ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်

လူတိုင်းကနေ့စဉ်လှုပ်ရှားသွားလာနေကြရင်း မမျှော်လင့်ဘဲ အသေးစားထိခိုက်မှုတွေကနေစလို့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေအထိ အမျိုးမျိုးကြုံတွေ့ရနိုင်ပါတယ်။ ချက်ရင်းပြုတ်ရင်းနဲ့ လက်မှာရုတ်တရက် ဓါးရှတာ၊အပူလောင်တာမျိုးဖြစ်နိုင်သလို၊ သွားရင်းလာရင်းချော်လဲတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ် ထိခိုက်ပြတ်ရှတဲ့ ဒဏ်ရာတွေဖြစ်နိုင်ပါတယ်။ အခုလိုမျိုးဆောင်းရာသီမှာဆိုရင် အနာမရင်းအောင်ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ အနာတစ်ခုခုရလာတဲ့အခါသေသေချာချာ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အနာပိုးဝင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်ထိခိုက်မိတဲ့အခါမျိုးပဲဖြစ်ဖြစ် မိသားစုဝင်တွေ၊မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ထိခိုက်ရှနာတွေဖြစ်တဲ့အခါ ဘယ်လိုတွေလုပ်ပေးရမလဲဆိုတာကို အမှုမဲ့အမှတ်မြ့ဲဖစ်နေတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားနိုင်စေဖို့အတွက် ပြန်မျှဝေပေးလိုက်ပါတယ်။ ၁) လက်တွေကိုအရင်သန့်အောင်ဆေးကြောပေးပါ အနာတစ်ခုခုရတဲ့အခါ အရင်ဆုံးလုပ်ရမှာက အနာကိုမကိုင်ခင်မှာ လက်တွေကိုအရင်သန့်အောင်ဆေးဖို့ပါ။ ဒါမှပဲ အနာထဲကို ပိုးဝင်တာတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်သလို အခြားအန္တရာယ်ဖြစ်စေတဲ့အရာမဝင်ရောက်စေမှာဖြစ်ပါတယ်။ အနာကိုမကိုင်ခင်လက်ကိုအရင်ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပြီးရေခြောက်အောင်အရင်သုတ်ဖို့ မမေ့ပါနဲ့။ရေအခက်အခဲရှိနေရင်တော့ လက်သန့်ဆေးရည်သုံးပြီး လက်ကိုအရင်သန့်စင်လိုက်ပါ။ ၂)သွေးတိတ်အောင်လုပ်ပါ အနာပေါ်ကို အဝတ်စသန့်သန့်တစ်ခုနဲ့ဖိထားပြီး အရင်ဆုံးသွေးတိတ်အောင်လုပ်ရပါမယ်။ မိနစ်အနည်းငယ်ကြာအနာပေါ်ကို ဖိထားပြီးသွေးတိတ်အောင်လုပ်ရပါမယ်။ ၃) အနာကိုဆေးကြောပါ သွေးတိတ်အောင်လုပ်ပြီးလို့ အနာကသွေးတိတ်သွားတဲ့အခါ အနာကိုရေခပ်အေးအေးလေးနဲ့ဆေးကြောလိုက်ပါ။ရေကသန့်ရှင်းမှုရှိဖို့တော့လိုပါတယ်။ အနာတဝိုက်ကိုရေစိုဝတ်တစ်ခု နဲ့ ဆပ်ပြာကိုသုံးပြီးသန့်စင်ပေးပါ။ အနာပေါ်ကို ဆပ်ပြာနဲ့ဆေးတာမျိုးမလုပ်ပါနဲ့။hydrogen peroxide […]


ရှေးဦးသူနာပြုစုခြင်း

ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း

ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း ဆိုတာဘာလဲ? ဘယ်သူမဆို ပြင်ပအရာဝတ္ထုတစ်ခုခုကို မှားမျိုချမိတတ်ပါတယ်။ ဒီအခါ အစာလမ်းကြောင်းက ပစ္စည်းပေါ်သက်ရောက်မှုတွေဖြစ်ပြီး ခန္ဓါကိုယ်ကနေအလိုလျောက် ထွက်သွားတတ်ပါတယ်။ အချို့ ကိစ္စတွေမှာတော့ တစ်နေတတ်တာ လမ်းတစ်လျောက်မှာ ဒဏ်ရာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသဖို့လိုလာပါလိမ့်မယ်။ အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လည်း လိုပါလိမ့်မယ်။ ပြင်ပပစ္စည်း မှားယွင်းမျိုချမိတဲ့ကိစ္စဟာ ဘယ်လောကိ အဖြစ်များသလဲ? အဖြစ်များပြီး အသက်မရွေးထိခိုက်နိုင်ပါတယ်။ ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ စပ်စုလိုပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့် ရှိတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ပိုသိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများ ပြင်ပပစ္စည်း မှားယွင်းမျိုချမိတဲ့ လက္ခဏာတွေကဘာတွေလဲ? နင်နေခြင်း အသက်မရူနိုင်ဖြစ်ခြင်း ချောင်းဆိုး ခြင်း နှာချေခြင်း တကယ်လို့ ကလေးတစ်ယောက် က ပြင်ပအရာမျိုချမိလို့ လည်ပင်းမှာ မနင်ဘူးဆိုရင် လက္ခဏာချက်ချင်း ပြမှာမဟုတ်ပါဘူး။ အဲ့ပစ္စည်းက အစာလမ်းကြောင်းမှာရှိနေပြီး သဘာဝအတိုင်း ထွက်သွားပါလိမ့်မယ်။ အဲ့လိုမှ […]


ရှေးဦးသူနာပြုစုခြင်း

ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း

ဆိုင်ရာနိုက်အဆိပ်သင့်တယ်ဆိုတာ ဘာလဲ။ ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်သင့်တာက ဘယ်လောက် အဖြစ်များသလဲ။ ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ အဆိပ်မိခြင်းဧ။် လက္ခဏာများ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်- တကိုယ်လုံး အားနည်းခြင်း အာရုံထွေပြားခြင်း အလွန်အမင်းအိပ်ခြင်း သတိလစ်မေ့မျောခြင်း မောပန်းခြင်း ခေါင်းကိုက်ခြင်း မူးဝေခြင်း အန်ခြင်း ဗိုက်အောင့်ခြင်း တက်ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

ဦးခေါင်းထိခိုက်ခြင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ

ဦးခေါင်းထိခိုက်မှုတော်တော်များများဟာ အထူးစောင့်ကြည်ဖို့ သို့မဟုတ် အရေးပေါ်ဆေးရုံတင်ဖို့လိုအပ်လောက်တဲ့ အထိ မပြင်းထန်တတ်ကြပါဘူး။ သို့ပေမယ့် သိပ်မပြင်းထန်တဲ့ဦးခေါင်းထိခိုက်မှုတွေကနေတောင် နာတာရှည်ခေါင်းကိုက်ခြင်းတွေ သို့မဟုတ် အာရုံစူးစိုက်မှုခဲယဉ်းတာတွေအထိ ဖြစ်လာနိုင်ပြီး လုံးဝပုံမှန်အနေအထားအကောင်းပကတိပြန်ဖြစ်နိုင်ဖို့ အချိန်အတော်အတန်ကြာ အနားယူဖို့လိုအပ်နိုင်သေးပါတယ်။ ဦးခေါင်းထိခိုက်ထားပြီး အောက်ပါ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့် အရေးပေါ်ဌာနသို့ဖုန်းဆက်ခြင်း သို့မဟုတ် ဆေးရုံကားခေါ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ လူကြီး ခေါင်း သို့ မျက်နာတွင် အလွန်အမင်းသွေးထွက်နေခြင်း နှာခေါင်းပေါက် သို့ နားပေါက်များမှ သွေးများ သို့ အရည်များ ယိုစီးကျနေခြင်း ဆိုးရွားစွာ ခေါင်းကိုက်ခြင်း စက္ကန့်အနည်းငယ်ထက်မနည်း သတိလွတ်ခြင်း မျက်စိအောက် သို့ နားအနောက်ဘက်ခြမ်းမှာ မည်းလိုက်၊ပြာလိုက်နဲ့ အရောင်ပြောင်းခြင်း အသက်ရှူရပ်တန့်သွားခြင်း စိတ်ရှုပ်ထွေးခြင်း ဟန်ချက်မထိန်းနိုင်ခြင်း လက်တစ်ဖက် သို့ ခြေတစ်ဖက် အားနည်းခြင်း သို့ လှုပ်မရခြင်း မျက်စိသူငယ်အိမ်အရွယ်အစားမညီခြင်း ပလုံးပထွေးပြောဆိုနေခြင်း တက်ခြင်း ကလေး လူကြီးမှာပြသော […]


ရှေးဦးသူနာပြုစုခြင်း

ခြေဖဝါးဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

နေ့စဉ် သင့်ကို နေရာအနှံ့ခေါ်သွားနိုင်ဖို့အတွက် သင့်ခြေထောက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်ဟာ နာကျင်မှု မရရှိမချင်း သူတို့အကြောင်းကို သိပ်စဉ်းစားမိမှာ မဟုတ်ပါဘူး။ သင့်ခြေထောက် ဒဏ်ရာရရှိခြင်းကို ကုသဖို့နဲ့ ပိုဆိုးခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးက ခြေထောက် ဒဏ်ရာရရှိခြင်းတွေကို ကုသဖို့ အချက်အလက်တွေကိုပေးမှာ ဖြစ်ပါတယ်။   အဖြစ်များတဲ့ ခြေဖဝါးဒဏ်ရာရရှိမှုများ Plantar fasciitis ဟာ ခြေဖဝါးခုံးနာကျင်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မနက်ပိုင်းမှာ ပိုဆိုးနိုင်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။ Plantar fasciitis အတွက် ကုသမှုတွေကတော့ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဖြေဖဝါးကို အနားပေးခြင်း၊ ခြေဖဝါးခုံးကို ထောက်ပံ့မှုပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်း၊ ခြေဖဝါးနဲ့ ခြေဖနောင့်ကြွက်သားတွေကို ဆန့်ထုတ်စေခြင်း၊ ခြေဖနောင့်ကို တစ်နေ့ ဆယ်မိနစ်လောက် ရေခဲကပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ Plantar fasciitis […]


ရှေးဦးသူနာပြုစုခြင်း

ဓါတ်မတည့်မှုဖြစ်ခြင်း အတွက် ရှေးဦးသူနာပြုစုမှုများ

သင့်ခန္ဓါကိုယ်ထဲရှိ ကိုယ်ခံအားစနစ်သည် သင့်ကိုနေမကောင်းဖြစ်စေမည့် ပြင်ပမှရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ တခါတရံတွင် သင့် ကိုယ်ခံအားစနစ်သည် သင့်အပေါ်သက်ရောက်လာသော အရာများကို တုန့်ပြန်မှုလွန်ကဲရာမှ ဓါတ်မတည့်မှုဖြစ်လာရခြင်းဖြစ်သည်။ သင်သည် အစားအစာ၊ ဆေးဝါးနှင့် ပတ်ဝန်းကျင် စသည်တို့နှင့် ဓါတ်မတည့်မှုများခံစားရနိုင်ပါသည်။   ဘယ်အချိန်မှာ ရှေးဦးပြုစုမှုကို လိုအပ်သလဲ။ ဓါတ်မတည့်မှုကို ပြင်းထန်စွာခံစားနေရသော လူနာများနှင့် အောက်ပါလက္ခဏာများရှိလျှင်ရှေးဦးပြုစုရန် လိုအပ်သည်။ အသက်ရှုကျပ်လာခြင်း နှင့် တရွှီရွှီမြည်နေခြင်း အသံသြလာခြင်း၊ စကားပြောရခက်ခြင်း လည်ချောင်းထဲတွင် ကျပ်ပြီး အသက်ရှုမဝတော့ခြင်း နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ဖောင်းရောင်လာခြင်း နှလုံးခုန်၊ သွေးခုန်မြန်လာခြင်း ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း သတိလစ်သွားခြင်း စိုးရိမ်စိတ်များခြင်း၊ ခေါင်းမူးခြင်း သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် အထက်ပါလက္ခဏာများ ခံစားရပါက Epinephrine ဆေး၂ လုံးကိုထိုးရန် ဆောင်ထားသင့်သည်။   ပြင်းထန်စွာ ဓါတ်မတည့်ခြင်းနှင့်ပက်သက်ပြီး သိထားသင့်သော အရာများ ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် သွေးလန့်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။ ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံပေါင်နဲ့ခြေဖဝါးမှာဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတတ်ပါတယ်။ ဥပမာ - လေ့ကျင့်ခန်းကြောင့်၊ ထိခိုက်မှုကြောင့်၊ ကြွက်သားကိုအသုံးပြုမှုများတာကြောင့်၊ ကိုယ်ဝန်ဆောင်ခြင်း။ ကြွက်တက်ခြင်းဟာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေချို့တဲ့မှုကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာဖြစ်လာတတ်ပါတယ်။ အအေးဓါတ်များတဲ့အချိန်၊ အထူးသဖြင့်အေးစိမ့်တဲ့ရာသီဥတုမှာဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေ၊ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာရုံကြောနှင့်ကြွက်သားများဆုတ်ယုတ်ပျက်စီးမှုရောဂါ(multiple sclerosis) တို့ိလို တခြားရောဂါတွေကြောင့်၊အိပ်နေစဉ်အတွင်းခြေထောက်အနေအထားမမှန်တာ မညီမညာမျက်နှာပြင်တစ်ခုမှာ အချိန်ကြာကြာရပ်နေတာ၊ အချိန်ကြာကြာထိုင်တာ၊ သွေးတွင်းမှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊နဲ့တခြားသတ္ထုဓါတ်တွေ မလုံလောက်တာ၊ ရေဓါတ်ခန်းခြောက်ခြင်း၊ စိတ်ငြိမ်ဆေး၊ သန္ဓေတားဆေး၊ ဆီးဆေး၊statins […]


ရှေးဦးသူနာပြုစုခြင်း

Spider Bite (ပင့်ကူကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spider Bite (ပင့်ကူကိုက်ခြင်း) ကဘာလဲ။ လူအများစုပင့်ကူကြောက်ကြပေမယ့် ပင့်ကူတွေက သူတို့ကိုမထိခိုက်မခြင်း ကိုက်ခဲပါတယ်။ ပင့်ကူအများစုဟာ အန္တရာယ်မရှိတတ်ဘဲ တခါတရံမှာတော့ ဓါတ်မတည့်ခြင်းကဲ့သို့ လကဏာတွေတွေ့ရတတ်ပါတယ်။ ပင့်ကူကိုက်တာမမြင်လိုက်ဘဲ အဖုများ၊ ကိုက်ရာ၊ ယားဖုများ၊ နီရဲခြင်းတို့သာ ဖြစ်လာတတ်တာဖြစ်တယ်။ ထိုအချက်တွေဟာ ပိုးမွှားကိုက်တာမှစလို့ အဖုပေါက်ခြင်း၊ အရေပြားပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုက်သွားသောပိုးကောင်ကိုဖမ်းမိတာ၊ တိကျတဲ့လက္ခဏာတွေပြတာမဟုတ်ရင် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေတောင် ဘာကြောင့်ထိုကဲ့သို့လက္ခဏာတွေဖြစ်လာရသလဲ သေချာမှာမဟုတ်ပါဘူး။ ပင့်ကူအများစုကအဆိပ်မရှိသလို သူတို့အစွယ်တွေဟာ လူတွေကိုအန္တရာယ်ပေးဖို့ သေးငယ်လွန်းပါတယ်။ ယားယံခြင်း၊ နီရဲခြင်းတွေဟာ တစ်ပတ်အတွင်းပျောက်သွားမှာဖြစ်တယ်။ ဒါပေမယ့် တချို့ပင့်ကူတွေကတော့ အဆိပ်ရှိနိုင်တာကြောင့် သင့်ရရှိသောလက္ခဏာတွေကိုသတိထားကြည့်သင့်ပါတယ်။ Spider Bite (ပင့်ကူကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSpider Bite (ပင့်ကူကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကိုက်ခံရသောနေရာတွင်ရောင်ရမ်းခြင်း ယားခံ၊ စူးခြင်း ထုံခြင်း၊ ကျဉ်ခြင်း အဆိပ်ရှိပင့်ကူတွေကတော့- ကိုက်ရာနေရာတွင်နာကျင်ခြင်း အဆစ်များနာခြင်း၊ တောင့်တင်းခြင်း ကြွက်သားများတောင့်ခြင်း ဗိုက်နာခြင်း၊ ပျို့ခြင်း အန်ခြင်း ဖျားခြင်း၊ ချမ်းတုန်ခြင်း အသက်ရှူရခက်ခြင်း၊ မျိုရခက်ခြင်း အနာဖြစ်ခြင်း၊ […]


ရှေးဦးသူနာပြုစုခြင်း

Heat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Heat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း) ကဘာလဲ။ အပူရှပ်ခြင်း (heat exhaustion) ဆိုတာဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူဟာ ရေဓါတ်ခန်းခြောက်မှုနဲ့ တွဲဖက် ဖြစ်ပွားတတ်ပါတယ်။ အပူရှပ်ခြင်းဟာ heat stroke (သေစေနိုင်လောက်သော ပြင်းထန်သည့် အပူရှပ်ခြင်း) လောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် သေချာဂရုစိုက်ခြင်းမရှိရင် အပူရှပ်ခြင်းဟာ heat stroke ဖြစ်သွားနိုင်ပြီး ဦးနှောက်နဲ့ အခြား အရေးကြီးတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးနိုင်ပါတယ်။   အပူရှပ်ခြင်း နှစ်မျိုးရှိပါတယ်။ ရေဓါတ်လျော့နည်းခြင်း – ရေငတ်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်း။ ဆားဓါတ် လျော့နည်းခြင်း – ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်း။   လက္ခဏာများHeat Exhaustion (အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ အောက်ဖေါ်ပြပါ လက္ခဏာတွေ ပြတတ်ပါတယ်။ စိတ်ရှုပ်ခြင်း အရောင်ရင့်သော ဆီးသွားခြင်း ခေါင်းမူးခြင်း သတိမေ့ခြင်း ပင်ပန်းလွယ်ခြင်း ခေါင်းကိုက်ခြင်း ကြွက်တတ်ခြင်း ပျို့အန်ခြင်း […]


ရှေးဦးသူနာပြုစုခြင်း

အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသမှု ဘယ်လိုလုပ်ရမလဲ

အရိုးကျိုးခြင်းဆိုတာ အရိုးနဲ့ပတ်သက်ပြီး ဖြစ်ပွားမှု အများဆုံးပြသနာတစ်ခုဖြစ်ပါတယ်။ ဆေးရုံ သုတေသန အချက်အလက်များအရ- လူဦးရေရဲ့ ၂.၄ရာခိုင်နှုန်း ဟာ အရိုးကျိုးဖူးကြပါတယ်။ ၁၀ရာခိုင်နှုန်း ခန့်ဟာ ကလေးဘဝမှာ အရိုးကျိုးဖူးပါတယ်။ အသက် ၅၀ကျော်လာတဲ့အခါမှာ အမျိုးသမီးများရဲ့ထက်ဝက်နဲ့ အမျိုးသားများရဲ့ ၂၅ရခိုင်နှုန်းခန့်ဟာ အသက်အရွယ်နဲ့ သက်ဆိုင်သော အရိုးကျိုးခြင်း ဖြစ်တတ်ကြပါတယ်။ အရိုးကျိုးခြင်းဟာ မည်သူမဆို အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ယာဉ်တိုက်မှု၊ အမြင့်ကပြုတ်ကျမှု စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့အခြေအနေတွေဟာ အရိုးကိုကျိုးပဲ့လွယ်စေတာမို့ အလွယ်တကူကျိုးနိုင်ပါတယ်။ ဥပမာ ပါရာသိုင်းရွိုက်ဂလင်း အလွန်အလုပ်လုပ်တဲ့အခါ ကယ်လ်စီယမ်ဓါတ်ကို ထိန်းချုပ်တဲ့ သူ့ရဲ့ဟော်မုန်း ထွက်လာပါတယ်။ အဲဒီဟော်မုန်းများလာတဲ့အခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်ကို ကျောက်ကပ်နဲ့ အူကနေ စုပ်ယူတတ်ပါတယ်။ အဲဒီအခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်တွေ ကျဆင်းသွားနိုင်ပါတယ်။   အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသခြင်း ဘယ်လိုလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း