brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အကိုက်ခံရခြင်း

အကိုက်ခံရခြင်း ဆိုတာဘာလဲ။

အများစုအားဖြင့် ရန်ဖြစ်ကြတဲ့အခါမှာ ကလေးအချင်းချင်း ကိုက်မိတတ်ကြပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ ဖြစ်တတ်ပြီး လက်မောင်း သို့မဟုတ် လက်ဖျံမှာ ဖြစ်တတ်ပါတယ်။ နည်းနည်းကြီးသွားရင် လက်သီးနဲ့ထိုးရင်း သွားနဲ့ထိခိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်ကိုက်တာထက်စာရင် လူကကိုက်ခြင်းက ပိုပြီး ပိုးဝင်လွယ်ပါတယ်။ လက်မှာဖြစ်ရင်တော့ နောက်ဆက်တွဲပြဿနာတွေ ပိုများတတ်ပါတယ်။

အကိုက်ခံရခြင်း

ကိုက်ခံရခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အနာတစ်ဝိုက်မှာ ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်လာမယ်။ အကြိတ်တွေ ထွက်လာမယ်။ အဖျားကြီးမယ်၊ ချမ်းတုန်လာမယ်။

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ။

ထိုးသွင်းဒဏ်ရာနဲ့ စုတ်ပြဲဒဏ်ရာဖြစ်ရင် ဖြစ်ဖြစ်ချင်း စီးဆင်းနေတဲ့ရေအောက်မှာ ဆပ်ပြာနဲ့ ၁၀မိနစ်ခန့် ဆေးချပစ်ပါ။ သင့်ကလေးကို မေးခိုင်ကာကွယ်ဆေးထိုးထားမထား ပြန်စစ်ပါ။

ပြတ်ရှမှုများအတွက် ဆပ်ပြာ၊ ရေတို့နဲ့ ၅မိနစ်ခန့် ဆေးပါ။ ဒီအတိုင်းထားလည်း ရသလို၊ ညစ်ပတ်လွယ်တဲ့ နေရာမျိုးမှာဖြစ်ရင်တော့ ပတ်တီးကို ၁၂နာရီခန့် စည်းထားလို့ရပါတယ်။ ပိုးသတ်ဆေးတွေ ထည့်စရာ မလိုပါဘူး။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။

• သွားက အရေပြားကို ပေါက်သွားရင်

• အရေပြားကွဲသွားပြိး ချုပ်ဖို့ လိုအပ်လာရင်

• ကလေးက ဆရာဝန်နဲ့ ပြသင့်တယ်လို့ သင်ယူဆရင်

• အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင်လည်း သင့်ကလေးရဲ့ ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• အနာပိုးဝင်တယ်လို့ ထင်ရင်

• ဒုတိယနေ့အပြီးမှာ နာကျင်မှုက ပိုဆိုးလာရင်၊ ပိုပြီး နီရဲလာရင်

• ကလေးအခြေအနေက ပိုဆိုးလာတယ်ထင်ရင်

ဘယ်လိုကာကွယ်လို့ ရမလဲ။

အများအားဖြင့် အရက်နဲ့ ဆက်နွယ်ပြီး ဖြစ်ကြတာမို့ ဒီလိုကိစ္စမျိုးတွေ မဖြစ်ချင်ဘူးဆိုရင် အရက်သောက်သုံးမှုကို ဆင်ခြင်ဖို့ လိုပါတယ်။

သင့်ကလေးကိုလည်း ရန်လိုတတ်တဲ့ကလေးတွေ၊ သူစိမ်းတွေနဲ့ ခိုက်ရန်မဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။