backup og meta

ဂျူးမြစ်လေးကို တဂျွတ်ဂျွတ်ဝါးရတာ သဘောကျသူလေးတွေ အတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျူးမြစ်လေးကို တဂျွတ်ဂျွတ်ဝါးရတာ သဘောကျသူလေးတွေ အတွက်

    ဂေါ်ရခါးသီးနဲ့ ချဉ်ရည်ဟင်းလေးပဲ ချက်ချက်၊ ပဲပုတ်လေးနဲ့ပဲ ကြော်စားစား၊ ရှမ်းထမင်းချဉ်သုပ်လေးနဲ့ပဲ တို့စားစား ပူပူလေးနဲ့ တဂျွတ်ဂျွတ် ဝါးလို့ကောင်းတဲ့ ဂျူးမြစ်လေးကို သဘောကျတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီလို ဂျူးမြစ်စားတတ်တဲ့ အလေ့အထလေးကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ကြည့်ဖို့ ပြောပါရစေ။

    ဂျူးမြစ်ကနေရနိုင်မယ့် အာဟာရဓာတ်

    ပူစပ်စပ် နဲ့ တဂျွတ်ဂျွတ်ဝါးစားလို့ရတဲ့ ဂျူးမြစ်လေးမှာ

    ဂျူးမြစ်လေးကပေးတဲ့ ကျန်းမာရေး

    ချဉ်ရည်ဟင်းပဲချက်ချက် ပဲပုတ်လေးနဲ့ပဲ ကြော်စားစား၊ ရှမ်းထမင်းချဉ်သုပ်လေးနဲ့ပဲ တို့စားစား စားရတာ အရမ်းကောင်းတဲ့ ဂျူးမြစ်လေးက

    နှလုံး ကျန်းမာစေပါတယ်

    ဖောလိတ် ပါဝင်နေတာကြောင့် နှလုံးသွေးကြောနံရံ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သွေးကြောတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ ဗီတာမင် E ကြွယ်ဝတာက ကိုယ်ခံအားကိုရော အသားအရေကိုပါ ကျန်းမာစေပါတယ်။

    အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်

    ဗီတာမင် B6 က အာရုံကြော ကျန်းမာရေးကို အဓိက ထောက်ပံ့ပေးတဲ့ ဗီတာမင်ပါ။ ဂျူးမြစ်က အာရုံကြောကို အားဖြည့်ပေးပြီး နေ့စဉ် စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ဂျူးမြစ်မှာ အာရုံကြောကို အားဖြည့်ပေးနိုင်တဲ့ မဂ္ဂနိစ်၊ ဗီတာမင် C၊ ဖောလိတ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    အမြင်အာရုံ ကျန်းမာစေတယ်

    ဓာတ်တိုးပစ္စည်းတွေက အမြင်အာရုံကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုက အချိန်ကြာလာတဲ့အခါ အမြင်အာရုံ ထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်။

    ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဂျူးမြစ် စားသုံးပေးတာက ရေတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

    သွေးပေါင် ထိန်းညှိပေးတယ်

    ဂျူးမြစ်မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက် သင့်တော်တဲ့ အတို့အမြှုပ်လေး တစ်ခုပေါ့။

    ပိုတက်ဆီယမ်က သွေးစီးဆင်းမှုကို ကောင်းစေပြီး နှလုံးကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်မှုကို ကောင်းမွန်စေသလို သွေးတွင်းအောက်ဆီဂျင်ပမာဏကို ကောင်းစေပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    ဂျူးမြစ်မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော၊ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်အတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။

    အမျှင်ဓာတ်က အစာခြေစနစ် ကျန်းမာစေသလို အူနံရံတွေကို ကျန်းမာစေပါတယ်။ အူမကြီးကို သန့်စင်စေပြီး ဝမ်းမှန်စေပါတယ်။

    ဆီးရွှင်စေတယ်

    ဂျူးမြစ်က ဆိုဒီယ်ပါဝင်မှုနည်းပြီး ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေဓာတ်တွေနဲ့ ဆိုဒီယမ်တွေကို ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်တွေကို ကျန်းမာစေပါတယ်။ 

    ဆီးများများသွားတာ​ကြောင့် သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ခန္ဓာကိုယ်မှာ ရေဝိတ်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

    ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝနေမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နိုင်မှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနေပါတယ်။ ဓာတ်တိုးပစ္စည်းတွေ များလွန်းတာကြောင့် ဖြစ်ပေါ်ခံစားရနိုင်တဲ့ ကင်ဆာ မဖြစ်ဖို့ ကာကွယ်ပေးသလို ကင်ဆာကျိတ်တွေ ပွားမလာအောင်လည်း ကူညီပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement