OMAD စားသောက်ပုံကို ရွေးချယ်ရာမှာ အမျိုးမျိုးကွဲပြားပါတယ်။ တချို့ကတော့ ညစာတစ်နပ်တည်းကို စားသုံးကြပါတယ်။ တချို့ကတော့ နံနက်စာ ဒါမှမဟုတ် နေ့လယ်စာ တစ်မျိုးတည်းကို ရွေးချယ်ကြပါတယ်။ တချို့ကတော့ သရေစာများကိုပါ ပေါင်းစပ်စားသုံးပါတယ်။ ပိုမိုပြင်းထန်သူများကတော့ တစ်နပ်တာအစားအသောက်မှာပါ ကယ်လ်လိုရီနည်းပါးတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသုံးပါတယ်။
အကျိုးကျေးဇူးများ
အစားကို တစ်နပ်သာလျှော့စားခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချရာမှာသာမကဘဲ သွေးတွင်းသကြားဓာတ် လျော့ကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ C-reactive ပရိုတိန်းကိုလည်း လျော့နည်းစေပါတယ်။
ဒါ့အပြင် အစာမစားဘဲနေချိန် (fasting ချိန်) မှာ အာရုံကြောစနစ်ကို အထောက်အကူပြုပါသေးတယ်။ အာရုံကြောများ ချို့ယွင်းပျက်စီးလာခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အာရုံကြောဆဲလ်များကို သက်တမ်းပိုမို ကြာရှည်လာစေတယ်လို့ ဆိုပါတယ်။
ဆိုးကျိုးများ
သုတေသနအချို့ကလည်း အစားအသောက်ကို အလွန်အမင်း လျှော့ချကန့်သတ်တဲ့အတွက် မကောင်းတဲ့အချက်တွေရှိကြောင်း ဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီစားသောက်ပုံဟာ အခန့်မသင့်ရင် ကိုလက်စထရောပါ တက်လာစေတယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။