ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/health/general-health-knowledge/tips-on-how-to-cut-onions/ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ် ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ

သက်သတ်လွတ်စားခြင်းဟာ ဘာသာရေးအစဉ်အလာကြောင့် (သို့မဟုတ်)၊ မိမိကိုယ်ပိုင်ရွေးချယ်မှုကြောင့် (သို့မဟုတ်)၊ တခြားယုံကြည်ချက်တစ်ခုခုကြောင့် စသဖြင့်အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သက်သတ်လွတ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ဆွေးနွေးပေးချင်ပါတယ်။ တချို့ကတော့ အသက်သတ်ခြင်းကနေ လွတ်ကင်းတဲ့ ဥအမျိုးမျိုးနဲ့ နို့ကိုစားသုံးကြပါတယ်။ တင်းကြပ်တဲ့သဘာဝရှိသူများကတော့ အသားအပြင် နို့နဲ့နို့ထွက်ပစ္စည်းပါ ရှောင်ကြဉ်ကြပါတယ်။ တိရစ္ဆာန်နဲ့ ပတ်သက်နေရင် ပျားရည်လို အရာမျိုးကိုတောင် ရှောင်ကြဉ်ကြပါတယ်။ အဲဒီအစား အသီးအရွက်တွေပဲ စားကြပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ အသားမှာပဲ ရှိတာမဟုတ်လို့ အသီးအရွက်ချည်းပဲ စားနေသူတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် သက်သတ်လွတ်စားခြင်းဟာ ကောင်းတယ်လို့ ယူဆတာကြောင့် တစ်ကမ္ဘာလုံးမှာ အသီးအရွက်ကိုပဲ အားပြုစားသူတွေဟာ ယခင်ထက် ပိုများလာတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်။ အမေရိကန် တစ်နိုင်ငံလုံးရဲ့ ၅ ရာခိုင်နှုန်းဟာ အသီးအရွက်စားသူတွေလို့ သိရပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ အသီးတွေချည်းစားရတဲ့ Fruit Diet စားတော့မယ်ဆိုရင် Fruit Diet ဆိုတာ ဘာလဲ ကစီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ပဲ အပါအဝင် အပူပေးချက်ပြုတ်စားရတဲ့အစားအစာမှန်သမျှ လုံးဝရှောင်ရတာဖြစ်ပါတယ်။Fruit Diet သီးသန့်စားသုံးတဲ့သူတွေဟာ အာဟာရချို့တဲ့မှုပြဿနာ ခံစားရနိုင်ခြေများတဲ့အတွက် ကိုယ်ဟာ ဒီပလန်နဲ့သင့်တော်ရဲ့လား ကိုယ့်ကျန်းမာရေးနဲ့အရင်ကိုက်ညှိ ချင့်ချိန်သင့်ပါတယ်။ ဘာလို့လဲ ဒီလိုစားသောက်ပုံကို ကူးပြောင်းတော့မယ်ဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကောင်းပါတယ်။ ဆိုလိုတာက ပုံမှန်စားသောက်ပုံမှာ အသီးအနှံတွေကို ထည့်စားရင်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ပိုကောင်းမွန်သော ကျန်းမာရေးအတွက် ရက် ၃၀ Diet

Diet လုပ်တယ်ဆိုတာ ဘာလဲ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုရောက်အောင် အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းကို ခေါ်တာပါ။ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်အလေးချိန်ကျအောင်၊ ပိန်တဲ့သူတွေဆိုရင်လည်း ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်အောင် အစရှိသဖြင့်ပေါ့။ ခုပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပအတွက်မဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူတွေအတွက် ပြင်ဆင်သင့်တဲ့ Diet plan ပဲဖြစ်ပါတယ်။ ရက် ၃၀ Diet ရဲ့ အကျိုးကျေးဇူးတွေ Whole30 diet လို့အမည်ရတဲ့ ရက် ၃၀ Diet ဟာ ကျန်းမာရေးအတွက်ကို အဓိကရည်ရွယ်တဲ့ Diet ဖြစ်ပြီး ရက် ၃၀လုံး သတ်မှတ်ထားတဲ့ စားသောက်ပုံစံအတိုင်း မပျက်မကွက်လုပ်ဖို့လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ေတွကို ပုံမှန်အတိုင်းအလုပ်လုပ်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေဖို့၊ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုကို အစာအာဟာရဖြင့် ကူညီပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာ မဖြစ်စေဖို့၊ အစာအိမ်အူလမ်းကြောင်း ရှင်းစေဖို့၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

ကိုယ့်အသိတွေမှာ အသားအရမ်းကြိုက်တဲ့သူရှိလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကရော အသားမှ အသားပဲ စားချင်တဲ့သူတွေထဲမှာပါလား။ ဒါဆို ခုပြောပြပေးမယ့်ဆောင်းပါးကို သင်စိတ်ဝင်စားမိမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ကာနီဗိုး Diet (Carnivore Diet) ရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကာနီဗိုး Diet ဆိုတာဘာလဲ။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုပဲ စားပေးရတာဖြစ်ပြီး တခြားအစားအစာမှန်သမျှ လုံးဝရှောင်ရတဲ့ dietဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်စေတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်လည်ပတ်စေတယ်လို့ ဆိုကြပါတယ်။ တခြားအစားအစာကနေ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ကာဗိုဟိုက်ဒြိတ်တွေကို ရှောင်ဖို့နဲ့ ကြွက်သားထု အလျင်အမြန်တက်စေဖို့ ရည်ရွယ်ချက်နဲ့ ကာနီဗိုး Diet ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ ဒီနည်းလမ်းဟာ ရေတိုအတွက်သာ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။ ဝနေတဲ့သူတိုင်း ဝိတ်ကျချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ကလည်း စိတ်ချရတဲ့နည်းဆို လေ့ကျင့်ခန်းလုပ် အစားလျှော့ ဒီ ၂ နည်းပဲရှိတယ်လေ။ ဒီ ၂ နည်းမှာဆို ဘယ်နည်းကို ရွေးတဲ့သူများမယ်ထင်လဲ။ သေချာတာကတော့ ပင်ပန်းတယ်တဲ့ လေ့ကျင့်ခန်းကို ရွေးမယ့်သူ အများကြီးမရှိဘူးဆိုတာပါပဲ။ လူတိုင်းက လေ့ကျင့်ခန်းနဲ့ အစားလျှော့တာဆို အစားလျှော့တာကို ရွေးကြတယ်လေ။ ဘယ်လောက်ပဲ ဝိတ်ကျဖို့ အစားလျှော့မယ် ပြောပြော အပြောကလွယ်ပြီးလိုက်လုပ်ဖို့ ခက်ပါတယ်။ အစားအသောက်တွေကို မြင်တာကြားတာနဲ့တင် ဗိုက်ဆာလာတဲ့သူတွေက ခပ်များများဆိုတော့ အစားလျှော့လည်း တစ်ရက်နှစ်ရက်ပါပဲ။ တောက်လျှောက်ကြီး လျှော့နိုင်တဲ့သူတွေကလည်း ရှားပါတယ်။ ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အချိန်ပိုင်းလေးအစာငတ်ခံပြီး ဝိတ်လေးလည်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့် အသား ကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင် Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။ ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့ Diet ပုံစံတွေ ကို မွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား ...... အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ပြီး ပရိုတင်းနဲ့ အဆီဓါတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။ အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား .... မသိသေးဘူးဆိုရင် အတူတူ လေ့လာလိုက်ရအောင်နော်။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။ ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေအတွက်တော့ ကီတိုနည်းက […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သင်က ဘယ်လို သက်သက်လွတ်သမားမျိုးလဲ

လူအများစုအတွက် သတ်သတ်လွတ်သမားဆိုတာ အသား၊ ငါး၊ ကြက်ဘဲ အကုန်ရှောင်ခြင်းဖြစ်တယ်။ ဒါပေမယ့် တကယ်တော့ သင်ထင်ထားတာထက်သတ်သတ်လွတ်မျိုးစုံရှိပါတယ်။ အသားအကုန်ရှောင်တဲ့သတ်သတ်လွတ်သမား၊ အသားနဲ့ပတ်သတ်တဲ့ထွက်ကုန် ဥပမာ- ဥမျိုးစုံ၊ နို့ထွက်ပစ္စည်း အပြင် သိုးမွေး၊ တိရစ္ဆာန်သားရေ၊ ပိုး ထိရှောင်တဲ့ သတ်သတ်လွတ်သမား တွေတော့ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် lacto သတ်သတ်လွတ်သမား နဲ့ lacto-ovo သတ်သတ်လွတ်သမားအကြောင်းကြားဖူးပါသလား။ သင်ကသတ်သတ်လွတ်သမားဆိုရင် ထိုအမျိုးအစားတွေထဲမှာ ပါကောင်းပါနိုင်ပါတယ။် တဝက်သတ်သတ်လွတ်သမား လိုက်လျောညီထွေသမားလို့ခေါ်ကြတယ်။ ပုံမှန်သတ်သတ်လွတ် သော်လည်း တခါတရံ တချို့သောအသားများနဲ့ ပင်လယ်စာများ ပါတတ်ပါတယ်။ အကြမ်းအားဖြင့်အသားရှောင်တာလည်းဖြစ်နိုင်တယ်။ ကြက်သား သို့ ငါးသာစားခြင်းလည်းဖြစ်နိုင်ပါတယ်။ တဝက်သတ်သတ်လွတ်သမားဖြစ်ပါက လိုအပ်တဲ့ဗီတာမင်၊ သတ္ထုဓါတ်တွေလုံလောက်အောင်စားဖို့အကြံပြုပါရစေ။ အဆီများလွန်း၊ ကယ်လိုရီများလွန်းတာတွေလည်းရှောင်သင့်ပါတယ်။ Lacto-ovo သတ်သတ်လွတ်သမား မိမိကိုယ်ကိုသတ်သတ်လွတ်လို့ထင်သူတွေဟာ များသောအားဖြင့် Lacto-ovo သတ်သတ်လွတ်သမားပါ။ အသား၊ ငါး၊ ကြက်ဘဲ အကုန်ရှောင်ပါတယ်။ ဒါပေမယ့် ဥတွေနဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

တကယ်လို့ သင့်မှာ နှလုံးရောဂါ တစ်ခုခု ဖြစ်နေပြီဆိုရင် သင့်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးပါလိမ့်မယ်။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေက ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း အကြောင်းလေး မျှဝေပေးချင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် စားသောက်နည်း နှလုံးကျန်းမာရေးအတွက် စားသောက်နည်း ကတော့ မျှတစွာ စားသုံးပါ။ လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုစားသုံးနိုင်ဖို့ အဓိက နားလည်ရမှာကတော့ အစားအစာ အုပ်စုတွေပဲ ဖြစ်ပါတယ်။ သင့်စားသောက်မှု ပုံစံကို ပြင်ဆင်မယ်ဆိုရင် အောက်ပါ အစားအစာအုပ်စုတွေကို စဉ်းစားသင့်ပါတယ်။ သစ်သီးများနဲ့ အသီးအရွက်များ၊ ဆန်၊ အာလူး၊ ပေါင်မုန့်နဲ့ ပါစတာကဲ့သို့သော ကစီဓာတ် ကြွယ်ဝတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သက်လွတ်သမားများအတွက် ကျန်းမာစေမယ့် စားသောက်နည်း (၁၀) မျိုး

လူတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝဖို့ စားသောက်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတ်သတ်လွတ်သမားတွေအတွက် ဒီလို အာဟာရတော့ ပြည့်ဝအောင် စားဖို့ကတော့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျန်းမာတဲ့ သတ်သတ်လွတ်သမားဖြစ်ဖို့ အကြံပြုချက် (၁၀) ချက်ပဲ ဖြစ်ပါတယ်။ (၁) အသားဓါတ်ပါအောင်စားပါ။ သတ်သတ်လွတ်သမားတွေအတွက် အသားဓါတ်က ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေစားခြင်းဖြင့် ရနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ စားတဲ့ သတ်သတ်လွတ်သမားတွေအတွက်တော့ နို့နဲ့ဥ တွေကနေ အသားဓါတ်ကို ရရှိပါတယ်။ (၂) ကယ်ဆီယံဓါတ်ပါအောင်စားပါ။ ကယ်ဆီယံဓါတ်က ခန္ဓါကိုယ်ကြီးထွားမှုနဲ့ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ပဲနို့၊ တိုဖူး၊ အစိမ်းရင့်ရောင်အရွက်များ၊ လိမ္မော်ရည်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်ဆီယံဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် ကယ်ဆီယံဓါတ်ကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း