ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခရီးအပြန် နေမကောင်းဖြစ်ခြင်း

ခရီးသွားခြင်းက အကောင်းဆုံး အတွေ့အကြုံတွေနဲ့ အမှတ်တရတွေ အမြဲ ဖန်တီးပေးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ သတိရစရာတွေထက် ပိုတဲ့ အမှတ်တရ အိမ်ပြန်လက်ဆောင် တွေပါလာတတ်ပါတယ်။ ၎င်းကတော့ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။ ခရီးထွက်အပြီး ရလာတဲ့ ဖျားနာမှုတွေဟာ သာမာန် အအေးမိ၊ အစာအိမ်အောင့်တာလောက်ပဲ ဖြစ်ပြီး သိပ်မပြင်းထန်တဲ့ အတွက် စိုးရိမ်ပူပန်စရာ မလိုပါဘူး။ ဒါပေမယ့် တချို့သော ရောဂါ လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားတွေ့ဖို့ လိုအပ်လာပါပြီ။ ရောဂါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်၊ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။   ဖျားခြင်း ငှက်ဖျား အဖြစ်များတဲ့နိုင်ငံ တစ်ခုကိုသွားပြီး ပြန်ရောက်လို့ တစ်လအတွင်းမှာ ဖျားပြီဆိုရင်တော့ ချက်ချင်း ဆေးကုသခံယူဖို့ ဆရာဝန်ဆီ သွားသင့်ပါပြီ။ အဖျား အများစုဟာ စစချင်းမှာ သိပ်မပြင်းထန်ပေမယ့် ငှက်ဖျားကတော့ မတူပါဘူး။ […]


ရှေးဦးသူနာပြုစုခြင်း

Nosebleeds (နှာခေါင်းသွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nosebleeds (နှာခေါင်းသွေးယိုခြင်း) ကဘာလဲ။ Nosebleeds (နှခေါင်းသွေးလျှံခြင်း) ဆိုသည်မှာ နှာခေါင်းတွင်း သွေးကြောများ ထိခိုက်မိခြင်းကြောင့် နှာခေါင်းမှ သွေးထွက်လာသည့် ဖြစ်စဉ်ကို ခေါ်ခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် သွေးဟာ နှာပေါက်တစ်ခုတည်းကသာ စီးဆင်းပါတယ်။ လူတော်တော်များများ ဘဝမှာ တစ်ကြိမ်တော့ နှာခေါင်းသွေးလျှံတတ်ကြပါတယ်။ ကိစ္စတော်တော်များများမှာ သင်နှာခေါင်းကို ဖိလိုက်ခြင်းဖြင့် သွေးထွက်တာကို ရပ်စေပါတယ်။ သို့သော် တချို့လူတွေမှာတော့ ဆေးကုသမှု ခံယူဖို့လိုပါတယ်။ Nosebleeds (နှာခေါင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှာခေါင်းသွေးထွက်တာဟာ တော်တော် အဖြစ်များတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ လူကြီးတွေမှာထက် ကလေးတွေမှာ ၂ ဆနီးပါး ရံဖန်ရံခါ အဖြစ်များတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNosebleeds (နှာခေါင်းသွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေ အနေနဲ့ နှခေါင်းပေါက်တစ်ဖက် […]


ရှေးဦးသူနာပြုစုခြင်း

အိမ်မှာ အပူလောင်ရင် ဘယ်လို ပြုစုမလဲ

အပူလောင်တယ်ဆိုတာ အဖြစ်များဆုံး ဒဏ်ရာတစ်မျိုးပါ။ အများအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အရေပြားဆဲလ်တွေကို သေစေပြီး အရေပြားကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ တခြားဆက်စပ်ပြီးတော့ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာများကို ဦးတည်သွားစေနိုင်ပါတယ်။   အပူလောင်မှုအဆင့် အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။ အဆင့်(၁) အပူလောင်မှု : အရည်ကြည်ဘုမထွက်ပဲ နီရဲသော အရေပြား၊ နာကျင်မှုအနည်းငယ်၊ ယောင်ယမ်းမှု အနည်းငယ် ရှိမယ်။ အဆင့်(၂) အပူလောင်မှု : ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဘုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။ အဆင့်(၃) အပူလောင်မှု : ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် […]


ရှေးဦးသူနာပြုစုခြင်း

အနာပြန်ကျက်ချိန်မှာ ဘာလို့ယားယံတာလဲ။

အနာကျက်နေတဲ့အချိန်မှာ ဘာလို့ယားရတာလဲလို့ လူတိုင်းကတွေးမိကြပါတယ်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက မသိကြပေမယ့် သီအိုရီတွေတော့ အများကြိး ရှိပါတယ်။ အနာကျက်တဲ့ ဖြစ်စဉ် အနာကျက်နေတဲ့အချိန်မှာ ဘာလို့ယားရတာလဲလို့ သိချင်ရင် အနာကျက်တဲ့ ဖြစ်စဉ်ကို သဘောပေါက်ဖို့လိုအပ်ပါတယ်။ သင့်အရေပြားဟာ သင့်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကနေ ပထမဆုံးကာကွယ်ပေးတဲ့ အရာဖြစ်ပါတယ်။ လုံခြုံရေး စနစ်မှာလိုပဲ တစ်ခုခုက စတင်ဝင်ရောက်လာရင် သတိပေးခေါင်းလောင်း စမြည်ပါတော့တယ်။ ဒါဟာ သင့်ကိုယ်ခန္ဓါကို တစ်ခုခုလုပ်ဖို့ သတိပေးပြီး အနာကျက်တဲ့ ဖြစ်စဉ် စတင်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ အနာကျက်တဲ့ ဖြစ်စဉ်ရဲ့ အဆင့်လေးဆင့် ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ သွေးတိတ်ခြင်းပဲဖြစ်ပါတယ်။ သွေးကြောတွေ ကျဉ်းလာပြီးတော့ သွေးထွက်တာကို နှေးစေပါတယ်။ Platelets တွေ လာကပ်ပြီးတော့ ဒဏ်ရာနေရာမှာ Platelet အဆို့ကို ဖြစ်ပေါ်စေပါတယ်။ ပြီးရင်တော့ သွေးခဲခြင်းဖြစ်ပေါ်ပြီး Fibrin တွေဟာ […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်မိခြင်းအတွက်ရှေးဦးသူနာပြုစုနည်း

အဆိပ်ဆိုတာ မြိုချမိခြင်း၊ ရှူရှိုက်မိခြင်း၊ ထိကိုင်မိခြင်း သို့ အကြောသွင်းထိုးသွင်းခြင်းဖြင့် လူကို ဒဏ်ရာရစေနိုင် သို့ သေစေနိုင်တဲ့ ဓါတုပစ္စည်း၊ မြွေအဆိပ်နှင့် အငွေ့တွေဖြစ်တယ်။ တချို့ဆေးများနှင့် ကာဗွန်မိုနောက်ဆိုဒ်အငွေ့တွေကလည်း ပမာဏများများသုံးမိရင် အန္တရာယ်ဖြစ်စေတယ်။ သန့်ရှင်းရေးအတွက်သုံးသောဆေးတွေကလည်း စားသုံးမိရင် အဆိပ်မိစေတယ်။ ကလေးတွေဟာ တချို့ဆေးတွေ၊ ဓါတုပစ္စည်းတွေကို အနည်းငယ်စားမိရုံနှင့် အဆိပ်သင့်နိုင်တယ်။   ၁။ အဆိပ်မိတဲ့လူကို ဘယ်လိုအချက်တွေပေါ်မူတည်ပြီး ကုသမလဲ။ • အဆိပ်မိသူ၏ လက္ခဏာ • အဆိပ်မိသူ၏ အသက် • အဆိပ်ဖြစ်စေတဲ့ အရာရဲ့ ပမာဏ(သိနိုင်လျှင်) အဆိပ်မိနေတယ်လို့ သံသယရှိလျှင် အဆိပ်မိသူကို ကူညီတဲ့ဌာန ၊ ဆေးရုံ သို့ ဆက်သွယ်နိုင်သည်။ မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာ သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။ မိမိတို့မြို့နယ်ရှိ အဆိပ်ထိန်းချုပ်တဲ့စင်တာဟာ အဆိပ်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်အတွက် အကောင်းဆုံးဖြစ်ပြီး အိမ်မှာစောင့်ကြည့်ဖို့ လိုတဲ့အချက်တွေကိုလည်း သိနိုင်တယ်။   ၂။ ဘယ်အချိန်မှာ […]


ရှေးဦးသူနာပြုစုခြင်း

လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်း ( NCBI ) အရ လူကိုက်ဒဏ်ရာတွေဟာ အနာတစ်ဝိုက်မှာ ပိုးဝင်ပြီးအန္တရာယ်ဖြစ်စေနိုင်ရုံတင် မဟုတ်ဘဲ ဘက်တီးရီးယား ဗိုင်းရပ်စ်ပိုးတွေပါ ဝင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လူကိုက်ဒဏ်ရာတွေကို ကောင်းကောင်းကုသနိုင်မယ့် နည်းတွေသိထားသင့်ပါတယ်။   လူကိုက်ဒဏ်ရာဆိုတာဘာလဲ။ တိရစ္ဆာန်ကိုက်ရာလိုပဲ လူတွေဟာလည်းအခြားလူတစ်ယောက်ကိုက်တာ ခံရနိုင်ပါတယ်။ ထူးခြားတာက အရေးပေါ်ဌာနမှာ တွေ့ရတဲ့ ကိုက်ခံရတဲ့ပြဿနာတွေမှာ ခွေး နဲ့ကြောင်ပြီးရင် လူကိုက်ဒဏ်ရာက တတိယချိတ်ပါတယ်။ အထူးသဖြင့် ကလေးတွေက ပိုဖြစ်တတ်ပါတယ်။ လူကိုက်ဒဏ်ရာတွေကို ဘယ်လိုကုမလဲ။ ဒီအခြေအနေကို ကုသဖို့၃ဆင့်ရှိပါတယ်။ ပထမအဆင့် ။ သွေးတိတ်အောင်လုပ်ပါ ခြောက်သွေ့တဲ့ ၊ ဖြစ်နိုင်ရင်ပိုးသတ်ထားတဲ့ အဝတ်စတစ်ခုခုနဲ့ ဒဏ်ရာကိုဖိပြီးသွေးတိတ်အောင်လုပ်ပါ။ ဒုတိယ အဆင့် ။ သန့်ရှင်းခြင်းနဲ့ ကာကွယ်ခြင်း • ရေနဲ့ ဆပ်ပြာသုံးပြီး ဒဏ်ရာကို မိနစ်အနည်းငယ်ကြာအောင် ဘုံဘိုင်မှာဆေးကြောပါ။ • ပိုးသတ်နိုင်တဲ့ ခရင်မ် လူးဆေးတွေသုံးပြီး ဒဏ်ရာကိုပိုးမဝင်အောင်လိမ်းပါ။ • ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အနာကိုပတ်ပြီး ထပ်မထိခိုက်အောင် နေပါ။ တတိယအဆင့် […]


ရှေးဦးသူနာပြုစုခြင်း

မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

မျက်နှာနဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတာကြောင့် မျက်ကွင်းညိုမည်း စွဲတတ်ပါတယ်။ ဒါက ပျောက်ကင်းဖို့ အချိန်ယူရသလို နာကျင်ပြီး မျက်နှာအလှလည်း ပျက်စေပါတယ်။ တစ်ခါတလေ ထိခိုက်ဒဏ်ရာကြောင့် ဦးနှောက်တွင်းကို ထိသွားတာလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုးဆိုရင်လည်း မျက်လုံးညိုနေနိုင်ပါတယ်။ ဒီလို မျက်လုံး အညိုအမည်းတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ။ သာမန်ပဲဆိုရင်တော့  မျက်လုံး အညိုအမည်းတွေကို သက်သာပျောက်ကင်းအောင် လုပ်လို့ရပါတယ်။ မြန်မြန် ပျောက်ကင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ဘယ်အရာတွေက မျက်လုံး အညိုအမည်း စွဲအောင် လုပ်တာလဲ။ နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာတွေကြောင့် မျက်လုံးမှာ အညိုအမည်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီထိခိုက်မှုတွေ အပြီးမှာတော့ မျက်လုံးဟာ  သူဘေးနားမှာ သွေးနဲ့ အခြားအရည်တွေ စုပုံလာပြီး ရောင်လာကာ အညိုအမည်းစွဲ လာပါတယ်။ မျက်လုံးမှာ အညိုအမည်းစွဲနေတာကို […]


ရှေးဦးသူနာပြုစုခြင်း

လူတစ်ယောက် ရုတ်တရက် သတိလစ်သွားရင် ဘယ်လို ကူညီမလဲ

ဒီအခြေအနေဟာ လူတယောက် ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ခဏတာ သတိလစ်သွားတာကို ဆိုလိုပါတယ်။ လူအများအပြားဟာ သူတို့ဘဝမှာ တခါလောက်ပဲဖြစ်ဖြစ် ရုတ်တရက် သတိလစ်သွားတာ ဒါမှမဟုတ် မိုက်ခနဲဖြစ်သွားတာမျိုးကို ကြုံရလေ့ရှိပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေတွေ အများအပြားနဲ့ ဆက်စပ်နေတာမို့ လျစ်လျူရှုထားသင့်တဲ့ အသေးအဖွဲ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူအများစုဟာ သတိလစ်သွားတဲ့ လူတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာကို မသိတာများပါတယ်။ လူတွေဘာလို့ သတိလစ် မေ့မြောရတာလဲ။ ရုတ်တရက် သတိလစ်ရခြင်းရဲ့ အကြောင်းရင်း များစွာရှိပေမယ့် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ ဒါမှမဟုတ် နှလုံးခုန်စည်းချက်မမှန်တာတွေနဲ့ အများဆုံး ဆက်စပ်မှု ရှိနေပါတယ်။ ဒါ့အပြင် သွေးအားနည်းတာ၊သွေးတွင်း သကြားဓါတ်နည်းတာ ဒါမှမဟုတ် ရုတ်တရက် သွေးအမြောက်အများ ဆုံးရှုံးတာတွေကြောင့်လည်း ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်။ သတိလစ်မေ့မြောမှုကို […]


ရှေးဦးသူနာပြုစုခြင်း

အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ

အရေးပေါ် ဆေးသေတ္တာ ဟာ မိသားစုတိုင်း ရုံးခန်းတိုင်းမှာ ရှိကို ရှိရမယ့် အရာ တစ်ခုပါ။ ဒီ သေတ္တာဟာ သိပ်အရေးမကြီးတဲ့ မတော်တဆမှုတွေကို ချက်ချင်းကုသပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ ...... ပြင်ဆင်မှု အရေးပေါ်ဆေးသေတ္တာကို ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို သင်ကိုယ်တိုင် ပြုလုပ်ယူလို့လည်း ရနိုင်ပါတယ်။ ပထမဆုံး သင့်မှာ တာရှည်ခံပြီး သယ်ဆောင်ရ လွယ်ကူပေါ့ပါးတဲ့ အလွယ်တကူ ဖွင့်လို့ရနိုင်တဲ့ သေတ္တာ တစ်ခုလို ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ ပလတ်စတစ်နဲ့ လုပ်ထားတာကို ရွေးပါ။ အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ အရေးပေါ် ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားရမလဲ ဆိုတော့ အခြေခံ ပါရမယ့် ပစ္စည်းများ • အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိတဲ့ ပလာစတာများ • အရွယ်အစား အမျိုးမျိုး၊ ပုံစံ […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

သင့်ရှေ့မှာ လူတယောက် ဓာတ်လိုက်နေရင် ဘာလုပ်မလဲ။ ဒါဟာ သိပ်ပြီးလွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူတယောက် ဓာတ်လိုက်နေတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဓာတ်လိုက်ခံရမှု ဘယ်လောက်ပြင်းထန်လဲဆိုတာဟာ လျှပ်စစ်အမျိုးအစား၊ ဗို့အားပမာဏ၊ ခန္ဓာကိုယ်ထဲ လျှပ်စစ်ဖြတ်စီးပုံ အနေအထား၊ ဓာတ်လိုက်ခံရသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဓာတ်လိုက်ခံရ ပြီးပြီးချင်း သူ့ကို ဘယ်လောက်မြန်မြန် ကုသမှုပေးနိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ဒီတော့ ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဓာတ်လိုက်တာကြောင့် အရေပြား လောင်ကျွမ်းသွားနိုင်သလို အပြင်ပန်းမှာ ထူးထူးခြားခြား အမှတ်အသား ဘာမှမကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ဓာတ် ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အတွင်းဒဏ်ရာတွေ၊ နှလုံးရပ်သွားတာတွေနဲ့ တခြားထိခိုက်ဒဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်