ကင်ဆာကာကွယ်ဖို့အတွက် နေ့တိုင်းစားပေးသင့်တဲ့ အစားအစာအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရောဂါဆိုတာမျိုးက မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါ။ရောဂါကို ကာကွယ်ဖို့ အစားအသောက်တွေနဲ့ကာကွယ်လို့ရသလိုနေထိုင်မှုပုံစံပြောင်းလဲမှုကနေလည်း ကင်ဆာကို ကာကွယ်လို့ရပါတယ်။ ကင်ဆာကို ကာကွယ်မှုက အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ မဆိုသာပေမယ့် ကာကွယ်ထားတာကတော့ ပိုကောင်းမှာပါ။ ဒီတော့ ကင်ဆာကာကွယ်ဖို့ဘာတွေစားကြမလဲ ဆက်ကြည့်လိုက်ရအောင်လား……….

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချဖို့ ဘာတွေစားရမလဲ………………

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချဖို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာဒီအစားအစာတွေကို ထည့်စားပေးသင့်ပါတယ်။

ပန်းသီး

ပန်းသီးမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ ဒါ့အပြင် ပန်းသီးစားသုံးပေးမှုက နာကျင်ရောင်ရမ်းမှု၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မခံစားရအောင် ကာကွယ်ပေးနိုင်မှာပါ။ ပန်းသီးမှာပါတဲ့ polyphenolsဒြပ်ပေါင်းက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးပေးမှုက ရင်သားကင်ဆာကို အထိရောက်ဆုံးကာကွယ်ရာရောက်မှာပါ။

ဘယ်ရီသီး

ဘယ်ရီသီးမှာ ဗီတာမင်၊သတ္တုဓါတ်တွေနဲ့အမျှင်ဓါတ်တွေအပြင် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အစာရေမျိုကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီအပြင် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့မှာ ဗီတာမင် C၊ ဗီတာမင် K နဲ့ မဂ္ဂနိတို့ပါဝင်နေသလို ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့sulforaphane တို့ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ကင်ဆာကျိတ်တွေ ကြီးမလားအောင် ဟန့်တားပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါ့ကြောင့် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ ခံတွင်းကင်ဆာတို့ကို ကာကွယ်ဖို့ တစ်ပတ်ကို ၃ ကြိမ်လောက် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းနဲ့ကိုက်လန်တို့ကို စားပေးပါ။

မုန်လာဥနီ

ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ ဗီတာမင် K၊ ဗီတာမင် A နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီစားသုံပေးမှုက အစာအိမ်ကင်ဆဖြစ်နိုင်ခြေကို ၂၆ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

အဆီများတဲ့ ပင်လယ်ငါး

ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး ပင်လယ်ငါးတွေမှာ ဗီတာမင် B၊ ပိုတက်ဆီယမ် နဲ့ Omega-3 fatty acids တို့ပါဝင်နေပါတယ်။ အဆီများတဲ့ ပင်လယ်ငါးတွေ စားသုံးမှုက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၅၃ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်သလို ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ အခြားအခွံမာသီးတွေထက် ကင်ဆာကာကွယ်ပေးနိုင်စွမ်းပိုများနေပါတယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာကျိတွေကြီးထွားမလာအောင်လည်း အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ချင်သူတိုင်း စားပေးသင့်ပါတယ်။

ကုလားပဲလုံး

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတဲ့ ကုလားပဲလုံးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုကြောင့် ဝမ်းမှန်စေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာမဖြစ်အောင်လည် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ကြက်သွန်ဖြူက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်သလို ကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကျိတ်တွေပြန့်မလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ မပြန့်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာကာကွယ်ဖို့အတွက် ကြက်သွန်ဖြူကို စားပေးလို့ရပါတယ်။

ပြောင်းလဲလာတဲ့ လူနေမှုပုံစံကြောင့် အဖြစ်များလာတဲ့ ကင်ဆာအန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်ချင်တယ်ဆိုရ်ငတော့ ဒီအစားအစာလေးတွေကို သတိထားပြီးနေ့စဉ် စားသောက်မှုမှာ ပါဝင်အောင် စားသုံးစေချင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီအကြို ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

လေဒီလေးတွေ ရာသီမလာခင် ဝမ်းချုပ် ဟော်မုန်း ပြောင်းလဲမှု estrogen progesterone သားဥကြွေတာ အစာခြေစနစ် ရာသီသွေး အမျှင်ဓာတ် ဝမ်းမှန်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

ခံတွင်းနံ့ဆိုး အစားအစာတွေ စားစရာတွေ ရှီတာကီမှို ရေသောက်ပါ ခံတွင်းအနံ့ဆိုး အသီးအနှံတွေ ခရမ်းချဉ်သီး လျှာကို သန့်စင်ပေးပါ ဘက်တီးရီးယားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ညဘက်မှာ အချဉ်စားလို့ရလား

အိပ်ယာဝင်၊ အချဉ်၊ အစာအိမ်၊ ယုံတမ်းစကား၊ အလေ့အထ၊ လန်းဆန်းကျန်းမာ၊ ညစာ၊ ဗီတာမင် C၊ သစ်သီးဝလံ၊ citric acid အချဉ်ပေါက်၊ ဗိုက်အောင့်၊ ဗိုက်နာ၊ ချောင်းဆိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေး အာဟာရ ကျန်းမာဖွံ့ဖြိုးဖို့ သစ်သီး  ဗီတာမင် C ဗီတာမင် A ကိုယ်ခံအား အမျှင်ဓာတ် အမြင်အာရုံ ဒိန်ချဉ် အရိုး နဲ့ သွား ကယ်လ်ဆီယမ် အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read
သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read