ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကထိခိုက်မိနိုင်တာပါပဲ။ငြိမ်ငြိမ်လေးထိုင်နေတာတောင် ထိခိုက်နိုင်တဲ့အရာက ကိုယ့်ကိုလာထိခိုက်မိနိုင်သေးတာ။ သွားလာလှုပ်ရှားနေရသူတွေအဖို့ကတော့ အနာကင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အနာဖြစ်လာတဲ့အခါ ခန္ဓါကိုယ်ရဲ့စနစ်က အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးရာမှာလည်း ခန္ဓါကိုယ်က သူ့အလိုလိုလုပ်လိမ့်မယ် ဘာမှလုပ်စရာမလိုဘူးမဟုတ်ပါဘူး။ အနေအထိုင် အစားအသောက်လေးဆင်ခြင်ပေးဖို့တော့လိုတာပေါ့။ ကဲ ဒီတော့ အနာကျက်မြန်အောင်ဘာတွေကို ဂရုစိုက်ဆင်ခြင်မလဲ။