ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ

နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ မိတ်တွေ ထွက်လာရတဲ့အကြောင်းအရင်းကတော့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ အဖြစ်များတဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လည်ပင်း၊ တံတောင်၊ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အပေါက်များတတ်ပါတယ်။ မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။ မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ မိတ်ထွက်တာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပေမယ့် မိတ်ဖုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံတဲ့ဝေဒနာကတော့ အတော် ခံရခက်ပါတယ်။ ကုတ်ရင်းဖဲ့ရင်း ပွန်းပဲ့တာမျိုးတောင် ကြုံရတတ်ပါသေးတယ်။ ခံစားရခက်တဲ့ ဝေဒနာမျိုးမို့ လူတိုင်းကတော့ ခပ်မြန်မြန်ပျောက်ကင်းချင်တတ်ကြပါတယ်။ မိတ်ဖုထွက်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေလည်း ရှိပါတယ်။ မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် […]


ရှေးဦးသူနာပြုစုခြင်း

အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။

အစွန်းချွတ်ဆေး ဆိုတာ အိမ်မှာ အဝတ်တွေ ဖြူဖို့၊ ပိုးသတ်ဖို့ သုံးတဲ့ ဆေးပါ။ Bleachလို့ ခေါ်ကြပါတယ်။ ကလိုရင်း ပါတာနဲ့ မပါတာဆိုပြီးလည်း ရှိပါသေးတယ်။ ခုလိုချိန်မှာ တော်တော်များများ အရင်ကထက် ပိုပြီး အိမ်သန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေ ပိုလုပ်ဖြစ်ကြမှာပါ။ ဒီ့အတွက် ဒီအစွန်းချွတ်ဆေးတွေကို သေသေချာချာ မသုံးတတ်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ။ ဘယ်လို သတိထားပြီး သုံးမလဲဆိုတာ ပြောပြပေးပါမယ်။ အထူးသဖြင့်တော့ ကလိုရင်း ပါတဲ့ အစွန်းချွတ်ဆေးတွေပေါ့။ အစွန်းချွတ်ဆေး တွေကို ဘယ်မှာ သုံးမလဲ။ အစွန်းချွတ်ဆေးက ပိုးသတ်နိုင်တဲ့ သတ္တိရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်းလွန်းတာကြောင့် လူရဲ့ ကိုယ်မှာ သုံးဖို့ မသင့်တော်ပါဘူး။ ပစ္စည်းတွေကို ပိုးသတ်ဖို့လောက်ပဲ သင့်တော်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ဖျော်စပ်ရင်တောင် သူ့အချိုးအဆအတိုင်း ဖော်စပ်ရမှာပါ။ အစွန်းချွတ်ဆေး […]


ရှေးဦးသူနာပြုစုခြင်း

မီးပိုးကောင် ဆိပ်သင့်ခြင်း

အရေပြားမှာ ရုတ်တရက် အရည်ကြည်ဖုတွေ တန်းစီပြီး ထွက်လာတယ်၊ နီရဲနေတယ်ဆိုရင် "ဟဲ့ ငါ့ ဘာကောင်များ ကိုက်သွားပါလိမ့်"လို့ တွေးတတ်ကြပါတယ်။ ထိမိတဲ့ အကောင်ကိုများ သိထားရင်တော့ ဒါ မီးပိုးကောင် ထိတာပါလား ဆိုပြီး တန်းပြော နိုင်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပေမယ့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားကလည်း ယားသေး ဆိုတော့ လန့်တတ်ကြပါတယ်။ ဒီတော့ မီးပိုးကောင်ထိရင် အရေးပေါ် ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပေးပါမယ်။ မီးပိုးကောင် ကို ဘယ်မှာတွေ့နိုင်လဲ။ မီးပိုးကောင်ဆိုတာ မည်းမည်းရှည်ရှည် အကောင်လေးပါ။ လိမ္မော် ဖောက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်နဲ့ တူပါတယ်။ ခြောက်သွေ့တာကို ကြိုက်ပြီး ညဘက်တွေ ပိုထွက်ပါတယ်။ မီးရောင်ကို ကြိုက်ပါတယ်။ မီးပိုးကောင် ဆိပ်က ဘယ်လိုသင့်တာလဲ။ မီးပိုးကောင်က ကိုက်လည်း မကိုက်သလို တုပ်လည်း မတုပ်ပါဘူး။ […]


ရှေးဦးသူနာပြုစုခြင်း

လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ခေါင်းစဉ်ရတဲ့ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ ၁။         ဆို့နင်ခြင်း ဖြစ်နေသောလူနာကို စနစ်တကျပြုစုတတ်စေရန် နဲ့ ၂။         အခြေအနေပို၍  ဆိုးမသွားစေရန် ပဲဖြစ်ပါတယ်။ လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ဆိုတဲ့နေရာမှာ အခုလို စရှင်းပြချင်ပါတယ်။ Choking (ဆိုနင့်ခြင်း)ဆိုတာဘာလဲ .......... စားစရာ သို့မဟုတ် စားစရာ မဟုတ်သော အရာဝတ္တုတစ်ခုခုသည် ပုံမှန် အစာလမ်းကြောင်း အတိုင်း မသွားဘဲ အသက်ရှူလမ်းကြောင်း အတွင်းသို့ရောက်ရှိသွား၍ အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းကို ဆို့ နင့်ခြင်း လို့ခေါ်ပါတယ်။ ဆို့နင်ခြင်းဖြစ်ရသည့်အကြောင်းရင်း တွေကတော့ အစားအစာကို အငမ်းမရစားခြင်း၊ အလျင်စလိုမြိုချခြင်း အစာကို ဝါးမျိုစားနေစဉ် ရယ်မောခြင်း၊ စကားများပြောခြင်း […]


ရှေးဦးသူနာပြုစုခြင်း

ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ

ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ ......  များသောအားဖြင့် ပူပြင်းတဲ့ နွေရာသီရောက်လာချိန်တွေမှာ နှာခေါင်းသွေးလျှံတာမျိုး ဖြစ်တတ်ကြလေ့ရှိပါတယ်။ လေ့လာချက်တွေအရတော့ လူတွေဟာ တစ်သက်မှာ အနည်းဆုံး တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ နှာခေါင်းဟာ မျက်နှာရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ထိခိုက်ဖို့ လွယ်ကူတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ ဆိုးရွားတဲ့ ဝေဒနာမျိုးမဟုတ်ပေမယ့် အလွန်အမင်း ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တာကြောင့် အဖြစ်များပြီးတော့ အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ကိုယ်တွင်းမှာ ထိခိုက်ဒါဏ်ရာရတာ၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုကိန်းလို မူးယစ်ဆေးဝါး အသုံးပြုမှုတွေကြောင့်လည်း ဖြစ်နိုင်သလို သွေးတိုးတာ၊ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့တာ၊ တစ်ချို့သော အကျိတ်ရောဂါတွေရှိနေတာ၊ နှာခေါင်းရိုးကျိုးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရုတ်တရက် […]


ရှေးဦးသူနာပြုစုခြင်း

နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ

နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။ အရေးပေါ် အပူပြဿနာလို့ ပြောရင် ၃ခုရှိပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်ပါ။ ၃ခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးပါတယ်။ အပူချိန်များတဲ့ နေရာမှာ နေတယ်။ ဒါမှမဟုတ် နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ၃ခုအကြောင်းကို သိကို […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လိုက် တဲ့သူကို ဘယ်လိုကူညီကြမလဲ

မြွေကိုက်ရင် ဖြေဆေးရှိတယ်။ ဓာတ်လိုက် ရင် ဖြေဆေးမရှိဘူး ဆိုတာ တကယ်ပါပဲ။ ဓာတ်လိုက် တယ်လို့ပြောရင် မျက်စိထဲမှာ ပြေးမြင်ကြတာက အုန်းခနဲ ပေါက်ကွဲပြီး တစ်ကိုယ်လုံး မည်းသည်းတဲ့ သူကိုပါ။ ဒါက ပြင်းထန်တဲ့ အခြေအနေပါ။ သာမန် အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်ရင်း ကျဥ်ခနဲ ဖြစ်သွားတာလည်း ဓာတ်လိုက် တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်လိုက်တာက အရေးကြီးတဲ့အတွက် သူသူကိုယ်ကိုယ် ကြုံလာခဲ့ရင် သာမန်လူတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာလေးတွေကို ရှင်းပြပေးပါမယ်။ ဓာတ်လိုက် တယ်ဆိုတာ ဘာလဲ။ လျှပ်စီးကြောင်းက ခန္ဓာကိုယ်ကို ဖြတ်သွားတဲ့အခါ ဓာတ်လိုက်တယ်ဆိုတာ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းရော၊ အပြင်ရော ထိခိုက်တဲ့အပြင် ကိုယ်တွင်းအင်္ဂါပါ ပျက်စီးတတ်ပါတယ်။  ဓာတ်လိုက်စေတဲ့ ပစ္စည်းတွေကတော့ အိမ်သုံးပစ္စည်းတွေ ဓာတ်ကြိုးတွေ စက်ပစ္စည်းတွေ နောက်ဆုံး မိုးကြိုးပစ်ခံရတာကိုလည်း ဓာတ်လိုက်တယ်လို့ပဲ […]


ရှေးဦးသူနာပြုစုခြင်း

ခံတွင်း အပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၆ သွယ်

တစ်ခါတစ်လေ ကြုံရလိမ့်မယ်။ ပူပူလောင်လောင် အစားအစာမျိုးတွေကို အလောတကြီး စားမိလိုက်တာမျိုး၊ ရေနွေးပူပူကို ရုတ်တရက် သတိမထားမိပဲ သောက်မိလိုက်တာမျိုး တွေပေါ့။ ဒီလို အချိန်မျိုးဆိုရင် အာခေါင်တစ်ခုလုံး ပူလောင်ကျိန်းစပ်ပြီး နေမထိထိုင်မသာဖြစ်သွားတတ်ကြတယ်မဟုတ်လား။ ဒီလို အာခံတွင်း အပူလောင်ပြီဆိုရင် ဆိုးရွားလှတဲ့ ဝေဒနာကိုတင် ကြုံရတာမဟုတ်ပါဘူး၊ စားရေးသောက်ရေးပါ အခက်တွေ့ကြုံရပါလိမ့်မယ်။ အပူလောင်ထားတဲ့ ခံတွင်းကြောင့် အစာစားရာမှာ အရသာမရှိတာလိုလို၊ စပ်နေတာလိုလို၊ ထုံနေတာလိုလိုနဲ့ ခံတွင်းထဲ အစာဝင်သွားရင်ကို နေရထိုင်ရ ခက်နေတော့တာပါပဲ။ ပထမအဆင့် ခံတွင်းအပူလောင်နာဟာ တစ်ရက်ဝန်းကျင်ကနေ ၁ ပတ်ဝန်းကျင်အထိ ကြာတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးကိုတော့ ဒုတိယအဆင့် ခံတွင်း အပူလောင်နာလို့ သတ်မှတ်လေ့ရှိပါတယ်။ ဒီလို ဝေဒနာမျိုး ခံစားရချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင်မထင်မှတ်ထားတဲ့ အနီးနားက အစားအစာတချို့ဟာ အဲ့ဒီ […]


ရှေးဦးသူနာပြုစုခြင်း

လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ငါးဟင်းစားဖို့ကို လက်တွန့်သွားစေတဲ့အကြောင်းရင်းက အရိုးစူးမှာ ကြောက်ကြတာပါပဲ။ အရိုးလုံးဝမပါအောင် အရိုးနွှင်ဖို့ကလည်း လွယ်တာမှ မဟုတ်တာလေ။ အရိုးများတဲ့ ငါးတွေဆို ပိုဆိုးပြီပေါ့။ စားရင်းသောက်ရင်း အရိုးစူးတဲ့အခါ အသေးလေးတွေဆို ထမင်းမျိုချရုံ၊ ငှက်ပျောသီးစားရုံနဲ့ သက်သာနိုင်ပေမယ့် အရိုးကြီးတာ၊ လည်ချောင်းမှာပိတ်ဆို့တာ၊ အနာဖြစ်စေတာတွေက အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ငါးရိုးစူးတာ ပြင်းထန်ရင် တစ်ခါတလေ ထမင်းစားနေရင်း အရိုးစူးပြီဆိုတာကို ရုတ်တရက်မပြောနိုင်ဘဲ အသက်မရှူနိုင်၊ လည်ချောင်းမရှင်းနိုင်ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘေးကနေ သတိထားမိပြီး အရေးပေါ်ကူညီပေးနိုင်ဖို့ အရေးကြီးပါတယ်။ အရိုးစူးနေသူဟာ - ချောင်းဆိုးမယ်၊ မျိုချလို့မရ အရမ်းနာကျင်နေမယ်၊ လည်ချောင်းထဲမှာ ပိတ်ဆို့နေမယ်၊ တံတွေးမှာ သွေးစလေးတွေပါမယ်၊ စကားလှမ်းမပြောနိုင်ဘဲ အမူအရာနဲ့ပြမယ်။ နောက်ဆက်တွဲပြဿနာ အရိုးစူးတာက သက်သာသင့်တဲ့အချိန်မှာ မသက်သာတဲ့အခါ၊ ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှု မရှိတဲ့အခါ၊ ဘယ်လိုလုပ်လုပ် အရိုးကမကျသွားတဲ့အခါ၊ ဂရုမစိုက်ဘဲ ပေတေကြိတ်ခံနေတာကြာတဲ့အခါ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ ငါးရိုးအများစုက ချွန်ထက်တာမို့  ငါးရိုးစူးတာ […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံ ခဲ့ရင် ဘာလုပ်ကြမလဲ

လူတော်တော်များများက ဘဝမှ တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံ ဖူးကြမှာပါ။ ကိုရီးယားကားထဲကလို စာတွေ အသည်းအသန်ကျက်မှ နှာခေါင်းသွေးလျှံတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံ ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ကံကောင်းတာက အများစုက မစိုးရိမ်ရပါဘူး။ အိမ်မှာတင် သွေးတိတ်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ့်နှာခေါင်းထဲကနေ သွေးထွက်လာရင် လန့်တတ်ကြပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံ တာဘာကြောင့်လဲ။ ရုတ်တရက်ဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ နှာခေါင်းသွေးလျှံ တာက ၂မျိုးရှိပါတယ်။ Anterior nosebleedနဲ့ Posterior nosebleedပါ။ Anterior nosebleed (နှာခေါင်းအရှေ့ဘက်က သွေးယိုခြင်း)- ဒါကနှာခေါင်းသွေးလျှံတာနဲ့ အဓိကအကြောင်းရင်းပါပဲ။ နှာနုရိုးရဲ့ အခြေနားမှာရှိတဲ့ သွေးကြောလေးတွေကနေ သွေးထွက်တာပါ။ သိပ်မပြင်းထန်တဲ့အတွက် အိမ်မှာတင်ကုလို့ရပါတယ်။ Posterior nosebleed (နှာခေါင်းအနောက်ဘက်ကသွေးထွက်ခြင်း)- သူက Anterior nosebleedနောက် အဖြစ်မများပါဘူး။ အသက်ကြီးတဲ့သူတွေမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်