ဘာကြောင့် ခြေထောက်တွေလေးလံနေရတာလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခံစားဖူးကြမှာပါ။ ခြေထောက် တွေ လေးနေပြီး လှုပ်ရှားမှု တစ်ခုလုပ်ဖို့တောင် ပင်ပန်းနေတာမျိုး။ ခြေလှမ်းတိုင်းက မသွက်လက်ရင်တောင် လေးတော့မနေသင့်ဘူးလေ။ ဒီလိုမျိုး ခြေထောက် တွေ လေးနေရခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရာတွေ အများကြီးရှိပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ ။ ။

ဒီတိုင်း ယေဘုယျပြောရမယ်ဆိုရင်

ခြေထောက်တွေ လေးလံပြီးပင်ပန်းနေတယ်ဆိုတာ သူတစ်ခုတည်းရှိတတ်သလို အခြား လက္ခဏာတွေ ဖြစ်တဲ့ ကြွက်တက်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာတွေ နဲ့လည်း တွဲတတ်ပါတယ်။ သူတစ်ခုတည်းရှိရင် သိပ်စိုးရိမ်စရာ မရှိပေမယ့် အခြား လက္ခဏာတွေနဲ့ တွဲလာရင်တော့ ပေါ့ဆနေလို့ မရပါဘူး။ ။

ခြေထောက်တွေ လေးလံ ပင်ပန်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

၁ – လှုပ်ရှားမှု အရမ်းများသွားတာ။

ဒီ အချက်ကတော့သိသာပါတယ်။ ပုံမှန်ထက် ခြေထောက်ကို အရမ်းသုံးပြီး လှုပ်ရှားမှုလုပ်ထားတဲ့အခါ သင့်ခြေထောက်တွေ ပင်ပန်းပြီး လေးလံ နေမယ်ဆိုတာပါ။ ဒီလို အရမ်းလှုပ်ရှားထားလို့ ဖြစ်လာတဲ့ ခြေထောက်တွေ လေးလံနေတဲ့ပြဿနာဟာ အနားကောင်းကောင်းယူလိုက်ရင် သက်သာသွားတာများပါတယ်။ ဒါကို အနားမယူဘဲ ခြေထောက်ကို ဆက်ပြီး ခိုင်းနေဦးမယ်ဆိုရင် ဒဏ်ဖြစ်သွားပါလိမ့်မယ်။

၂ – အထိုင်များတာ ။

ဒါကတော့ အပေါ်ကနဲ့ ဆန့်ကျင်ဘက်ပါ။ ခြေထောက်ကို အသုံးများမှ ခြေထောက်တွေ ပင်ပန်းတာမဟုတ်ပါဘူး။ အထိုင်များတဲ့အခါမှာလည်း လှုပ်ရှားမှု မရှိလို့ ခြေထောက်တွေ လေးလံနေပြီး တစ်ခါတစ်ရံမှာ အားမရှိသလိုလည်း ဖြစ်နေတတ်ပါတယ်။ ဒါကို သက်သာချင်ရင်တော့ တစ်နာရီထိုင်ပြီးတိုင်း ၅ မိနစ်လောက် လှုပ်ရှားမှုလုပ်ပေးဖို့ ဖြစ်ပါတယ်။ အိပ်ရာထဲ အကြာကြီးလှဲနေရတဲ့သူတွေ ဆိုရင် ခြေထောက်အောက်မှာ ခေါင်းဦးလေးခံထားပြီး အနည်းငယ်မြင့်တဲ့ အနေအထားနဲ့ အိပ်ဖို့ပဲဖြစ်ပါတယ်။

၃ – ကြွက်တက်ခြင်း ။

ကြွက်တက်တဲ့ ခြေထောက်ကြောင့် သင်နေထိုင်ရတာ သက်တောင့်သက်တာ မရှိဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်ရတဲ့ အကြောင်းအရင်းပေါင်းများစွာရှိတဲ့အထဲကမှ အဖြစ်အများဆုံးကတော့ ခြေထောက်ကို အသုံးများတာ၊ကြောင့် ခြေထောက်တောင့်ပြီး ကြွက်တက်တာပဲ ဖြစ်ပါတယ်။ အနားယူလိုက်လို့မှ မသက်သာဘဲ ပိုဆိုးလာတဲ့အခါ ဆရာဝန်ဆီသွားပြဖို့လိုအပ်ပါတယ်။

၄ – သွေးတွင်း ပိုတက်ဆီယမ်ဓါတ်နည်းခြင်း ။ ။

သွေးတွင်း ပိုတက်ဆီယမ်ဓါတ်နည်းခြင်းရဲ့ လက္ခဏာတွေကတော့

  • မောပန်းပြီး အားမရှိသလိုဖြစ်နေတာ
  • ခြေထောက်ကြွက်တက်တာနဲ့
  • ဝမ်းချုပ်တာတို့ပဲ ဖြစ်ပါတယ်။

ပိုတက်ဆီယမ်ဓါတ်နည်းခြင်းကိုဖြစ်စေတဲ့ ရောဂါတွေ ၊ ဆေးတွေ အများကြီးရှိတဲ့ အတွက် ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာကို သိရဖို့ ဆရာဝန်ဆီမှာ သွားစစ်ကြည့်တာသာ အကောင်းဆုံးပါ။

၅ – ခြေထောက်သွေးကြောထုံးခြင်း ။ ။

မောပန်းတယ်၊ လေးလံတယ်၊ ကိုက်ခဲတဲ့ခြေထောက်တွေဖြစ်နေပြီဆိုရင်တော့ သင့်ခြေထောက်သွေးကြောတွေ ထုံးနေတာဖြစ်နိုင်ပါတယ်။ သွေးကြောထုံးတယ်ဆိုတာ ခရမ်းရောင်တွန့်လိမ်နေတဲ့ သွေးကြောတွေ ခြေထောက်ပေါ်မှာ အပြိုင်းပြိုင်းထနေတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သွေးကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ မလုံလို့ တစ်ခါညှစ်လိုက်တိုင်း သွေးတွေ နောက်ပြန်စီးပြန်အိုင်ကာ သွေးကြောတွေ ထုံးလာရခြင်းပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်ပေးမယ်၊ သွေးကြောထုံးတာကို သက်သာစေတဲ့ အသားကပ်ဘောင်းဘီတွေ ဝတ်ပေးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားမယ်ဆိုရင် သွေးကြောထုံးတာတွေ သက်သာစေမှာပါ။

၆ – သွေးလည်ပတ်မှု မကောင်းခြင်း ။

သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်ကနေ နှလုံးဆီကို သွေးတွေ ပေးပို့ဖို့ခက်ခဲသွားပြီး ခြေထောက်မှာ သွေးတွေ ပြန်အိုင်ပြီး ခြေထောက်လေးလံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ၊ ကြပ်ထုပ်တဲ့ အဝတ်အစားတွေ ကို ရှောင်ပါ။ ဒါတွေ လုပ်နေတာတောင် ခြေထောက်က မသက်သာဘူးဆိုရင် ဆရာဝန် ဆီသွားပြဖို့ လိုနေပါပြီ။ ။

၇ – ကိုယ်ဝန် ။ ။

ကိုယ်ဝန်ကြောင့် ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓါ အချိုးအစား၊ ဟော်မုန်းနဲ့ ခြေလက်ဖောရောင်လာခြင်းတွေ ကြောင့် ကိုယ်ဝန်သည်တွေရဲ့ ခြေလှမ်းတိုင်းက လေးလံနေတတ်ပါတယ်။ ဒါကိုသက်သာစေဖို့အတွက် ကိုယ်ဝန်သည်တွေ ဘယ်ဘက်ကို စောင်းအိပ်ပေးပါ။ ဒါမှ နှလုံးဆီကို သွေးပို့ပေးနေတဲ့ ခြေထောက်က သွေးကြောတွေ အပေါ် ဖိအားလွတ်သွားမှာ ဖြစ်ပါတယ်။ ဒါတောင် မသက်သာဘဲ ပိုဖောလာနေတယ်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်လို့ ဆရာဝန် ဆီ သွားပြစေချင်ပါတယ်။

၈ – Multiple sclerosis

ကြွက်သားတွေ အားနည်းတာ၊ ခြေထောက်တွေ လေးလံတာတွေက Multiple sclerosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပူတဲ့ရာသီဥတု စိုထိုင်းဆ များတဲ့ ရာသီဥတုမှာဆို ဒီ လက္ခဏာတွေ ပိုဆိုးတတ်ပါတယ်။ Multiple sclerosis ဆိုတာ ဦးနှောက်နဲ့ ကြွက်သားအကြားမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် Multiple sclerosis လို့ သင်သံသယ ရှိနေရင် ဆရာဝန်ဆီမှာ သွားစစ်ဆေးကြည်တာ အကောင်းဆုံးပါ။

ဒါတွေကတော့ ခြေလှမ်းတိုင်း လေးလံ နှေးကွေးခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ တစ်ချိန်လုံးထိုင်နေရင် မကောင်းသလို လှုပ်ရှားမှု လုပ်လွန်းရင်လည်း ခြေထောက်ကို ဒဏ်ဖြစ်စေတာကြောင့် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ လိုအပ်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အသားအရေက အလှတိုးစေသလို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

Waist Trainer တွေဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

Cardio ကစားကြမယ်။

cardio လုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ရာရောက်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိကစားပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read