backup og meta

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

မီးဘေးနဲ့ ကြုံလာရတဲ့အခါ အရင်ဆုံး ရင်ဆိုင်ရမှာက မီးလောင်ခံရနိုင်တဲ့ အန္တရာယ် ဖြစ်ပေမယ့်နောက်ထပ် အသက်အန္တရာယ် ရှိစေနိုင်တဲ့အရာက မီးခိုးမွှန်ခြင်းပဲ ဖြစ်ပါတယ်။ မီးလောင်ပြီဆို ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်နဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်တို့ လိုအောက်ဆီဂျင် ရရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်စေလို့ ပါပဲ။

ဒါတွေ ရှူမိပြီဆို အသက်ရှူဖို့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒါ့ကြောင့် ထမင်းဟင်း ချက်တဲ့ မီးဖိုက ထွက်တဲ့ မီးခိုးနံ့၊ လမ်းမှာ အမှိုက်ပုံ ရှို့တဲ့ မီးခိုးနံ့တောင် မခံနိုင်ဘဲ အသက်ရှူကျပ်လာတတ်တယ် မဟုတ်လား။

မီးလောင်မှုနဲ့ မီးခိုးရဲ့ အပူရှိန်ကို မူတည်ပြီး ၂ မိနစ်ကနေ ၁၀ မိနစ်အတွင်း အသက် ဆုံးရှုံးရနိုင်ပါတယ်။ မီးလောင်မှုကြောင့် အောက်ဆီဂျင်တွေကို လောင်ကျွမ်းစေပြီး မီးခိုးတွေကြောင့် အဆုတ်ထဲကို ကာဗွန်မိုနောက်ဆိုက်တွေ အများကြီး ရောက်ရှိစေပါတယ်။ အောက်ဆီဂျင်ပြတ်လပ်တဲ့ မီးခိုးမွှန်ခြင်းက ၅ မိနစ်ကနေ ၁၀ မိနစ်ကြာရင် ဦးနှောက် သေဆုံးမှုကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်တယ်။

မီးခိုးမွှန်သူတွေမှာ ခံစားရတဲ့လက္ခဏာ

အသက်ရှူလမ်းကြောင်းမှာ မွန်းကျပ်လာပြီ ဆိုတာနဲ့ မီးလောင်မှု အဆင့်နဲ့ မီးခိုး အခြေအနေကို မူတည်ပြီး ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ချောင်းဆိုးလာခြင်း
  • အသက်ရှူမဝခြင်း
  • အသက်ရှူသံ တရွှီရွှီ မြည်လာခြင်း
  • မျက်စိ နီရဲလာခြင်း၊ ကျိန်းစပ်လာခြင်း
  • အသားတွေ ပြာလာခြင်း
  • မီးခိုးမွှန်ခြင်းကြောင့် နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်းမှာ ရောင်ရမ်းလာခြင်း
  • ကာဗွန်မိုနောက်ဆိုက်ကြောင့် ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းမူးဝေအော့အန်ခြင်း
  • မီးလောင်ကျွမ်းမှုက ထွက်လာတဲ့ ဓာတုအဆိပ်ငွေ့တွေကြောင့်နဲ့ အောက်ဆီဂျင် နည်းပါးမှုကြောင့် စိတ်အာရုံ ရှုပ်ထွေးခြင်း၊ သတိလစ် မေ့မျောခြင်း၊ တက်ခြင်းနဲ့ ကိုမာဖြစ်ခြင်းတို့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်ပါတယ်။

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ ဆိုတော့

ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပါ

  • မီးခိုးမွှန်နေသူကို လေကောင်းလေသန့်ရနိုင်တဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးပါ။
  • လူနာကို ထိုင်နေခိုင်းပါ သို့မဟုတ် ဘေးတစောင်းလှဲနေခိုင်းပါ။ ပက်လက်မနေပါစေနဲ့။ ပျို့အန်နေတယ် ဒါမှမဟုတ် ချွဲသလိပ်တွေချောင်းဆိုးထုတ်နေတယ်ဆိုရင် ပက်လက်အနေအထားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားနိုင်လို့ပါ။

အောက်ဆီဂျင်ပေးပါ

အိမ်မှာ အရေးပေါ်အောက်ဆီဂျင်ဘူးရှိခဲ့ရင် သို့မဟုတ် အရေးပေါ်ဆေးရုံကားရောက်ရောက်ချင်း လူနာကို အသက်ရှူအကူအောက်ဆီဂျင်ပေးပါ။ မီးခိုးမွှန်ထားသူအတွက် အောက်ဆီဂျင်ရဖို့က မြန်နိုင်သလောက်မြန်ဖို့ အရေးကြီးပါတယ်။

အရေးပေါ်အသက်ကယ်နည်း (CPR) သုံးပါ

ဆေးရုံကားစောင့်ဆိုင်းနေစဉ်အတွင်း လူနာက အသက်မရှူတော့ရင် အရေးပေါ်ရှေးဦးသူနာပြုစုနည်းအသုံးပြုဖို့ လိုပါမယ်။ အသက်ရှူမမှန်တော့တဲ့ လူနာက ကလေးအရွယ်ဖြစ်နေမယ်ဆိုရင် –

  • သူ့ကို ပက်လက်ထားပြီး ရင်ညွန့်ရိုးအလယ်မှာ လက်နှစ်ချောင်း သို့မဟုတ် သုံးချောင်းတင်ပြီး အနည်းဆုံးတစ်လက်မလောက် ချိုင့်ဝင်အောင်ဖိပေးပါ။နည်းနည်းကြီးတဲ့ကလေးဆိုရင် နှစ်လက်မလောက်ချိုင့်ဝင်အောင်ဖိပေးပါ။ နံရိုးတွေကိုမဖိမိအောင်တော့သတိထားပါ။
  • ရင်ဘတ်ဖိခြင်းကို ခပ်မြန်မြန်အကြိမ် ၃၀လောက်လုပ်ပါ။ တစ်ချက်ဖိရင်တစ်ခါ ရင်ဘတ်ဖောင်းလာအောင်တော့ စောင့်ပေးပါ။

လူကြီးတွေအတွက်ကတော့ –

  • ရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီး နောက်လက်တစ်ဖက်နဲ့ အုပ်ကိုင်ပါ။
  • လက်ကို ဖြောင့်အောင်တန်းပြီး ရင်ဘတ်ကို ၂လက်မခန့် ချိုင့်ဝင်အောင် အကြိမ်ရေများများ ဖိပေးပါ။
  • ဖိတဲ့အခါမှာ ခပ်မြန်မြန်လုပ်ရမယ်ဆိုပေမယ့် ရင်ဘတ်ပြန်ဖောင်းလာအောင်စောင့်ပြီးမှ နောက်တစ်ကြိမ်ဖိပါ။
  • တစ်မိနစ်ကို အနည်းဆုံးအကြိမ် ၁၀၀ လောက် CPR လုပ်ပေးလို့ရပါတယ်။ ဒ

နောက်ပိုင်းဘယ်လိုဂရုစိုက်ပေးမလဲ

  • ဒီလိုဖြစ်ရပ်မျိုး ကြုံထားတဲ့သူတွေအနေနဲ့ ကောင်းကောင်းအနားယူပါ၊ အိပ်ပျော်အောင်အိပ်ပါ။
  • ချောင်းဆိုးသက်သာပြီး အသက်ရှူရကောင်းအောင် ခေါင်းအုံးကိုမြှင့်ထားပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ မှန်မှန်သောက်ပါ။
  • ဆေးလိပ်မသောက်ပါနဲ့ သို့မဟုတ် တခြား မီးခိုးမွှန်စေမယ့်အရာမျိုးကိုရှောင်ပါ။
  • အာဟာရပြည့်အောင်စားပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/first-aid/smoke-inhalation-treatment

Accessed Date , Sep 10, 2018.

https://www.webmd.com/lung/smoke_inhalation_treatment_firstaid.htm#1

Accessed Date , Sep 10, 2018.

https://www.webmd.com/first-aid/cardiopulmonary-resuscitation-cpr-treatment

Accessed Date , Sep 10, 2018.

https://www.jems.com/articles/print/volume-39/issue-10/features/treating-smoke-inhalation-and-airway-bur.html

Accessed Date , Sep 10, 2018.

ယခုပုံစံ

02/05/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement