တစ်နေ့ထက်တစ်နေ့ပိုမိုညစ်ညမ်းပြီးရောဂါပိုးတွေပိုမိုများပြားလာတာကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့ သွားရင်းလာရင်း အမှတ်မထင်ရောဂါကူးစက်တာမျိုးတွေခံရနိုင်ခြေကလည်းတော်တော်လေးကိုများလာနေတယ်ဆိုရပါမယ်။ အိပ်ရေးပျက်လွန်းတဲ့အခါဖြစ်ဖြစ်၊အားနည်းနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကအားနည်းနေပြီးရောဂါတွေကအလွယ်တကူဝင်ရောက် တာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်နေမယ်ဆိုရင်တော်ရုံတန်ရုံရောဂါတွေကို တိုက်ထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာကိုပြောပြပေးလိုပါတယ်။