ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အနာတွင်ပိုးဝင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်အနာပိုးဝင်ခြင်း ဆိုတာဘာလဲ။ သင့်ကလေးရဲ့ အရေပြားမှာ ပေါက်ပြဲမှု ဖြစ်သွားရင် ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ရှိမရှိကို စောင့်ကြည့်ပါ။ ရှိခဲ့ရင်တော့ ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပါမယ်။ အများအားဖြင့် ဒဏ်ရာရပြီး ၂၄နာရီကနေ ၇၂နာရီအတွင်း အနာပိုးဝင်မှုအများဆုံး ဖြစ်တတ်ပါတယ်။ လက္ခဏာများအနာပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာရဲ့အနားသတ်နားမှာပဲ ပန်းရောင်ဖြစ်နေတာ၊ ရောင်နေတာတွေကတော့ ပုံမှန်ပါပဲ။ အထူးသဖြင့် အနာကို ချုပ်ထားပြိးရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နီရဲနေတဲ့နေရာကို တခြားကို မပျံ့နှံ့ဖို့တော့ လိုပါတယ်။ ဒါဆိုရင် စိတ်ပူစရာ မလိုပါဘူး။ နာကျင်မှုကတော့ သာမန်အားဖြင့် ဖြစ်တတ်ပါတယ်။ ဒုတိယနေ့လောက်မှာ အဆိုးဆုံးဖြစ်တတ်ပြီး နောက်ပိုင်းမှာတော့ သက်သာသွားပါမယ်။ ပိုးဝင်သွားမယ်ဆိုရင်တော့ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်တတ်ပါတယ်။ သွေးကြောထဲအထိ […]


ရှေးဦးသူနာပြုစုခြင်း

တိတိကျကျ ပြောမရသောမြွေကိုက်ခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်တိတိကျကျ ပြောမရသောမြွေ ကိုက်ခံရခြင်း ဆိုတာဘာလဲ တစ်ခါတစ်လေမှာ ကလေးမြွေကိုက်ခံရတာကို မိဘတွေက သိတဲ့အချိန်မှာ မြွေက မရှိတော့ပါဘူး။ တစ်ခါတစ်ခါကျတော့လည်း မြွေက အသတ်ခံလိုက်ရပြီး ဘာမြွေရယ်လို့ တိတိကျကျ ပြောရခက်သွားပါတယ်။ (တကယ်လို့ သေသွားတာ သေချာရင်တော့ ဆေးခန်းသွားပြတဲ့အခါ ကိုယ်နဲ့တစ်ပါတည်း ယူသွားသင့်ပါတယ်) အများအားဖြင့်တော့ အန္တရာယ်မရှိနိုင်ဘဲ ကိုက်ခံရပြီး ၅မိနစ်အတွင်းမှာ နီရဲရောင်ရမ်းပြီး ပူလာတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။ လက္ခဏာများတိတိကျကျ ပြောမရသောမြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ • စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ် • ပါးစပ်၊ နှာခေါင်း၊ အနာကနေ သွေးထွက်မယ် • သွေးအန်မယ်၊ ဆီးနဲ့ဝမ်းထဲမှာ သွေးပါလာမယ် • ပြင်းပြင်းထန်ထန် နာမယ် • ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ် • […]


ရှေးဦးသူနာပြုစုခြင်း

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ

တိရစ္ဆာန် ကိုက်ခံရတဲ့အခါ အဓိကအားဖြင့် တိရစ္ဆာန်တွေကို ခွေးရူးပြန်ရောဂါ ရနိုင်တဲ့တိရစ္ဆာန်တွေနဲ့ စိတ်ချရတဲ့ တိရစ္ဆာန်တွေရယ်လို့ နှစ်မျိုးခွဲနိုင်ပါတယ်။ ခွေးရူးပြန်ရောဂါ ရနိုင်တယ်ဆိုရင် ဒီရောဂါဟာ သေစေနိုင်တဲ့ ရောဂါဖြစ်တာမို့ သတိထားရပါမယ်။ ခွေးကိုက်မှ ဖြစ်တာမဟုတ်ဘဲ လင်းနို့၊ မြေခွေး၊ ခွေးအ၊ ကြောင်မျိုးစိတ်တချို့နဲ့ တောရိုင်းတိရစ္တာန်တွေ ကိုက်ခံရရင်လည်း ဖြစ်တတ်ပါတယ်။ သူတို့မှာ ဘာလက္ခဏာမှ ရှိမနေရင်တောင် ရောဂါပိုးကို ပြန့်ပွားစေနိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ ရှဉ့်တွေမှာလည်း ဒီပိုးက ရှိနေတတ်ပါတယ်။ ခွေးရူးပြန်ရောဂါ မရနိုင်တဲ့ တိရစ္ဆာန်ကိုက်ခြင်းတွေကတော့ ကြွက်၊ ပူး၊ ယုန် စတာတွေကို ပြောတာဖြစ်ပါတယ်။ လက္ခဏာတွေက ဘာတွေလဲ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ • ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်ခြင်း • အညိုအမဲစွဲခြင်း • ကြိတ်ချေခံရခြင်းနဲ့ • ထိုးသွင်းဒဏ်ရာများ ဖြစ်ပါတယ်။ ဘာလုပ်သင့်လဲ ခွေးရူးပြန်ရောဂါပိုးနဲ့ ထိတွေ့မိလိုက်တယ်ထင်ရင် အနာကို ဆပ်ပြာ၊ ရေတို့နဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြာအောင် ချက်ချင်းဆေးကြောပစ်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် […]


ရှေးဦးသူနာပြုစုခြင်း

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း ဆိုတာဘာလဲ။ အယ်ကာလီ၊ အက်ဆစ်၊ ဒါမှမဟုတ် အရေပြားကို ထိမိရင် ပျက်စီးစေတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားလောင်သွားခြင်းကို ခေါ်တာဖြစ်ပါတယ်။ အများစုအားဖြင့် နေလောင်ပြီးဖြစ်သလောက်သာ ခံစားရနိုင်ပါတယ်။ အိမ်မှာ ကိုယ့်ဟာကိုယ် ဆံပင်ပြန်ပေါက်အောင် ကြိုးစားရင် ဦးရေပြားလောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ ဓါတုပစ္စည်းတစ်ချို့ကသာ ပြင်းထန်တဲ့ လောင်ကျွမ်းမှုကို ဖြစ်စေတာပါ။ လက္ခဏာများဓါတုပစ္စည်းနဲ့ ထိတွေ့လောင်ကျွမ်းမိရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ • ဗိုက်အောင်ခြင့် • အသက်ရှူရခက်ခြင်း • အရေပြားနဲ့ နှုတ်ခမ်းတို့မှာ နီရဲ၊ သို့မဟုတ် အပြာရောင် ဖြစ်လာခြင်း • တက်ခြင်း • မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း • ခေါင်းကိုက်ခြင်း • အပိန့်ထွက်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အကြိတ်ထွက်ခြင်း • စိတ်တိုလွယ်ခြင်း • ထိတွေ့မိတဲ့နေရာမှာ နာကျင်ခြင်း • နီရဲခြင်း၊ အပူလောင်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး […]


ရှေးဦးသူနာပြုစုခြင်း

သတိမေ့မြောခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သတိမေ့မြောခြင်းဆိုတာ ဘာလဲ သတိလစ်ပြီး ခေါ်မရဖြစ်နေတာ၊ နှိုးလို့မရတဲ့ ဖြစ်နေတဲ့ အခြေအနေမျိုးကို သတိမေ့မြောခြင်းလို့ ခေါ်ပါတယ်။ အကြောင်းရင်းတွေကတော့ မြောက်များစွာရှိပါတယ်။ မူးယစ်ဆေးတခုခုသုံးမိတာ၊ ဆေးသောက်လွန်သွားတာ၊ အဆိပ်သင့်တာ၊ ခေါင်းကိထိခိုက်မိတာ၊ ဦးနှောက်ရောင်တာနဲ့ သွေးထဲသကြားဓါတ်ကျတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ လက္ခဏာများလက္ခဏာတွေက ဘာတွေလဲ ဒီလိုလက္ခဏာတွေ ရှိနေရင်တော့ သတိထားသင့်ပါတယ်။ ကလေးက နှိုးလို့မရတော့ဘူး ခေါင်းသို့မဟုတ် လည်ပင်းကို ထိခိုက်မိမယ် ပျားတုပ်ခံရတာ၊ ဆေးတခုခုနဲ့ မတည့်တာမျိုးတွေ ဖြစ်နိုင်တယ် ကလေးက အသက်မရှူတော့ဘူး အသက်ရှူတာက အရမ်းနည်းနေမယ် အသက်ကို ပြင်းပြင်းရှူနေရမယ်၊ တခြားအသံတွေလည်း ထွက်နေမယ် နှုတ်ခမ်းတွေ ပြာလာမယ် တကယ်လို့ အန်နေတယ်ဆိုရင်တော့ ဘေးစောင်းတာ၊ ဒါမှမဟုတ် မှောက်ရက်အနေအထားအတိုင်း နေသင့်ပါတယ်။ ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်သလဲ သတိလစ်မေ့မြောခြင်းက ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဆရာဝန်က မေ့မြောသွားတဲ့သူရဲ့ အသက်ရှူလမ်းကြောင်းကို စစ်ဆေးမယ်၊ သူ့ရဲ့ အသက်ရှူခြင်းနဲ့ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း ဖြစ်နေအောင် လုပ်ပေးပါလိမ့်မယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အရေပြားတွင် ထိုးသွင်းခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ထိုးသွင်းဒဏ်ရာ ဆိုတာဘာလဲ။ ရှည်ပြီးချွန်ထက်တဲ့ အရာဝတ္ထုတခုခုနဲ့ ထိုးသွင်းခံရရင် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးကတော့ သံဆူးမိတာပါပဲ။ ချုပ်ဖို့လည်း အနာက သိပ်မကြီးပါဘူး။ အပေါ်ယံက လျင်မြန်စွာ ပိတ်သွားပြီး သွေးထွက်လာတာမျိုးလည်း မရှိတာမို့ ဒီလိုဒဏ်ရာမျိုးဟာ ပိုးဝင်နိုင်ချေ အင်မတန်များပါတယ်။ အပေါ်မျက်ခွံ ထိုးသွင်းဒဏ်ရာ ရရင် (ဥပမာ ခဲတံနဲ့ ထိုးမိပြီး) အထူးသတိထားရပါတယ်။ ဦးနှောက်ပြည်တည်တဲ့အထိ ဖြစ်တတ်လို့ပါ။ ခြေထောက်မှာ ပိုးဝင်သွားရင်လည်း ရောင်ရမ်းမှုတွေက ဒဏ်ရာရအပြီး ၁ပတ်ကနေ ၂ပတ်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လု့ိ သင့်ကလေးက မေးခိုင်ကာကွယ်ဆေး ထိုးမထားရင် မေးခိုင်ပိုးဝင်သွားနိုင်ပါတယ်။ လက္ခဏာများထိုးသွင်းဒဏ်ရာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ထိုးသွင်းမိတဲ့နေရာမှာ နာကျင်ပြီး သွေးအနည်းငယ်ထွက်တတ်ပါတယ်။ ပြတ်ရှသွားတာမျိုး ရှိရင်တော့ ပိုလို့မြင်သာပါတယ်။ ဒါပေမယ့် ဖန်ကွဲစလေးတွေ စူးမိတာမျိုးဆိုရင်တော့ ချက်ချင်းသတိမထားမိတတ်ပါဘူး။ အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်။ အရည်ကြည်တွေထွက်မယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်ရှိသော မြွေကိုက်ခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆိပ်ရှိသော မြွေကိုက်ခံရခြင်း ဆိုတာဘာလဲ မြွေက ကိုယ့်အသားကို ကိုက်လိုက်ပြီဆိုရင် ဒါဟာ မြွေပေါက်ခံရတာပါပဲ။ အဲဒီမြွေက အဆိပ်ရှိတယ်ဆိုရင်တော့ ဒါဟာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်သွားပါပြီ။ လက္ခဏာများအဆိပ်ရှိတဲ့မြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ • ကိုက်ခံရတဲ့နေရာမှာ ပြင်းပြင်းထန်ထန် နာမယ် • ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ် • ပျို့မယ်၊ အော့အန်မယ် • ဝမ်းလျှောမယ် • အရေပြားမှာ အယားကွက်တွေ ထလာမယ် • နှုတ်ခမ်း၊ လျှာနဲ့ အာခေါင်တွေ ထူလာမယ် • အသက်ရှူရခက်ပြီး ရင်ကြပ်သလို ဖစ်လာမယ် • စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ် • နှလုံးခုန်နှုန်းတွေ မူမမှန် ဖြစ်လာမယ် ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်သလဲ အကောင်းဆုံးကတော့ အနီးဆုံးဆေးရုံရဲ့ အရေးပေါ်ဌာနကို အမြန်သွားပြီး မြွေဆိပ်ဖြေဆေးနဲ့ တခြားအရေးပေါ်လိုအပ်မယ့် ကုသမှုတွေ […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်မရှိသော မြွေကိုက်ခံရခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆိပ်မရှိသော မြွေကိုက်ခံရခြင်း ဆိုတာဘာလဲ အဆိပ်မရှိတဲ့၊ အိမ်မှာ၊ ခြံထဲမှာ မွေးထားလို့ရတဲ့ မြွေတွေ၊ ဥယျာဉ်ခြံတွေထဲက မြွေတွေကိုက်ခံရခြင်းကို ဆိုလိုတာပါ။ အဲဒီမြွေအမျိုးအစားတွေဟာ အန္တရာယ်မရှိပါဘူး။ လက္ခဏာများအဆိပ်မရှိတဲ့မြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ ကိုက်ခံရတဲ့နေရာမှာ မြွေရဲ့အဆွယ်နဲ့ ထိုးခံထားရတာကြောင့် အနည်းငယ်နာကျင်မယ်။ ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်လဲ အိမ်မှာတင် စောင့်ရှောက်မှုပေးလို့ရပါတယ်။ အများအားဖြင့် မြွေရဲ့သေးငယ်တဲ့ သွားလေးတွေက အရေပြားမှာ အပေါက်ရာလေးတွေ ကျန်နေခဲ့တတ်တယ်။ အရေပြားကို ဖောက်သွားတာမျိုးမဟုတ်ဘဲ အရာထင်ကျန်နေတာမျိုးပါ။ အဲဒါကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောပါ။ အနာပတ်တီးပတ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တကယ်လို့ အရေပြားပေါက်ပြဲသွားရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ ကလေးတွေမှာဆိုရင်တော့ ထိုးထားတာ ၅နှစ်ကျော်ခဲ့ပြီဆိုရင်၊ မထိုးထားရသေးဘူးဆိုရင် ထိုးသင့်ပါတယ်။ ဒီလက္ခဏာတွေအပြင် တခြားလက္ခဏာတွေပေါ်လာရင်တော့ ဆရာဝန်ပြကြည့်သင့်ပါတယ်။ ကာကွယ်မှုများဘယ်လိုကာကွယ်လို့ရမလဲ မြွေကိုက်မခံရဖို့အတွက် မြွေများပုန်းအောင်းနေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လိုနေရာမျိုးတွေ) အဆိပ်မရှိဘူးဆိုပေမယ့်လည်း ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့ တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် […]


ရှေးဦးသူနာပြုစုခြင်း

အကိုက်ခံရခြင်း

အကိုက်ခံရခြင်း ဆိုတာဘာလဲ။ အများစုအားဖြင့် ရန်ဖြစ်ကြတဲ့အခါမှာ ကလေးအချင်းချင်း ကိုက်မိတတ်ကြပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ ဖြစ်တတ်ပြီး လက်မောင်း သို့မဟုတ် လက်ဖျံမှာ ဖြစ်တတ်ပါတယ်။ နည်းနည်းကြီးသွားရင် လက်သီးနဲ့ထိုးရင်း သွားနဲ့ထိခိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်ကိုက်တာထက်စာရင် လူကကိုက်ခြင်းက ပိုပြီး ပိုးဝင်လွယ်ပါတယ်။ လက်မှာဖြစ်ရင်တော့ နောက်ဆက်တွဲပြဿနာတွေ ပိုများတတ်ပါတယ်။ ကိုက်ခံရခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အနာတစ်ဝိုက်မှာ ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်လာမယ်။ အကြိတ်တွေ ထွက်လာမယ်။ အဖျားကြီးမယ်၊ ချမ်းတုန်လာမယ်။ သင့်အနေနဲ့ ဘာလုပ်သင့်သလဲ။ ထိုးသွင်းဒဏ်ရာနဲ့ စုတ်ပြဲဒဏ်ရာဖြစ်ရင် ဖြစ်ဖြစ်ချင်း စီးဆင်းနေတဲ့ရေအောက်မှာ ဆပ်ပြာနဲ့ ၁၀မိနစ်ခန့် ဆေးချပစ်ပါ။ သင့်ကလေးကို မေးခိုင်ကာကွယ်ဆေးထိုးထားမထား ပြန်စစ်ပါ။ ပြတ်ရှမှုများအတွက် ဆပ်ပြာ၊ ရေတို့နဲ့ ၅မိနစ်ခန့် ဆေးပါ။ ဒီအတိုင်းထားလည်း ရသလို၊ ညစ်ပတ်လွယ်တဲ့ နေရာမျိုးမှာဖြစ်ရင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ

အိုင်အိုဒင်းဆိုတာ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကလိုအပ်ပေမယ့် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်နေတဲ့ အိုင်အိုဒင်းပမာဏကို အစားအစာကနေပဲရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ အိုင်အိုဒင်းပါဝင်မှုနည်းပါးကြသလို ပင်လယ်ရေညှိမှာပဲ ပါဝင်မှုများပါတယ်။ အိုင်အိုဒင်းချို့တဲ့ခဲ့ရင် သိုင်းရွိုက်ေဟာ်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါအခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့ အိုင်အိုဒင်းဆားကို ထုတ်လုပ်ကြတာဖြစ်ပါတယ်။ အိုင်အိုဒင်းကို အစားအသောက်မှာမဟုတ်ဘဲပြင်ပသုံးဆေးဝါးအနေနဲ့ ပိုးသတ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ ထိခိုက်ဒဏ်ရာ၊ ကွဲရာ ရှရာ အသေးစားတွေမှာ ပိုးမဝင်စေဖို့ ၊ဘက်တီးရီးယားေတွသေစေဖို့အိုင်အိုဒင်းဆေးရည်ကို သုံးကြပါတယ်။ အနာအတွက်သုံးတဲ့ အိုင်အိုဒင်းက - တင်ချာ ဆေးရည် ကပ်ခွာ ဂျဲလ် ပုံစံတွေနဲ့ ရှိပါတယ်။ ဘာလို့သုံးကြတာလဲ အနာကို ပိုးသတ်ဖို့အတွက်ပါ။ သာမန်အပေါ်ယံ အရေပြား ထိခိုက်ရှနာေတွ၊ မကျက်သေးတဲ့အနာတွေနဲ့ ဒဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ဖို့၊ကုသဖို့အတွက် အိုင်အိုဒင်းကိုသုံးသလို အနာ၊ ဒဏ်ရာ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးပါတယ်။ အနာကျက်စေဖို့လည်း ပါပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်