မက်ခေါက်သီးလေး စားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

မက်ခေါက်သီးကို စားဖူးကြပေမယ့် နာမည်နဲ့ အသီးကို တွဲမိတာမျိုးတော့ နည်းမယ်ထင်ပါတယ်။ မက်မန်းသီးလိုပဲ ဆား၊ ငရုတ်သီးမှုန့်တို့နဲ့ ရှုးရှုးရှဲရှဲ နယ်စားလို့ ရသလို အသီးကို ပဲပုတ်ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့နဲ့ ထောင်းပြီး မက်ခေါက်သီးထောင်း (ပင်စိမ်းသီးထောင်း) ဆိုပြီး ထမင်းနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။

မက်ခေါက်သီးကို ပင်စိမ်းသီးလို့လည်း ခေါ်ကြပါတယ်။ မက်ခေါက်သီးက ပန်းသီး အနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အရွက်၊ အသီး၊ အပွင့်တွေက ပန်းသီးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီတစ်ခေါက်တော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ မက်ခေါက်သီးလေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကိုအတူတူ ကြည့်လိုက်ရအောင်လား။

မက်ခေါက်သီးမှာ ဘာတွေ ပါသလဲ။

မက်ခေါက်သီးမှာ

မက်ခေါက်သီးကပေးတဲ့ ကျန်းမာရေး

မက်ခေါက်သီး ကြွပ်ကြွပ်လေးက

ကိုယ်ခံအား ကောင်းစေတယ်

မက်ခေါက်သီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့  ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် မက်ခေါက်သီးကို စားသုံးပေးတာက အအေးမိတာ၊ အဖျား ဝင်တာလိုမျိုး အသေးစား ကျန်းမာရေး ပြဿနာလေးတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဗီတာမင် C က နှလုံးသွေးကြောတွေ ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။

သွေးတိုး ကျစေတယ်

မက်ခေါက်သီးက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် D ပါဝင်နေတဲ့ အစားအစာ တစ်မျိုးပါ။ ဗီတာမင် D က ခန္ဓာကိုယ်ကို သွေးတိုး၊ ဆီးချို နဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားတွေကို သန်မာစေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။  အသက် ၄၀ နဲ့အထက် အမျိုးသမီးတွေအတွက် အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

မက်ခေါက်သီး ပုံမှန်စားသုံးတာက အရိုးတွေ သန်မာကြီးထွားစေပြီး အရိုးပါးတာအရိုးပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။

အနာကျက်စေနိုင်တယ်

တစ်ခါတလေ အနာကျက်ဖို့ ခဲယဉ်းနေတဲ့အခါ မက်ခေါက်သီးစိမ်းကို ခြမ်းပြီး အနာမှာ တိုက်ရိုက် ပွတ်လိမ်းပေးပါ။ ဒီလို လုပ်ပေးတာက အနာ မြန်မြန်ကျက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

အစာခြေစနစ် ကျန်းမာစေတယ်

မက်ခေါက်သီးက အမျှင်ဓာတ် ကြွယ်ဝတာ​ကြောင့် ဝမ်းချုပ်တာဝမ်းပျက်ဝမ်းလျှောတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေသသလို အူတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။ အစာခြေစနစ် ပြဿနာတွေကို ကာကွယ်ဖို့အတွက်လည်း မက်ခေါက်သီးကို စားပေးလို့ ရပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

မက်ခေါက်သီးက အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဗီတာမင် A က ခန္ဓာကိုယ်ကို ကင်ဆာလိုမျိုး ကြောက်စရာ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေပြီး မျက်စိကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read