အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူတိုင်းမှာ စိုးရိမ်ရတာတွေ၊ ကြောက်ရွံ့တဲ့အရာတွေ ရှိနေမှာပါ။ သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ ရှိတာကိုရော သိရဲ့လား။ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကုသကြမလဲဆိုတာကို ခုပဲဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ

တနင်္လာနေ့ရောက်မှာကို တနင်္ဂနွေ ညတည်းက ကြိုကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် တနင်္လာနေ့ဆိုတာ ရုံးပြန်တက်ရတော့မယ့်နေ့၊ ကျောင်းပြန်တက်ရတော့မယ့်နေ့ ဖြစ်သလို နောက်ထပ် ပိတ်ရက်ရောက်ဖို့ ၅ရက်ကြီးတောင် လိုသေးတယ်မလား။ စနေ တနင်္ဂနွေဆိုတာလည်း ဘာမှမနားလိုက်ရသလိုပါပဲလာ။ ဒီလို တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ကို ဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲ။ တနင်္လာနေ့ ရောက်ခါနီးရင် ဒီလို ခံစားရနေပြီလား တနင်္လာနေ့ ရောက်မှာ ကြောက်နေတာကို Monday bluesလို့ ခေါ်ကြပါတယ်။ ဒီပြဿနာက စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများတဲ့ရောဂါ၊ နေသားမကျတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေ တူနေတတ်ပါတယ်။ တနင်္ဂနွေညလောက်တည်းက သင့်မှာ ဝမ်းနည်းလာသလိုလို နုံးပြီး အားမရှိလာသလိုလို စိတ်တိုစိတ်ဆတ်လာတာ နောက်အပတ်ကို ဘယ်လိုများ ကျော်ဖြတ်ရပါလိမ့်လို့ စိုးရိမ်လာတာ နေသာထိုင်သာမရှိတာ စားချင်သောက်ချင်စိတ်တွေ ပြောင်းလာတာ အိပ်မပျော်တာ ကိုယ်လက်ကိုက်တာ […]

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

ဖြစ်ဖူးလား။ ရေမြောင်းလေးတစ်ခုကိုခြေလှမ်းကျော်လိုက်ဖို့ တွန့်ဆုတ်နေတာမျိုး။ တွေ့ဖူးလား။ တချို့တွေ ဖားမြင်ရင်သေမလောက်ကြောက်လန့်ရပြီး သတိလစ်တဲ့အထိဖြစ်တာမျိုး။ ဒါတွေက အပိုဟန်လုပ်ပြီး အဖြစ်သည်းနေတာတွေမဟုတ်ကြပါဘူး။ သူတို့ဖြစ်နေတာက Phobia ( တစ်စုံတစ်ခုကို အကြောင်းရင်းမဲ့ကြောက်စိတ်ဝင်ခြင်း)။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိကြောက်ရွံ့တတ်တဲ့စိတ်ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိပါရဲ့။ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ ဘာမဆိုကြောက်နေတာတော့မဟုတ်ပါဘူး။ တကယ်တမ်း ဘာအန္တရာယ်မှမရှိဘဲလည်း အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုတည်းကိုပဲ အမြဲကြောက်နေတာမျိုးပါ။ ဥပမာ - တိရစ္ဆာန်တွေကိုကြောက်စိတ်ဝင်ခြင်း -ခွေးကြောက်တာ ၊ပိုးဟပ်ကြောက်တာ၊ ကြွက် သို့မဟုတ် ဖား ကိုမြင်ရင်သွေးပျက်အောင်ကြောက်တာ၊ စတာတွေဖြစ်ပါတယ်။ ပင့်ကူကြောက်တာ (Arachnophobia )၊မြွေကြောက်တာ (Ophidiophobia )၊ လျှပ်စီးလက်ရင်၊ မိုးခြိမ်းရင်ကြောက်တာ (Astraphobia )တွေလည်း ပါဝင်ပါတယ်။ ခွေးကြောက်တာ (Cynophobia) ဆိုရင် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်စိတ်တွေကို ကျော်လွှားပြီး ရေကူးသင်ကြမယ်

ခုဆို ပိတ်ရက်တွေကလည်းများ ခရီးသွားမယ်ဆိုရင်လည်း သူငယ်ချင်းတွေက ကမ်းခြေသွားမယ်ဆိုရင် ကိုယ်က အဖွဲ့ထဲက ရေကူးရမှာကြောက်တဲ့သူ၊ ရေမကူးတတ်တဲ့သူဖြစ်နေတယ်ဆိုရင် ပင်လယ်ပြင်ကိုသွားတဲ့ခရီးတွေမှာဆို ပင်လယ်ပျော်တွေကြားထဲမှာ ကိုယ်ကမျက်နှာငယ်ရမှာပါ။ သူများတွေက ရေငုပ်တယ်၊ ရေအောက်အလှတွေကိုလည်း ခံစားတယ်၊ ပင်လယ်ပြင်ထဲမှာ ရေကူးတယ်၊ ကိုယ်ကတော့ ရေအနက်ကိုကြောက်ပြီး ရေတိမ်မှာပဲနေတယ် ဓာတ်ပုံရိုက်ရုံလောက်နဲ့ဆိုရင်တော့ ကမ်းခြေခရီးဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဒီဆောင်ပါးလေးမှာတော့ ရေကိုအရမ်းကြောက်တတ်တဲ့သူတွေအတွက်မဟုတ်ဘဲ ရေကူးသင်ရမှာ၊ ရေနက်ထဲ ရေကူးရမှာကြောက်တဲ့သူတွေအတွက် အဲ့ဒီစိတ်တွေကို ဘယ်လိုကျော်လွှားမယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ အတွေးမလွန်ပါနဲ့။ ရေကူးရမှာကြောက်တတ်တဲ့သူအများစုက အတွေးတွေလွန်နေကြလို့ပါ။ ရေထဲမဆင်းခင် ခေါင်းထဲမှာ ဘာမှမတွေးပါနဲ့။ အရင်ဆုံး ကိုယ်ကြိုက်တဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ အချိုးကျကျ လိုက်ဖက်မယ့် ရေကူးအင်္ကျီကို ဝယ်ဝတ်ပါ။ ကိုယ့်ကိုယ်ကို လှလှပပနဲ့ ယုံကြည်မှုရှိနေရင် တခြားကြောက်စိတ်တွေနဲ့ အတွေးလွန်တာတွေကို လျော့စေပါတယ်။ ၂။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးပါစေ။ ရေကူးသင်တော့မယ်ဆိုရင် ကိုယ်ကူးမယ့်ရေကန်ကို ရင်းနှီးအောင်လုပ်ပါ။ ကားမောင်းစသင်တဲ့ချိန်မှာ ကိုယ်မောင်းမယ့်လမ်းကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်

စိတ်ပူပန်မှုကင်းတဲ့ လူရယ်လို့မရှိပါဘူး။ လူတိုင်းက ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင်ကိစ္စရပ်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုက အမြဲလိုလို ရှိနေတတတ်ပါတယ်။ ဒီစိတ်ပူပန်မှုတွေက မွေးထားရင် ပိုများလာပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီစိတ်ပူပန်မှုတွေကို အနိုင်ယူနိုင်စေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဘာဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်နော်။ စိတ်ပူပန်မှုတွေကို ကျော်လွှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု စိတ်ပူပန်မှုကို ကျော်လွှားနိုင်စေမယ့်အကြောင်းမပြောခင် အရင်ဆုံး စိတ်ပူပန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေအကြောင်းအရင်ဆုံး ပြောပြပေးပါရစေ။ ဘယ်အရာကများသင့်ကို စိတ်ပူပန်မှုဖြစ်နေစေတယ်ထင်လဲ။ သင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတစ်ခုပေါ့။ဒါကတော့ ခဏလောက်ပဲဆိုပြီး စာဖတ်နေမိတာ၊ အလုပ်တွေကို လက်စသတ်နေတာနဲ့ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကို အရေးပေးလုပ်ရင်း နောက်ဆုတ်လိုက်မိတဲ့ အိပ်ရာဝင်ချိန်လေးပေါ့။ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာက သင့်ကို အခြားသူတွေထက် စိုးရိမ်ပူပန်မှုကို ၃၀ ရာခိုင်နှုန်းလောက် ပိုများစေနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်အရ သုတေသီတွေ အကြံပြုလိုက်တာက […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောက်တရားတွေကို အနိုင်ပိုင်းကြမယ်

ကြောက်တတ်တယ်ဆိုတာ တကယ်တော့ ကလေးဘဝကတည်းက လူတိုင်းကြုံဖူးကြတဲ့အရာဖြစ်ပေမယ့် တချို့သူတွေကတော့ သာမန်ထက်ကိုပိုတဲ့အကြောက်တရားတွေကို နေ့စဉ်ရင်ဆိုင်နေကြရတာပါ။ ဒါတွေကို ဘယ်လိုကောင်းကောင်းမွန်မွန်ကျော်ဖြတ်မလဲ၊ နေ့စဉ်ဘဝထဲမှာ ယှဉ်တွဲနေနေတဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူသင့်သလဲဆိုတဲ့ နည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (၁) ခဏလေးဖြစ်ဖြစ် အနားယူလိုက်ပါ တစ်ခုခုကို ကြောက်နေ၊ စိုးရိမ်နေတဲ့အချိန်မျိုးမှာ ဘာကိုမှရှင်းရှင်းလင်းလင်း စဉ်းစားနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သင်စိုးရိမ်နေတဲ့အရာကိုမတွေးဘဲ ဆယ့်ငါးမိနစ်လောက်နေဖို့ကြိုးစားကြည့်ပါ။ အနီးအနားကို လမ်းလျှောက်ထွက်တာ၊ လက်ဖက်ရည်တစ်ခွက်သောက်လိုက်တာ၊ ရေချိုးတာမျိုးတွေကို လုပ်ဆောင်ပြီး လတ်တလောအကြောက်တရားအကြောင်းကနေ ကိုယ့်ကိုယ်ကိုဆွဲထုတ်ကြည့်ပါ။ (၂) အကြောက်တရားကို တည့်ရင်ဆိုင်ပါ။ ကိုယ်ကြောက်တဲ့အရာတွေကို ဘယ်တော့မှ မတွေ့ရအောင် ရှောင်နေနိုင်တယ်ဆိုပေမယ့် အကြောက်တရားကိုအမြဲရှောင်ကြဉ်ခြင်းဟာ တခါတရံမှာလူတွေကို ပိုပြီးစိုးရိမ် လွန်ကဲ စေတတ်ပါတယ်။ ဘာကိုပဲသင်ကြောက်ကြောက်၊ တည့်ရင်ဆိုင်ကြည့်ပါ။ ရင်ဆိုင်နေတဲ့အချိန်မှာ ဝမ်းဗိုက်ပေါ်မှာ လက်ကိုထားပြီး အသက်ကိုဖြည်းဖြည်းမှန်မှန်ရှုကြည့်ပါ။ ဥပမာ ဓာတ်လှေကားစီးရတာကြောက်တဲ့သူမျိုးဆိုရင် ဓာတ်လှေကားပြန်စီးကြည့်တာမျိုးလုပ်ကြည့်ပါ။ စီးနေရင်းနဲ့ပဲ ဒါဟာ သင့်အတွေးထဲကလောက် လက်တွေ့မှာ ကြောက်စရာမကောင်းမှန်းသိလာပါလိမ့်မယ်။ (၃) […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။

သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ လူတွေကိုသေရမှာ ကြောက်လားလို့မေးရင် ကြောက်တယ်လို့ဖြေတဲ့သူကတချို့၊ မကြောက်ဘူးလို့ ဖြေတဲ့သူက နည်းနည်း၊ မသိဘူးလို့ဖြေမယ့်သူတွေလည်း ရှိမယ်ထင်ပါတယ်။ ကြောက်တယ်ဆိုတဲ့သူတွေက သေဆုံးခြင်းလို့ကြားလိုက်ရင် ကိုယ်က ဒီကမ္ဘာကြီးထဲက ထွက်သွားရမှာ၊ ကိုယ့်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်း ချစ်သူတွေကို ထားခဲ့ရမှာ စသဖြင့် ဒါတွေကို အများအားဖြင့် တွေးကြောက်တတ်ကြပါတယ်။ သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ ဆိုတော့ မေးတဲ့သူကရော မကြောက်ဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ လူတော်တော်များများက သေရမှာကို ကြောင့်ကြပါတယ်။ ဒီလိုကြောက်တတ်တာက ပုံမှန်ပဲလား။ ဒီကြောက်လန့်စိတ်ကြောင့် အိပ်ပျက်စားပျက်ဖြစ်နေပြီဆိုရင်ရော။ သေခြင်းတရားကို အလွန်အမင်း ကြောက်လန့်ခြင်း သို့မဟုတ် Thanatophobia Thanatophobia ရဲ့ Thanatos ဆိုတာ ဂရိဘာသာမှာ သေခြင်းတရားကို ခေါ်တာဖြစ်ပြီး Phobos ကတော့ ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ သေခြင်းတရားကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကြဲခင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။ စိုးရိမ်ပူပန်လွန်ကဲခြင်းရဲ့ ရောဂါလက္ခဏာများ ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ၁။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သင့်မှာရော ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်းတွေ ရှိနေပြီလား

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကဲခြင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။ စိုးရိမ်ပူပန်လွန်ကဲခြင်းရဲ့ ရောဂါလက္ခဏာများ ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ၁။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia)

ကိစ္စတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း ဖိုးဘီးယား (Phobia) စိတ်ဝေဒနာတွေထဲက မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia) ဆိုတာ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များတဲ့ ပုံမှန်မဟုတ် ကြောက်ရွံ့ခြင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိတ်မှာ အမျိုးသမီးရဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ယောက်ျားမာနကို ချိုးနှိမ်ခံရခြင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေစိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာက အမြစ်တွယ်ပြီး ကြီးလာတဲ့အခါ မိန်းမတွေနဲ့ ပတ်သက်လာရင် ကြောက်ရွံ့တဲ့ စိတ်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ ရွံရှာခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ကာ နေ့စဉ်ဘဝမှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ Gynophobia လို့ခေါ်တဲ့ မိန်းမကြောက် စိတ်ဝေဒနာဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia) […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ခွဲခြားဆက်ဆံခံရတဲ့အခါ ထိခိုက်လာတဲ့စိတ်ကျန်းမာရေး ပြဿနာမသေးပါ

အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်ဆိုတာ ကျောင်း၊ အလုပ်ခွင် စတဲ့နယ်ပယ်တွေမှာ အဖြစ်များတဲ့ကိစ္စပါ။ ကိုယ့်ဘက်က အသေးအဖွဲတစ်ခုလိုမြင်ခဲ့ပေမယ့် ခံစားရတဲ့သူမှာ ဘဝနဲ့ချီတဲ့ နစ်နာမှုတွေ၊ ထိခိုက်မှုတွေရှိနိုင်တယ်ဆိုတာ သိထားဖို့တော့လိုပါတယ်။ ဒါလေးနဲ့များ ဒီလောက်ဖြစ်ရသလား၊ ကိုယ့်အသက်ကိုယ်စီရင်တဲ့အထိ လုပ်ရသလား၊ ခံပေါ့ တဲ့လား။ ခွဲခြားဆက်ဆံခံရတာ၊ စိတ်အားဖြင့်(စကားလုံးတွေနဲ့) သို့မဟုတ် လူအားဖြင့် အနိုင်ကျင့်ဆက်ဆံခံရတာကြောင့်ဖြစ်လာတဲ့ စိတ်ပင်ပန်းမှု၊ နာကျင်ခံစားရမှု၊ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုတွေရယ် အထီးကျန်စိတ်ရယ် ဖိစီးနေရရှာမှာပါ။ ဒီလိုစိတ်ကျန်းမာရေးထိခိုက်မှုတွေကို အားပေးကူညီမှုနဲ့ ကုစားပေးဖို့ အချိန်တစ်ခုလိုပါတယ်။ ကုစားမှုမရှိဘဲ ဆက်လက်နိုင်စားနေတဲ့ ပတ်ဝန်းကျင်မှာ သည်းခံရင်း ကြာလာတဲ့အခါ မသိမသာနဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ ဒီလိုမျိုးတွေဖြစ်လာနိုင်ပါတယ် - အနိုင်ကျင့်ဆက်ဆံခံရတဲ့သူတွေမှာဖြစ်လာနိုင်တဲ့ စိုးရိမ်စိတ်ဝေဒနာများ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အမျိုးအစားအများကြီးရှိပေမယ့် စိတ်ကျရောဂါကလွဲရင် အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရ၊အနိုင်ကျင့်ခံရတဲ့သူတွေ ခံစားရလေ့ရှိတဲ့ အဓိကစိုးရိမ်စိတ်ရောဂါပြဿနာ (၄) မျိုးရှိပါတယ်။ (၁) စိုးရိမ်သောကလွန်ရောဂါ (Generalized anxiety disorder) ဒီစိတ်အခြေအနေဖြစ်လာသူတွေဟာ လုပ်နေကျနေ့စဉ်အလုပ်တွေကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အမှောင်ထဲမှာ နေရင်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ဖူးလား

လူတိုင်းမှာ အကြောက်တရားရှိသလို တစ်ယောက်နဲ့ တစ်ယောက် ကြောက်တဲ့ အရာချင်းလည်း မတူညီကြပါဘူး။ ဒီလို ပုံမှန်ထက် ပိုပြီး ေကြာက်ရွံ့တဲ့စိတ် ဖြစ်လာတာ၊ ဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ဘာမှမလုပ်ရဲ၊ မကိုင်ရဲ၊ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ထိခိုက်လာနိုင်တာ၊ ပြင်းပြင်းထန်ထန် ထိတ်လန့်မှုကြောင့် သတိမေ့သည်အထိ ဖြစ်လာတဲ့အခြေအနေကိုတော့ Phobia - စိုးရိမ်အကြောက်လွန် စိတ်ဝေဒနာ (ဖိုးဘီးယား) လို့ သတ်မှတ်လို့ ရပါတယ်။ ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။ အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့ထိတ်လန့်ပုံခြင်း မတူကြသလို ကြောက်တဲ့ အရာဝတ္ထုချင်းလည်း ထပ်တူကျချင်မှ ကျမှာပါ။ ဒါကြောင့် ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲဆိုတာကို အတိအကျပြောဖို့တော့ ခက်ပါတယ်။ ခုပြောပြပေးမယ့် အမှောင်ကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာကတော့ ကလေးတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာဖြစ်ပြီး ကြီးလာတဲ့အထိ မပျောက်ဘဲ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်