backup og meta

ဆေးစွဲအတွေးတွေ မတွေးမိစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးစွဲအတွေးတွေ မတွေးမိစေဖို့

    “ဒီညနေတော့ တစ်လိပ်ပဲသောက်လိုက်မယ်။ မနက်ဖန်ကျမှဆေးလိပ်ဖြတ်တော့မယ်” လို့ တော်တော်များများက ပြောတတ်ကြတယ်။ ဒါပေမယ့် လက္ခဏာမပြသေးသရွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့မသိကြပါဘူး။

    ဒီလိုမျိုးကို ရင်းနှီးသလိုဖြစ်နေသလားလို့ မေးစရာရှိပါ တယ်။ စီးကရက်တစ်လိပ်လောက်လေး သောက်နိုင် မယ့်အရေး သင့်ကိုယ်သင် နှစ်သိမ့်ဖို့ကြိုးစာတာမျိုး။ နီကိုတင်းစွဲလမ်းမှုကနေ ပြန်လည်ထူထောင်လာဖို့ ကြိုးစားချိန်မှာ ဖြစ်တတ်တဲ့ပုံမှန်ပြဿနာတစ်ခုပါ။ သင်ဝေခွဲရခက်နေချိန်မှာ သင့်အတွေးထဲမှာသန္နိဌာန် တစ်ခုချနိုင်စေမှာပါ။ ဒါပေမယ့် သင်က မနက်ဖြန် အတွက်တွေးမပူသလို နောက်ဘယ်တော့မှ ဆေးလိပ် မသောက်တော့ဖို့ကိုလည်း စိုးရိမ်မနေပါဘူး။

    ဆေးစွဲအတွေးဆိုတာဆေးလိပ်သောက်ခြင်းကို လက်ရှိအချိန်မှာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာကြံတွေးနေခြင်းဖြစ်ပါတယ်။ ဒါဟာ စွဲလမ်းမှုတစ်မျိုးပါ။ တစ်သက်လုံး ဆေးလိပ်သောက်မှာဖြစ်ပြီး ဘယ်တော့မှ ဆေးလိပ်မဖြတ်တော့ဘူးလို့ ခံစားမိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေရဲ့အရူးလုပ်မခံပါနဲ့။ မကောင်းတဲ့အတွေးတွေကို လျစ်လျူရှုပြီး ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ အောက်ပါအချက်တွေ ကတဆင့် ဆေးလိပ်ဖြတ်ခြင်းအတွက် ခိုင်မာတဲ့စိတ် ပိုင်းဖြတ်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

    အဲဒီနောက်မှာတော့ သင့်ရဲ့မှတ်ဉာဏ်ကို မီးစိမ်းပြထားသင့်ပါတယ်။ ဒီလိုစိတ်ခိုင်မာချင်ရင်တော့ ဆေးလိပ်ဖြတ်ရတဲ့အကြောင်းရင်းတွေကိုစာရင်းပြုစုပြီး ဒိုင်ယာရီမှာနေ့စဉ်ရေးချပါ။ ဒါမှ သင်ဘာ့ကြောင့် ဆေးလိပ်ဖြတ်ရသလဲဆိုတာ စိတ်ထဲအမြဲအမှတ်ရနေ စေပါလိမ့်မယ်။ သင်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲံပြီ လို့ဘယ်တော့မှမတွေးပါနဲ့။ လွယ်လွယ်လေးနဲ့ ပြန်သောက်၊ ပြန်ဖြတ် လုပ်လာနိုင်လို့ပါပဲ။ ဒါ့ကြောင့် အမြဲတမ်းတော့ ဒီနည်းနဲ့အလုပ်မဖြစ်နိုင်တာကြောင့် ဆေးလိပ်ပြန်ပြန်သောက်သူတွေဟာ ဒီအကျင့်ကို ဖျောက်နိုင်ဖို့ နှစ်နဲ့ချီပြီးကြိုးစားကြရလေ့ရှိပါတယ်။

    သင်တကယ်ပဲ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် အောက်ပါမေးခွန်းတွေကို ကျေးဇူးပြု၍ဖြေဆိုကြည့်ပါ-

    • ဘာကြောင့် ဆေးလိပ်ဖြတ်တာလဲ

    • ဆေးလိပ်သောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ

    • ဆေးလိပ်မသောက်တာ ဘယ်လောက်ကြာပြီလဲ

    • နီကိုတင်းစွဲလမ်းမှုက ကင်းလွတ်နိုင်ဖို့ အချိန်ဘယ်လောက်ယူသင့်တယ်ထင်ပါသလဲ

    • ဆေးလိပ်ပြန်သောက်မယ်ဆိုရင် ပြန်ဖြတ်ချင်စိတ်ရှိ ပါ့မလား

    • အဲလိုပြန်မဖြတ်ခင် ဘယ်လောက်ကြာနိုင်မလဲ၊ ဘယ်နှပတ်လဲ..ဘယ်နှလလဲ…ဘယ်နှနှစ်လဲ…၊ ရောဂါတွေဖြစ်လာတဲ့အချိန်မှလား..

    • နောက်တစ်ကြိမ်ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ပါ့မလား

    • ဆေးလိပ်ဖြတ်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရလာမယ်ထင်သလဲ

    ဆေးလိပ်မသောက်ခင်မှာ ဖြေရခက်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ ဒီမေးခွန်းတွေကပဲ သင့်ကျန်းမာရေးနဲ့ သင့်ရဲ့အမူအကျင့်ကြားမှာ ရွေးချယ်မှုတစ်ခု ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်က ပျော်ရွှင်တဲ့ဘဝ၊ကောင်းမွန်တဲ့ဘဝရရှိဖို့ တွေးထားတယ်ဆိုရင် ကိုယ့်ဘာသာကြိုးစားပြီး အရိုးသားဆုံးဖြေပေးသင့်ပါတယ်။ စာရွက်လွတ် တစ်ရွက်ကိုယူ ဒါမှမဟုတ် ဒိုင်ယာရီ စာအုပ်ကို ဖွင့်ပြီး မေးခွန်းတစ်ခုစီအတွက် တုံ့ပြန်မှုတွေကို ရေးချပါ။ ဆေးလိပ်ကင်းစင်တဲ့နေ့သစ်တိုင်းမှာ သင့်ဘဝရဲ့လွတ်လပ်မှုကို မွေးမြူထိန်းသိမ်းပါ။ ကိုယ့်ကြိုးစားမှုကို စိတ်ရှည်ရှည်ထားပါ၊အချိန်က စကားပြောလာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement