နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။
နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။
မိတ်တွေ ထွက်လာရတဲ့အကြောင်းအရင်းကတော့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ အဖြစ်များတဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လည်ပင်း၊ တံတောင်၊ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အပေါက်များတတ်ပါတယ်။
မိတ်ထွက်တာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပေမယ့် မိတ်ဖုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံတဲ့ဝေဒနာကတော့ အတော် ခံရခက်ပါတယ်။ ကုတ်ရင်းဖဲ့ရင်း ပွန်းပဲ့တာမျိုးတောင် ကြုံရတတ်ပါသေးတယ်။
မိတ်ဖုတွေ ထွက်လာတာဟာ မသန့်ရှင်းတဲ့ အဝတ်အထည်တွေ၊ ပူပြင်းတဲ့ ရာသီဥတုတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့မှုတွေကြောင့်ဖြစ်တာပါ။ ဒါကြောင့် အဝတ်အစားသန့်သန့်တွေ၊ အေးမြအောင် ပြင်ဆင်ထားတာတွေ ပြုလုပ်ထားသင့်ပါတယ်။
ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲ ဝတ်ပေးသင့်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ အရေပြားမခြောက်စေမယ့် ဆပ်ပြာမျိုးတွေ သုံးဖို့ ရေချိုးတဲ့အခါမှာ ရေအေးအေးနဲ့ ရေချိုးတာမျိုး၊ ရေချိုးပြီးချိန်မှာ ပဝါနဲ့ ရေသုတ်မယ့်အစား သာမန်အတိုင်းပဲခြောက်သွေ့စေတာမျိုးတွေ ပြုလုပ်ဖို့ လမ်းညွှန်ပါရစေ။
မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ဝေဒနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။