အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 3 mins read
Share now

တစ်ဖက်မှာ အဝလွန်လို့ ဝိတ်ချနေရတဲ့သူတွေ ရှိသလို တခြားတစ်ဖက်မှာလည်း အာဟာရချို့တဲ့ နေတဲ့သူတွေ ရှိနေပါတယ်။ အစွန်းရောက်အဖွဲ့နှစ်ဖွဲ့ပေါ့။ နှစ်ခုလုံးက ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် ပေါ့ဆလို့ မရတဲ့ အရာတွေပါ။ ဒီဆောင်းပါးမှာတော့ အဖြစ်များတဲ့ အာဟာရချို့တဲ့မှုတွေနဲ့ အာဟာရချို့တဲ့မှု မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မျှဝေပေးပါ့မယ်။

အဖြစ်များတဲ့ အာဟာရချို့တဲ့ မှုများ

အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies)နဲ့ ဗီတာမင်၊ သတ္တုဓာတ် ချို့တဲ့မှု (Micronutrients deficiencies)ဆိုပြီး ရှိပါတယ်။

အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies)

အဓိက အာဟာရဆိုတာ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီစတာတွေ ချို့တဲ့တာကို ပြောတာပါ။ အဖြစ်များတဲ့ ရောဂါနှစ်ခု ထပ်ရှိပြန်ပါတယ်။ နှစ်ခုလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆင်းရဲတဲ့ ကလေးတွေ၊ မိဘက ကောင်းကောင်း ဂရုမစိုက်နိုင်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

  • Marasmus (မာရက်စ်မက်စ်)

ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေ အဓိက ချို့တဲ့တာပါ။ အကြောင်းရင်းကတော့ ဆင်းရဲလို့ လုံလုံလောက်လောက် မစားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တခြားအာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တာကိုပါ တွဲတွေ့ရတတ်ပါတယ်။ ကလေးကို ကြည့်မယ်ဆိုရင် ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်ချုံးနေတာကို တွေ့ရမှာပါ။ ကြွက်သားလေးတွေလည်း ကျုံလှီနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ နာတာရှည် ဝမ်းလျှောတာ၊ ခဏခဏ နေမကောင်း ဖြစ်တာ၊ ဉာဏ်ရည် မမီတာတွေ ဖြစ်တတ်ပါတယ်။

  • Kwashiorkor (ကွာရှာကော)

ပရိုတင်း ချို့တဲ့တာပါ။ ဆင်းရဲပြီး အစားကောင်းကောင်း အစားရတဲ့ ကလေးတွေမှာ တွေ့ရပါတယ်။ ပရိုတင်း မရှိတာကြောင့် ကလေးက ညှပ်နေတဲ့အပြင် ဗိုက်ပူနံကားနဲ့ ဖောသွပ်သွပ်လေး ဖြစ်နေပါတယ်။ အရေပြားတွေ ခြောက်ပြီး ဆံပင်တွေလည်း ကျွတ်ပါတယ်။ ခုခံအားကျတာကြောင့် ရောဂါပိုးတွေလည်း ဝင်လွယ်တာကို တွေ့ရပါတယ်။

ဗီတာမင်၊ သတ္တုဓာတ် ချို့တဲ့မှု (Micronutrients deficiencies)

ဒါကတော့ လူကြီးလူငယ်မရွေး ဖြစ်တတ်ပါတယ်။ ပိန်ခြင်း၊ ဝခြင်းနဲ့လည်း မဆိုင်ပါဘူး။ လူကောင်ကြီးပြီး ကိုယ်တွင်းမျာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အတွေ့ရများတာတွေကတော့

အရိုးနဲ့ ကြွက်သားတွေ သန်မာပြီး အာရုံကြောတွေ အားကောင်းဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ၁၀၀၀-၁၂၀၀ မီလီဂရမ်လောက်လိုပါတယ်။

သွေးဆုံးပြီး ကယ်လ်ဆီယမ် စုပ်ယူမှု နည်းလာတာ၊ လက်တို့စ် မစုပ်ယူနိုင်တဲ့ ရောဂါရှိနေတာ၊ ကယ်ဆီယမ်ပါတဲ့ အစားအစာတွေ (ဥပမာ တို့ဖူး၊ နို့) အစားနည်းတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။အရိုးပွ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ အားဆေးသောက်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။ သောက်မယ်ဆို တစ်နေ့ကို ၅၀၀ မီလီဂရမ်လောက် သောက်ပေးနိုင်ပါတယ်။ ပမာဏများလွန်းရင် အမျိုးသမီးတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ တက်လာနိုင်ပါတယ်။

ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့၊ အဆုတ်က အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ပို့ပေးနိုင်ဖို့ လိုပါတယ်။ ချို့တဲ့ရတဲ့ အကြောင်းရင်းတွေကတော့ နာတာရှည် သွေးယိုတဲ့ ပြဿနာရှိနေတာ၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ အနီရောင်အသား၊ တို့ဖူး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်) အစားနည်းတာ၊ သံဓာတ်စုပ်ယူမှုကို တားတဲ့ ဆေးတွေ စွဲသောက်နေတာ (ဥပမာ အစာအိမ်အက်စစ်ပြယ်ဆေး)တွေကြောင့် ဖြစ်တတ်ပါတယ်။

လက္ခဏာတွေ အနေနဲ့ ဖြူဖျော့တာ၊ ဆံပင်တွေကျွတ်တာ၊ အမောမခံနိုင်တာ ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ပေမယ့် သွေးအားနည်းတဲ့ လက္ခဏာပဲ ခံစားရတာပါ။ သွေးအားနည်းတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါရှာဖွေပါ။ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတယ်ဆိုရင်တောင် ချို့တဲ့တာကို ပြန်ဖြည့်တာအပြင် ချို့တဲ့ရတဲ့ အကြောင်းရင်း (ဥပမာ သွေးယိုတာ) ကိုပါ ရှာဖွေကုသရမှာပဲ ဖြစ်ပါတယ်။

ဗီတာမင် B12က သွေးနီဥတွေ၊ အာရုံကြောဆဲလ်တွေ၊ DNAတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အသားငါးတွေကနေ အဓိကရတာကြောင့် သတ်သက်လွတ်စားတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ Pernicious anemiaလို့ ခေါ်တဲ့ သွေးအားနည်း ရောဂါရှိတဲ့သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါရှိလို့ B12ကို မစုပ်ယူနိုင်တဲ့သူတွေ၊ မက်ဖော်မင် သောက်နေတဲ့သူတွေမှာ ချို့တဲ့တာတွေ့ရပါတယ်။

လက္ခဏာတွေကတော့ ခြေလက်တွေ ထုံတာ၊ ကျဉ်တာ၊ ဝမ်းချုပ်တာ၊ ဟန်ချက်မထိန်းနိုင်တာ၊ လျှာနာတာ၊ သွေးအားနည်းတာ စတာတွေပဲ ဖြစ်ပါတယ်။ B12ချို့တဲ့တာကို ကာကွယ်ဖို့ သက်သတ်လွတ်စားတဲ့သူတွေက B12ဖြည့်စွက်ထားတဲ့ အစားအစာတွေ စားပေးပါ။ ရောဂါကြောင့်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ကုသမှု ခံယူပါ။

အရိုးတွေ သန်မာဖို့ ခန္ဓာကိုယ်က ကယ်ဆီယမ်လိုပါတယ်။ ဗီတာမင်ဒီက ကယ်ဆီယမ်စုပ်ယူမှုကို အားပေးပါတယ်။ တစ်နေ့ကို ၆၀၀-၈၀၀ IU လိုအပ်ပါတယ်။ နေရောင်ကောင်းကောင်း မရတဲ့သူတွေ၊ ဗီတာမင် ဒီကြွယ်ဝတဲ့ စားစရာတွေ (နို့၊ ဒိန်ချဉ်)ကို မစားတဲ့သူတွေ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူတွေ၊ အတက်ကျဆေးသောက်သူတွေ၊ အဝလွန်သူတွေမှာ ဗီတာမင်ဒီချို့တဲ့ တတ်ပါတယ်။

ဗီတာမင် ဒီချို့တဲ့ရင် ကြွက်သားတွေ အားနည်းပြီး အရိုးကျိုးလွယ်ပါတယ်။ လေ့လာချက်တွေအရ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေလည်း များလာနိုင်တယ်လို့ ဆိုကြပါတယ်။

ဗီတာမင်ဒီ ဖြည့်စွက်မယ်ဆိုရင် နေ့စဉ် ၁၀-၂၀ မိနစ်လောက် နေရောင်ခံပေးပါ။ ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေစားပါ။ ဖြည့်စွက်အားဆေးသောက်မယ်ဆိုရင်တော့ သွေးစစ်ပြီးမှ သောက်သင့်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တဲ့အတွက် ပမာဏလွန်သွားရင် ကိုယ်ထဲမှာအောင်းပြီး ဘေးဖြစ်တတ်ပါတယ်။

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့တာကို ကာကွယ်ဖို့ အစာအုပ်စုတွေကို မျှတပြည့်ဝအောင် စားသင့်ပါတယ်။

မျှတဖို့ဆိုတာက ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ် စတာတွေ ပါဝင်အောင် စားရမှာပါ။ ပြည့်ဝဖို့အတွက် တစ်နေ့တာလိုအပ်တဲ့ ပမာဏကို တွက်ချက်ပြီး ပြည့်မီအောင် စားရပါမယ်။ အားဆေးထက်စာရင် သဘာဝအစားအစာကို ပိုပြီး အားကိုးပါ။

ကိုယ်အလေးချိန် နည်းလွန်းရင် (ကိုယ်အလေးချိန်အတွက် BMIကို ဒီနေရာမှာ တွက်နိုင်ပါတယ်။)၊ ကိုယ့်ကိုယ်ကို ဓာတ်တစ်ခုခု ချို့တဲ့နေတဲ့လို့ ယူဆရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲပါလို့ အကြံပြုလိုပါတယ်။

Takeaways

အာဟာရချို့တဲ့တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့ အာဟာရကို ပြည့်ဝအောင် စားနိုင်မှသာ ပိန်ခြင်း၊ ဝခြင်း အစွန်းနှစ်ဖက်က ကင်းလွတ်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် ပါ့မလား၊ ရတဲ့ ကိုယ်ဝန်လေးကလည်း ကျန်းမာပါ့မလားဆိုရင်တော့ ဒီအချက်တွေကို ကိုယ်ဝန်ဆောင်မယ့် မေမေသာမက အမျိုးသားပါ လိုက်နာဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
Uncategorized ဇန်နဝါရီ 18, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read