြင်လိုက်တဲ့ အချိန်မှာ စိုးရိမ်တာတွေ၊ စိတ်ပူတာတွေ စဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ ခွေးကို ရှောင်ဖို့ စကြိုးစားပါတယ်။ များသောအားဖြင့် ခံစားရနိုင်တဲ့ လက္ခဏာတွေက

    ခွေးကြောက်တတ်တဲ့ စိတ်ရောဂါက ငယ်စဉ် ကလေးဘဝကတည်းက စတင်ခံစားရတာများပါတယ်။ ခွေးနဲ့ပတ်သက်ပြီး စိတ်မချမ်းသာစရာ အခြေအနေတွေ ရင်ဆိုင်ခဲ့ရတာမျိုးပါ။

    ခွေးကိုက်ခံရမှ ခွေးကြောက်တတ်တာ မဟုတ်ပါဘူး။ ခွေးလိုက်ခံရတာ၊ ခွေးရဲ့ ဟိန်းဟောက်မှုကို ခံရရင်လည်း ခွေးကြောက်နိုင်ပါတယ်။ ခွေးကိုက်ခံရဖူးရင်တော့ ပိုဖြစ်နိုင်ခြေ များတာပေါ့။ အရင်းနှီးဆုံး မိသားစုဝင်ကို ခွေးကိုက်ခံရဖူးတာကြောင့်လည်း ခွေးကြောက်တာကို ခံစားရနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ရပ်ကတော့ ရုပ်သံတွေမှာ ပြတဲ့ ခွေးရဲ့ ထိတ်လန့်ဖွယ်ရာ အပြုအမူတွေကြောင့်လည်း ခွေးကြောက်တဲ့ စိတ်ရောဂါကို ခံစားရနိုင်ပါတယ်။

    ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia) အတွက် ကုထုံး

    ခွေးကြောက်တတ်တဲ့ စိတ်ရောဂါအတွက် အထိရောက်ဆုံး ကုထုံးကတော့ Cognitive behavioral therapy (CBT) ပါ။ ခွေးကြောက်တတ်တဲ့သူကို ချစ်စရာကောင်းတဲ့ ခွေးပုံလေးတွေ ပြပြီး ကြောက်စိတ်နည်းလာအောင် လုပ်ပေးတဲ့ ကုထုံးပါ။

    ကြောက်နေတဲ့ အရာနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရင်း ကြောက်စိတ် လျော့လာအောင် လုပ်ပေးတာပါ။ ဒီလို ပုံရိပ်လေးတွေပြရာကနေ တဆင့်တက်ပြီး အရုပ်လေးတွေကို ပြပေးတာမျိုးပါ။ ဒီလိုကနေမှ ခွေးပိစိလေးတွေနဲ့ ထိတွေ့စေပြီး ခွေးကြောက်တဲ့ စိတ်ကို တဖြည်းဖြည်းချင်း ဖျောက်ပေးတာပါ။

    အချိန်ယူရတဲ့ ကုထုံး တစ်ရပ်ပါ။ ဒါကလည်း ခွေးကို ကြောက်တတ်တဲ့ အတိုင်းအတာ ကွာခြားမှုနဲ့ လက္ခဏာ ပြင်းထန်မှုတွေ အပေါ်မှာ မူတည်ပါတယ်။

    ခွေးကြောက်တတ်တဲ့ စိတ်အခြေအနေကို ဘယ်လို ကျော်လွှားမလဲ

    ခွေးကြောက်တတ်တဲ့ စိတ်အခြေအနေကို ကျော်လွှားဖို့ဆိုရင် စိတ်ချရပြီး အပြုအမူကောင်းတဲ့ ခွေးနဲ့ အနီးကပ် ထိတွေ့နေထိုင်စေတာမျိုးကနေ စပြီး လုပ်ဆောင်ပေးလို့ ရပါတယ်။ ခွေးလေးတွေနဲ့ အနီးကပ် နေထိုင်တာမျိုးပါ။ တစ်ချိန်လုံး မဟုတ်ဘဲ အချိန်အပိုင်းအခြားတစ်ခု လုပ်ပြီး ခွေးလေးတွေနဲ့ အနီးကပ်နေထိုင်တာမျိုးပါ။

    နောက်တစ်နည်းကတော့ ခွေးလေးတွေ အကြောင်း စာအုပ်ဖတ်တာမျိုးပါ။ ခွေးက အမြဲကိုက်တတ်တာမျိုး မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာ ကိုက်တတ်တယ်။ ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို လိုက်ရှာဖတ်တာမျိုးပေါ့။ ခွေးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို အဆင်ပြေအောင် နေရမလဲဆိုတဲ့ အကြောင်းအရာတွေကို ဖတ်ရှုပါ။

    နောက်ဆုံး တစ်နည်းကတော့ အကူအညီ ရယူပါ။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုကို ရယူပါ။ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပါ။ ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မေးမြန်း လုပ်ဆောင်တာတွေ လုပ်ဆောင်ပေးပါ။

    ကဲ…….. ခွေးကြောက်တတ်တဲ့ ပြဿနာကို အကောင်းဆုံး ကျော်လွှားကြဦးစို့လား…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement