backup og meta

အမြင်အာရုံ ထိခိုက်စေနိုင်တဲ့အချက်တစ်ခု၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြင်အာရုံ ထိခိုက်စေနိုင်တဲ့အချက်တစ်ခု၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ

    ကျန်းမာပျော်ရွှင်စွာအသက်ကြီးချင်လား…. အသက်ကြီးတဲ့အထိ မျက်လုံးကောင်းကောင်းလေးနဲ့ အလှအပတရားတွေကို ခံစားချင်တယ်ဟုတ်။ ဒါဆိုရင်တော့ အခုကတည်းက အစားကို ဂရုစိုက်လို့ အမြင်အာရုံ ကို ဂရုစိုက်ဖို့ ပြောပါရစေနော်။ ဒီလိုပြောရတဲ့အကြောင်းလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဆယ်စုနှစ် ၂ စုကြာလေ့လာမှု ရလဒ်

    ဆယ်စုနှစ် ၂ စုကြာလေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိလိုက်ရတာက ငယ်စဉ်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံ ကို ပိုင်ဆိုင်ထားသူတွေက အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။  ဒါဆို မျက်လုံးလေး ကျန်းမာစေဖို့ဘာတွေများစားလို့ ဘာတွေများရှောင်ရမလဲလို့ မေးစရာရှိလာပြီလား……

    လေ့လာမှုတော်တော်များများမှာတွေ့ရှိခဲ့ရတာက အနီရောင်အသားအစားများတာ၊ ဆီကြော်မုန့်တွေစားတာ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေစားသုံးတာ၊ သန့်စင်ထားတဲ့ ​ကောက်နှံတွေကို စားသုံးတာက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေများစေတယ်၊ လို့ပဲ တွေ့ရှိခဲ့တာပါ။ တော်တော်များများ သတိမထားမိလိုက်တာက ကျန်းမာရေးနဲ့ မညီတဲ့ စားသုံးမှုက နှလုံးရောဂါ နဲ့ ကင်ဆာကိုတင်မဟုတ်ဘဲ အမြင်အာရုံထိခိုက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တယ်ဆိုတာပါ။

    စားသောက်မှုပုံစံနဲ့ အမြင်အာရုံ ကြားက ဆက်စပ်မှု

    အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးမှုကဖြစ်လာမှာပဲဆိုပေမယ့် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေကနည်းသွားမှာပါ။ လေ့လာမှုတွေအရသိလာရတာက ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ စားသောက်မှုပုံစံတွေက အသက်အရွယ်ရလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်ခြေကို ပူံမှန်ထကိ ၃ ဆပိုများစေမယ်ဆိုတဲ့အချက်ပါ။

    အသက်ငယ်တုန်းမှာ ပြုပြင်ထားတဲ့အစားတွေ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်သားဆားနယ်၊ ဝက်ပေါင်ခြောက်၊ အနီရောင်အသားတွေ၊ ဆီကြော်စားတွေ၊ အချိုကဲတဲ့အစားအစာတွေ၊ ဥအမျိုးမျိုး (အနှစ်)၊ သန့်စင်ထားတဲ့ ကောက်နှံ၊ အဆီများတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ သကြား၊ ဂျယ်လီ၊ အချိုရည်စတာတွေကို အမြဲလိုလို စားသုံးနေမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်ခြေက သာမန်ထက် ၃ ဆလောက်ပိုများနေနိုင်ပါတယ်။

    ကာကွယ်လို့ရလား………….

    မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးသောနည်းလမ်းဆိုတဲ့ စကားအတိုင်းပါပဲ။ ငယ်စဉ်ကတည်းကစလို့ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ် ဆိုရင် အသက်ကြီးတဲ့အထိ အလှအပတရားတွေကို ခံစားနိုင်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အသီးအရွက်တွေ၊ သစ်သီးတွေ ပါဝင်အောင်စားသုံးပေးပါ။ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေကိုလျှော့စားပါ။ အချိုများတာတွေကိုရှောင်မယ်။ ပေါင်မုန့်အဖြူထက် ပေါင်မုန့်ကြမ်းကို ပိုစားမယ် ဆိုရင် အမြင်အာရုံ ကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်မှာပါ။

    ဒါတွေအပြင် မျက်လုံးကို ပုံမှန်စစ်ဆေးမယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အလွန်အကျွံမသုံးဘူး။ ထိုက်သင့်တဲ့ ဂရုစိုက်မှုတွေလုပ်ပေးမယ်ဆိုရင် အသက်အရွယ် ကြီးလာတဲ့အထိ အမြင်အာရုံ ကို အကောင်းဆုံးထိန်းသိမ်းနိုင်မှာပါ။ ဒါကြောင့် အခုကစပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေကို စားသုံးပေးရင်း အမြင်အာရုံလေး ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ ပြောပါရစေနော်။

    မျက်လုံးအတွက် ဓါတ်စာ

    မျက်လုံးကျန်းမာစေဖို့ အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။

  • ငါး (တူနာ၊ဆယ်လ်မွန်၊မက်ကာရယ်၊ ဆာဒင်းစတဲ့ပင်လယ်ငါး)
  • အခွံမာသီးတွေ (သစ်ကြားသီး၊ သီဟိုဠ်စေ့၊မြေပဲ)
  • အစေ့အဆန်တွေ ( ပင်ပွားစေ့၊ နှမ်းကြတ်စေ့)
  • အချဉ်သီးတွေ (ဗီတာမင် စီကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီး)
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ရှိတဲ့အရွက်တွေ)
  • မုန်လာဥနီ
  • ကန်စွန်းဥ
  • အမဲသား
  • ဥအမျိုးမျိုး
  • ရေ တို့ကိုမျှတအောင်စားသုံးပေးလို့ မျက်လုံးလေးကို ကြင်ကြင်နာနာနဲ့စောင့်ရှောက်ပေးပါ။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement