ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။

ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကထိခိုက်မိနိုင်တာပါပဲ။ငြိမ်ငြိမ်လေးထိုင်နေတာတောင် ထိခိုက်နိုင်တဲ့အရာက ကိုယ့်ကိုလာထိခိုက်မိနိုင်သေးတာ။ သွားလာလှုပ်ရှားနေရသူတွေအဖို့ကတော့ အနာကင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အနာဖြစ်လာတဲ့အခါ ခန္ဓါကိုယ်ရဲ့စနစ်က အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးရာမှာလည်း ခန္ဓါကိုယ်က သူ့အလိုလိုလုပ်လိမ့်မယ် ဘာမှလုပ်စရာမလိုဘူးမဟုတ်ပါဘူး။ အနေအထိုင် အစားအသောက်လေးဆင်ခြင်ပေးဖို့တော့လိုတာပေါ့။ ကဲ ဒီတော့ အနာကျက်မြန်အောင်ဘာတွေကို ဂရုစိုက်ဆင်ခြင်မလဲ။ အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။ အနာဖြစ်ပြီဆိုရင် ကြီးကြီးမားမားကျန်းမာရေးပြဿနာမှမဟုတ်တာဆိုပြီး အမှုမဲ့ အမှတ်မဲ့မနေပါနဲ့။ အနာကျက်နှေးစေနိုင်တဲ့ ဒီအစားအစာတွေကို မစားဖြစ်အောင်သတိထားပေးပါနော်။ ဟင်းခတ်အမွှေးအကြိုင်တွေ - ချင်းနဲ့နနွင်းတွေက ဟင်းပွဲတွေကို အရသာပြည့်ဝစေတာတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အတိုင်းအတာတစ်ခုအထိကောင်းကျိုးပြုပေးပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေက ခန္ဓါကိုယ်တွင်းမှာသွေးခဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံစားမယ်ဆိုရင် အနာကျက်မှုဖြစ်စဉ်အတွက်အဓိကအရေးပါတဲ့သွေးခဲမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အနာရှိနေတဲ့အချိန်မှာ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အများကြီးမစားပါနဲ့။ အဆီထုတ်ထားတဲ့နို့ - အဆီထုတ်ထားတဲ့နို့တွေက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုနဲ့ ခန္ဓါကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့လုပ်ဆောင်မှုတွေအပေါ်မှာ သက်ရောက်တာမျိုးတွေရှိနေပါတယ်။ရောင်ရမ်းမှုက ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ကပထမဆုံးတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုပါ။ ဒီတုံ့ပြန်မှုကြောင့်သွေးတိတ်သွားစေပြီးသွေးခဲအောင်လုပ်ဆောင်ပေးပါတယ်။ အဆီထုတ်နို့ကရောင်ရမ်းမှုဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေတာကြောင့် အနာကျက်နှေးစေပြီး မလိုအပ်ဘဲ ပိုးဝင်ကူးစက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ပြည်တည်နာဖြစ်ရင် ဘယ်လိုဖြေရှင်းလေ့ရှိလဲ

ထိခိုက်အနာတရ တစ်ခုခုဖြစ်ရင် အနာကျက်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။ အနာကျက်သင့်တဲ့အချိန်ထက်ကျော်လာရင်တော့ ပိုးဝင်လို့ အနာရင်းနေပြီလား၊ ဆီးချိုကြောင့်အနာကျက်နှေးတာလား၊ သန့်ရှင်းမှုမရှိလို့လား၊ အနာကိုဂရုစိုက်ပုံ မှားယွင်းနေသလား စစ်ကြည့်သင့်နေပါပြီ။ မကျက်ဘဲ တာရှည်နေတဲ့အနာမှာ ပိုးဝင်လာတဲ့အခါ ပြည်တည်လာနိုင်ပါတယ်။ပြည်တည်ပြီးဆိုဖောက်ထုတ်လိုက်ရင်ပြီးတာပဲ လို့တချို့ကတွေးကြပါတယ်။ပြည်ဆိုတာ မှည့်ရင် သူ့အလိုလိုပေါက်သွားလိမ့်မယ် အနာပေါက်ပွင့်ရင် အနာကျက်သွားလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ဒါဆို အနာပေါက်ပွင့်သွား၊ပြည်ပေါက်ထွက်သွားရင်ပြီးပြီလား။ မဟုတ်ပါဘူး။ အနာကို ပိုးမဝင်အောင် ဒါမှမဟုတ် ပိုးဝင်ပြီးလို့ ကုသတဲ့အခါ သက်သာလာရင်တောင်မှ အမြဲဆက်ဂရုစိုက်ပေးရပါမယ်။ပြည်တည်တဲ့အဆင့်ရောက်မှသေချာဂရုမစိုက်ရင် အတွင်းထိ လှိုက်စားတာမျိုး၊ အရိုးထိ ထိခိုက်တာမျိုး ဆိုးရွားတဲ့ေနာက်ဆက်တွဲပြဿနာတွေ မဖြစ်သင့်ဘဲဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ပြည်တည်တာလဲ အရေပြားထိခိုက်ပေါက်ပြဲဒဏ်ရာမှာရောဂါပိုးဝင်တဲ့အခါ အနာရင်းပြီးတာရှည်လာတယ်။ အဲဒီအတွင်းမှာ ပြည်တည်လာတာက ရောဂါပိုးတွေကိုနှိမ်နင်းဖို့ ခန္ဓါကိုယ်ရဲ့တုံ့ပြန်ခုခံမှုတွေရှိလာတဲ့အဓိပ္ပါယ်ပါ။ ဒါပေမယ့် အနာက ြပည်တည်လာတိုင်း ခန္ဓါကိုယ်ကခုခံနေပြီပဲ ဆိုပြီးပျော်မသွားနဲ့ဦး။ အရေးကြီးတဲ့အချိန်က ခုမှရောက်တာပါ။ပြည်တည်လာပြီးနောက်ပိုင်း ကုသမှု၊ ဂရုစိုက်မှုမကောင်းရင် အခြေအနေပိုဆိုးလာမှ အကျိုးနည်းကုန်ရပါလိမ့်မယ်။ ပြည်တည်ပြီဆိုသေချာဂရုမစိုက်ရင်၊မကုသရင် ပိုဆိုးလာတာများပါတယ်။ရောဂါပိုးကအရေပြားအောက်က တစ်ရှူးတွေကို […]


ရှေးဦးသူနာပြုစုခြင်း

ယာဉ်မတော်တဆမှုဖြစ်တဲ့သူကို အရေးပေါ်ဘယ်လိုကူညီမလဲ

လမ်းသွားရင်း ကိုယ့်အနီးအနားမှာ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တာမျိုး ကြုံဖူးကြလား။ ကူညီပေးချင်ပေမယ့် ဘာလုပ်ပေးရမှန်းမသိဘဲ ဒီအတိုင်းကြည့်နေရတာလား။ ဖုန်းကိုထုတ်လိုက်တာ ဓါတ်ပုံရိုက်၊ပို့စ်တင်ဖို့လောက်တော့ မဖြစ်ကြစေနဲ့ပေါ့နော်။ အရေးပေါ်ဆေးရုံကားကို အမြန်ခေါ်ပေးလိုက်ပါ။ ဒဏ်ရာသိပ်ပြင်းထန်ရင်ဆေးရုံကားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်သူတွေဆီမရောက်ခင်မှာဘေးကနေ အရေးပေါ်ကူညီပေးလို့ရနိုင်မယ့် အကြံပြုချက်တချို့ကို သိထားသင့်ပါတယ်။ ယာဉ်မတော်တဆမှုကိုမြင်လိုက်တာနဲ့ အရေးပေါ်ဆေးရုံကားခေါ်ပေးပါ။ ထိခိုက်ထားတဲ့သူအနီးကို သွားတဲ့အခါ အသက်ရှူေသးလား၊ သတိလစ်နေလားအရင်လေ့လာပါ။ ဒဏ်ရာပြင်းတဲ့လူနာကို မလိုအပ်ဘဲနေရာမရွှေ့သင့်ပါဘူး။ ထိခိုက်ဒဏ်ရာဆိုတာ အရေပြားပေါ်မှာပဲ ရှိနိုင်တာမဟုတ်သလို အတွင်းဒဏ်ရာတွေရှိနေနိုင်တာကြောင့်ပါ။ သူ့မှာ မီးလောင်မယ့်အန္တရာယ် သို့မဟုတ် တခြားအန္တရာယ်ရှိနေတာကလွဲလို့ အရေးပေါ်အကူအညီတွေမရောက်လာခင်အထိ နေရာကမရွှေ့တာကောင်းပါတယ်။ အရိုးကျိုးတာ၊ အတွင်းဒဏ်ရာတွေရှိနေတာ လိုမျိုး ထိခိုက်ဒဏ်ရာတွေဖြစ်နေရင် မလှုပ်ရှားစေတာကနောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေနည်းစေပါလိမ့်မယ်။ လူနာက သတိလစ်နေတဲ့အပြင် အသက်ရှူမမှန်ခဲ့ရင် လိုအပ်သလို အမြန်ဆုံးကယ်တင်ရပါမယ်။ လိုအပ်လာရင် အရေးပေါ်အသက်ကယ်နည်း CPR ကိုသုံးရပါမယ်။ CPR နည်းအရရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီးနောက်လက်တစ်ဖက်နဲ့အုပ်ကိုင်ပါ။ လက်ကိုဖြောင့်အောင်တန်းပြီး […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။

လူတစ်ယောက်အနေနှဲ့ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ရှိ အရာတွေက အသုံးဝင်တဲ့ ပစ္စည်းဖြစ်နိုင်သလို အခန့်မသင့်ရင် ဒုက္ခပေးတတ်တဲ့ ပစ္စည်းတွေလည်းဖြစ်သွားနိုင်ပါတယ်။ အက်ဆစ်၊ ပိုးသတ်ဆေး၊ ခေါင်းလျှော်ရည် တွေလိုပေါ့။ ပုံမှန်ဆို လူတွေအတွက် အကျိုးပြုနေတဲ့ အရာတွေဖြစ်ပေမယ့် အခန့်မသင့်ရင် ဘေးဖြစ်စေတယ်တယ်လေ။ အရင်ကတည်းက လူတွေ အတွက် ထုတ်ထားတာ မဟုတ်တော့ တိုက်ရိုက်ထိတွေ့ရတယ်လည်းဆိုရော အဆိပ်ဖြစ်သွားပြီး ဒုက္ခပေးပါလေရော။ ဘယ်သူမှ တော့ မဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ပိုဆိုးမသွားအောင် လုပ်သင့်တဲ့ နည်းတွေ၊ မထိသင့်တာတွေ ထိမိရင် ( ဒါမှမဟုတ်) မသောက်သင့်တာတွေ သောက်မိရင် ရှေးဦးသူနာပြုနည်း အနေနဲ့ ဖြစ်ဖြစ်ချင်း ဘာတွေလုပ်သင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာတွေက အများဆုံး အဆိပ်ဖြစ်စေတတ်သလဲ။ ။ နာမည်ကြီးတွေကတော့ - စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးကို မှားသောက်မိတာ ကြွက်သတ်ဆေး တွေကိုသောက်မိတာ အက်ဆစ် အရေပြားေပါ်ကို ထိမိတာ၊ […]


ရှေးဦးသူနာပြုစုခြင်း

ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။

မတော်တဆထိခိုက်မိပြီး ခြေသည်း လက်သည်းကျိုးတာ ၊ လက်သည်းခြေသည်း ကျွတ်ထွက်သွားတာတွေက ပတ်ဝန်းကျင်မှာ လူတွေပြောနေကျ ဖြစ်နေကျဖြစ်တဲ့ အရာတစ်ခုပါ။ ခြေသည်းကျိုးသွားတာက တော်ပါသေးတယ်။ ကျွတ်ထွက်သွားပြီဆိုရင်တော့ ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။ သွေးတွေလည်း ထွက်၊ နာလည်းနာ၊ ကြည့်ရတာလည်း ရုပ်ဆိုးသွားပါတယ်။ ဘယ်သူမှတော့ မဖြစ်ချင်ကြပေမယ့် ဖြစ်လာပြီဆိုရင် ပိုပြီးဆိုးမသွားအောင် ကုသဖို့၊ ဂရုစိုက်ဖို့တော့ လိုတယ်လေ။ ဒါကြောင့် ခြေသည်း လက်သည်း ကျိုးပြီ ပြုတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်ဆောင်ရမယ့် နည်းများကို ပြောပြချင်ပါတယ်။ ကဲ .... ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတော့ အနာကို သန့်စင်အောင် ရေနဲ့ဆေးပါ။ ။ ခြေသည်းလက်သည်းဆိုတာ ဒီအတိုင်းတော့ […]


ရှေးဦးသူနာပြုစုခြင်း

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဘာတွေလုပ်ရမလဲ။ ဓာတုပစ္စည်းတွေ လောင်တာမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့ အခါမျိုးမှာလည်း ဓာတုပစ္စည်းတွေ လောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှူးတွေပျက်စီးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တာက နေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာနဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓာတုပစ္စည်းလောင်တာမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်တာကို ပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီး ဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းတွေ လောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် ဓာတုပစ္စည်းတွေ လောင်တာမျိုးဖြစ်နိုင်ပါတယ် နေ့စဉ်အိမ်သန့်ရှင်းဖို့ သုံးနေတဲ့အရာတွေနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးမျိုးသောအရာတွေကြောင့် ဓာတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ […]


ရှေးဦးသူနာပြုစုခြင်း

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မီးဘေးနဲ့ ကြုံလာရတဲ့အခါ အရင်ဆုံး ရင်ဆိုင်ရမှာက မီးလောင်ခံရနိုင်တဲ့ အန္တရာယ် ဖြစ်ပေမယ့်နောက်ထပ် အသက်အန္တရာယ် ရှိစေနိုင်တဲ့အရာက မီးခိုးမွှန်ခြင်းပဲ ဖြစ်ပါတယ်။ မီးလောင်ပြီဆို ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်နဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်တို့ လိုအောက်ဆီဂျင် ရရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်စေလို့ ပါပဲ။ ဒါတွေ ရှူမိပြီဆို အသက်ရှူဖို့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒါ့ကြောင့် ထမင်းဟင်း ချက်တဲ့ မီးဖိုက ထွက်တဲ့ မီးခိုးနံ့၊ လမ်းမှာ အမှိုက်ပုံ ရှို့တဲ့ မီးခိုးနံ့တောင် မခံနိုင်ဘဲ အသက်ရှူကျပ်လာတတ်တယ် မဟုတ်လား။ မီးလောင်မှုနဲ့ မီးခိုးရဲ့ အပူရှိန်ကို မူတည်ပြီး ၂ မိနစ်ကနေ ၁၀ မိနစ်အတွင်း အသက် ဆုံးရှုံးရနိုင်ပါတယ်။ မီးလောင်မှုကြောင့် အောက်ဆီဂျင်တွေကို […]


ရှေးဦးသူနာပြုစုခြင်း

သင် စားရင်း အခန့်မသင့်လို့အရိုးစူးနေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ။

နေ့စဉ် အစာစားပြီးရှင်သန်နေရတဲ့ လူတစ်ယောက်အနေနဲ့ ဘဝမှာ တစ်ခါတော့ အစာအစားရင်း ငါးရိုးစူးတာတို့ကြက်ရိုးစူးတာတို့ ကြုံဖူးကြမှာပါ။ အစားတစ်လိုင်းတွေဆို ပိုဆိုးမှာပေါ့။ စားလို့ကောင်းနေပါတယ်ဆိုမှ အရိုးကစူးနေတော့ တော်တော် ကသိကအောက်ဖြစ်စရာ ပဲ မဟုတ်လား။ အဲအခါကျရင် ပူထူပြီး အရိုးကျအောင် လုပ်မိလုပ်ရာတွေလုပ်တတ်ကြတယ်။ မကျတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အစာစားရင်း အရိုးစူးပြီဆိုတာနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာအရိုးတွေက အစားစားရင်းအများဆုံးဆူးတတ်သလဲ။ ။ အစားအစားရင်း အဖြစ်အများဆုံးကတော့ ငါးရိုးဆူးတာ ၊ ကြက်ရိုးဆူးတာတွေ ဖြစ်ပါတယ်။ အရိုးများတဲ့ငါးကို အသားနွှင်စားရင်း ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးစားရင်း ဟင်းရည်ထဲမှာ အရိုးပါလာတာပဲ ဖြစ်ဖြစ်၊ ကြက်သားသုတ်တွေမှာ အရိုးနဲနဲ ပါလာတာပဲဖြစ်ဖြစ် မသိလိုက်မိဘဲစားမိ မျိုချမိလိုက်တဲ့ အခါ အရိုးဆူးတတ်ကြပါတယ်။ အဲလို ဖြစ်လာပြီဆို ထူပူပြီး မလုပ်သင့်တာတွေ လုပ်မိရင် […]


ရှေးဦးသူနာပြုစုခြင်း

ဘေဘီလေးတွေ ဆော့ရင်းထိခိုက်နိုင်တဲ့ ဒဏ်ရာတွေ

ပြုတ်ကျမယ်၊ချော်လဲမယ်။ အပူလောင်တော့မှာပဲ ဒီကလေးကတော့နော်.... တစ်ချိန်လုံးအော်နေရတယ်။ ဒါမျိုးတွေပြောဖူးလား။ ဒါဆိုရင်တော့ သင်ကဘေဘီလေးရဲ့မေမေ၊ဖေဖေ မဟုတ်ရင်တောင် ဦးဦးတီတီအရွယ်ရောက်နေသူပါ။ဘေဘီကတော့ဆော့မှာပဲ ကိုယ်တွေကတော့ တစ်ချိန်လုံးစောင့်ကြည့်သတိပေးရမှာပဲလေ။ လူတိုင်း သူ့တာဝန်နဲ့သူပဲကိုး.. မဟုတ်ဘူးလား။ ကလေးတော်တော်များများက အဆော့သန်ကြပါတယ်။ ကလေးတွေတော်တော်ဆော့တယ်လို့ မပြောခင်မှာ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ဆန်းစစ်ဦး။ အနာရွတ်တွေရှိနေလားလို့လေ။ ကလေးတုန်းကဆော့ရင်းရခဲ့တဲ့ အမာရွတ်တွေရှိနေဦးမှာပါ။ အချို့ကပျောက်သွားပေမယ့် အချို့က တစ်သက်မခွဲတဲ့ အမာရွတ်တွေအဖြစ်ကျန်နေသေးတယ်နော်။ ဒီတော့ ကလေးတွေကို မဆော့ပါနဲ့လို့ပြောဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသွားလောက်မှာပါ။ ဒီတော့ ဘာလုပ်ရမလဲ။ သူတို့မှာဖြစ်တတ်တဲ့အနာတွေအကြောင်းသိအောင်လုပ်ထားပြီးပြုစုကုသပေးရုံပေါ့။ ကလေးလေးတွေမှာဆော့ရင်းထိခိုက်မိနိုင်တဲ့ ဒဏ်ရာများ ထိခိုက်ရှနာဒဏ်ရာ - ကလေးဆိုတဲ့အရွယ်က အငြိမ်မနေဆော့ချင်နေတတ်တဲ့အရွယ်တွေပါ။ သူတို့ကပြေးမယ်လွှားမယ်၊ အမြင့်တွေကို တွယ်တက်မယ်၊ချော်လဲမယ်။ ဒါတွေအကုန်ဖြစ်နိုင်ပါတယ်။ ကလေးတိုင်း ဒီလိုမျိုးပြဿနာတွေနဲ့ မကင်းကြပါဘူး။ပြေးလွှားရင်းထိခိုက်မိတာကြောင့် တံတောင်ဆစ်၊ ဒူးဆစ်တွေမှာ ကွဲတာတွေ၊ထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ အချို့ဒဏ်ရာတွေက အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာတင်ပြုစုကုသပေးလို့ရပါတယ်။ အနာဖြစ်လာတဲ့အခါ အနာကိုရေသန့်သန့် ဆပ်ပြာခပ်ပျော့ပျော့လေးနဲ့ဆေးကြောပြီး အရင်သန့်စင်လိုက်ပါ။ပြီးရင်အနာပေါ်ကို Antibiotic cream […]


ရှေးဦးသူနာပြုစုခြင်း

အဆူးစူးမိရင်

တစ်ခုခုကိုကိုင်ရင်း၊ ခုန်ပေါက်ဆော့ရင်း၊ပြေးရင်းလွှားရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ် အမှတ်မထင် အဆူးစူးမိတာတွေရှိတတ်ပါတယ်။ အဆူးကသေးပေမယ့် အဆူးစူးမိတဲ့အခါထိလိုက်ရင်တော်တော်လေးနာတယ်နော်။ များသောအားဖြင့် စူးမိတဲ့အဆူးလေးတွေက သစ်သားစလေးတွေဖြစ်တတ်ပါတယ်။ သံတိုသံစလေးတွေ စူးမိတာကတော့ဖြစ်ခဲပါတယ်။ အဆူးစူးတဲ့အခါ များသောအားဖြင့်တော့ ကိုယ်တိုင်ဖယ်ထုတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အဆူးစူးတာကလည်းသေချာဂရုမစိုက်တဲ့အခါ ပိုးဝင်ကူးစက်တာမျိုးဖြစ်လာနိုင်ပြီးဆေးရုံဆေးခန်းပြေးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ အနာသေးသေးလေးကစလို့သေသေချာချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ဒီတစ်ခေါက်တော့ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆူးစူးမိရင် ဘယ်လိုဖယ်ရှားဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ အဆူးကို ဘယ်လိုဖယ်ရှားမလဲ အနာကိုသန့်စင်ဆေးကြောပေးပါ အဆူးစူးမိတဲ့အခါ အရင်ဆုံးအနာကိုဆေးကြောပေးပါ။ အဆူးစူးမိတာကလည်း ထိခိုက်ဒဏ်ရာတစ်မျိုးပါပဲ။ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ အနာတဝိုက်ကိုရေသန့်သန့်နဲ့ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ဆးကြောပေးပါ။ အဆူးဖယ်ထုတ်ရာမှာသုံးမယ့် ကိရိယာတွေကို သန့်စင်ဆေးကြောပါ အဆူးကိုဖယ်ထုတ်ရာမျာ အသုံးပြုမယ့် ဇာဂနာ၊အပ်တို့လိုမျိုးအရာတွေကို မီးအပူပေးတာမျိုးလုပ်ပြီး အရက်ပြန်နဲ့ သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးသတ်သန့်စင်ရာရောက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရပါစေ အဆူးကိုဖယ်ထုတ်တဲ့အခါ အဆူးကခပ်သေးသေးလေးဖြစ်တာကြောင့် အလင်းရောင်သေသေချာချာရတဲ့နေရာမှာ ဖယ်ထုတ်ပေးပါ။ မလိုအပ်ဘဲ ထိခိုက်တာတွေ။ အဆူးကျန်နေခဲ့တာတွေ မဖြစ်စေဖို့ပါ။ လိုအပ်ရင်ဆေးထည့်ပါ အနာကအဆူးစူးတာဆိုပေမယ့် အနာပေါက်နည်းနည်းကြီးသွားတဲ့အထိ ထွင်းပြီးမှ အဆူးကိုဖယ်လို့ရတာမျိုးဆိုရင် အနာကို Antibotic cream တစ်ခုခုလူးပေးပါ။ ပလာစတာကပ်ပေးပါ အပေါ်ယံအရေပြာထိခိုက်မိသွားပြီဆိုရင်တော့ ခံတပ်ပျက်သွားပြီဖြစ်တာကြောင့် ဘက်တီးရီးယားတွေ ကိုယ်ထဲကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း