ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/health/general-health-knowledge/tips-on-how-to-cut-onions/ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ် ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ

ကီတို Diet ဆိုတာ ကိုယ်အလေးချိန် ကျစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးကောင်းစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ Diet တစ်မျိုးပါ။ အထူးသဖြင့် လူငယ် အမျိုးသမီးတွေ ကီတို Diet လုပ်တာ ပိုများပါတယ်။ ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှ နည်းအောင် စားသုံးပြီး ကျန်းမာရေး အကျိုးပြု အဆီဓာတ်နဲ့ အသားဓာတ်ကိုသာ အဓိက စားသုံးပေးရပါတယ်။ ပုံမှန် အစာစားလိုက်တဲ့အခါ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်သည် ကစီဓာတ်လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို အရင်ဖြိုခွဲပေးရပါတယ်။ ပြီးတော့မှ အဆီဓာတ်နဲ့ ကယ်လိုရီတွေကို ဖြိုခွဲပါတယ်။ ကီတို Diet စတင်တဲ့အခါမှာ ကစီဓာတ် စားသုံးမှုနည်းသွားတဲ့အတွက် ကိုယ်ခန္ဓာက အဆီတွေကို တိုက်ရိုက်ဖြိုခွဲဖို့ ပိုလွယ်ကူသွားပါတယ်။ အဆီတွေကို ကီတုန်း (Ketone) အဖြစ်နဲ့ ဖြိုခွဲပြီးနောက် အသည်းထဲမှာ သိုလှောင်ကာ ဦးနှောက်အတွက် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

ကိုယ်အလေးချိန် တိုးလာတယ်၊ ဝိတ်တက်လာတယ်။ ဝတ်ချင်တာတွေကို မဝတ်ရလို့ စိတ်ညစ်ပြီး ဝိတ်ချဖို့ စဉ်းစားနေတယ်။ ဝိတ်ချနည်းတွေက အမျိုးမျိုးပဲ ဒီအထဲကမှ Yo-Yo Diet နည်းနဲ့ ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် ဝိတ်ချတဲ့ အစီအစဉ် မစခင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ Yo-Yo Diet ဆိုတာ ဘာလဲ။ Yo-yo diet ဆိုတာကို ကိုယ်အလေးချိန် တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီး ဝိတ်ချလိုက် ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Yo-Yo Diet လုပ်သင့်လား။

ဒီစကားလုံးက လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ ဝိတ်ချတဲ့ Diet Planတွေ အများကြီးထဲက တစ်ခုပါ။ ဒီတစ်ခေါက်တော့ ဝိတ်ချချင်သူတွေ လိုက်လုပ်မိနေနိုင်တဲ့ Yo-Yo Diet လေးအကြောင်း ပြောပြပေးပါရစေ။ Yo-Yo Diet ဆိုတာ ဘာလဲ။ Yo-yo diet ဆိုတာကို ကိုယ်အလေးချိန် တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီး ဝိတ်ချလိုက် ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က Yo Yo လိုပဲ အတက်အကျ မြန်နေတာကြောင့် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့

သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သက်သတ်လွတ် စားတာကို ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ကျန်းမာရေး အရပဲ ဖြစ်ဖြစ် ဒီခေတ်မှာ တော်တော်များများ လုပ်လာကြပါပြီ။ သက်သတ်လွတ်စားတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်ဟာမဆို ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလေ့ ရှိတာ မို့လို့ရေရှည်စားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။ သက်သတ်လွတ်သမားတွေ အမျိုးမျိုးရှိပါတယ်။ ဗဟုသုတပြောပြရရင် -Lacto-vegetarian တွေကတော့ အသား၊ငါး၊ ဥတွေ၊ အဲ့တာတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မစားပါဘူး။ ဒါပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ စားပါတယ်။ -Ovo-vegetarian တွေကတော့ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါတယ်။ ဥတွေတော့ စားပါတယ်။ -Lacto-ovo vegetarian တွေကတော့ အသား၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး

လူတချို့ဟာ အကြောင်းပြချက်မျိုးစုံအတွက် သက်သတ်လွတ်စားကြပါတယ်။ ကျန်းမာရေးအယူအဆ အရသော်လည်းကောင်း၊ ဘာသာရေးယုံကြည်ချက်ကြောင့်သော်လည်းကောင်း၊ မိမိ အတွေးအမြင်အရ သော်လည်းကောင်း သက်သတ်လွတ်စားကြပါတယ်။ တစ်သက်တာစားသုံးသူတွေရှိကြသလို အချိန်ကာလတခုနဲ့ စားကြသူတွေလည်း ရှိပါတယ်။ သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များအကြောင်း ပြောပြပေးချင်ပါတယ်။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေရှိနေပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေသေးတာကိုတော့ ငြင်းမရပါဘူး။ ယခု ဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များကတော့ ၁။ နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း သက်သတ်လွတ်စားသုံးသူများဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေမှာ ပုံမှန်လူများထက် သုံးပုံတစ်ပုံလျော့နည်းတယ်လို့ ဆိုပါတယ်။ ရွေးချယ်တဲ့ အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြားဓာတ်နည်းတဲ့ အစားအစာများကို ပိုမိရွေးချယ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတိုဒိုင်းယက် စားသင့်မစားသင့်

facebook twitter တို့လို social media ကို ကြည့်ကြည့် မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာပဲကြည့်ကြည့် ဒီနေ့ခေတ်မှာ ကီတို ဒိုင်းယက် keto diet ဆိုတဲ့စကားတစ်ခုက အင်မတန် ပေါ်ပြူလာဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ keto diet နဲ့ ပတ်သက်လို့ စားသင့်မစားသင့် အငြင်းအခုံတွေလဲ အများကြီးရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကီတိုဒိုင်းယက်ကို သိပ္ပံရှုဒေါင့်ကနေ လက်တွေ့ကျကျချဉ်းကပ်ထားတာကို ဖော်ပြပါ့မယ်။ ကီတိုဆိုတာ ကီတိုဒိုင်းယက်ဟာ စားသောက်မှုပုံစံပေါင်းမြောက်မြားစွာရှိတဲ့အထဲကနေမှ အင်မတန်ထူးခြားပါတယ်။ အလွန်မြင့်မားစွာ ပါ၀င်နေတဲ့ အဆီဓာတ်နဲ့ မပါသလောက်ဖြစ်တဲ့ ကစီဓာတ်တွေကြောင့်ပါပဲ။ ကီတိုဒိုင်းယက်ရဲ့အခြေခံဖြစ်တဲ့ ketogenesis လို့ခေါ်တဲ့ ကီတိုဇီ၀ရုပ်ဖြစ်ပျက်ခြင်း ဟာ တကယ်တော့ အယူအဆ တွေ့ရှိမှုအသစ်တစ်ခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ သကြားဓာတ်လို့ခေါ်တဲ့ ဂလူးကို့စ်ဓာတ် သုံးစရာမရှိတဲ့ အခြေအနေမှာ ဖြစ်နေကျ ဇီ၀ရုပ်ဖြစ်ပျက်မှူတစ်ခုသာဖြစ်ပါတယ်။ စွမ်းအင်အတွက် သုံးစရာအချိုဓာတ်မရှိတဲ့ အခါ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားသူတိုင်း သတိထားသင့်တဲ့ အချက်တွေ။

ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊ အသားစားရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ ဘာသာရေးအယူအဆတစ်ခုကြောင့်ဖြစ်ဖြစ် အသီးအရွက်တွေ ချည်းစားနေတဲ့ သက်သတ်လွတ် သမားတွေ ရှိမှာပါ။ သက်သတ်လွတ်စားရင် အသားအရေလှတယ်။ ကိုယ်အလေးချိန်လည်းထိန်းနိုင်တယ်ဆိုပေမယ့် မျှတတဲ့ အာဟာရတစ်ခုကို အသီးအရွက်ချည်းပဲ ရဖို့ခက်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျန်းမာတဲ့ ကိုယ်ခန္ဓာတစ်ခုပိုင်ဆိုင်ဖို့ဆို အသားငါး၊ အသီးအရွက်၊ ထမင်းစတဲ့ အုပ်စုကြီးတွေ မျှတအောင် စားဖြစ်ဖို့လိုတယ်လေ။ ဒီတော့ သက်သတ်လွတ် အသီးအရွက်ကြီးပဲ စားနေတဲ့ လူတွေ အတွက် သတိထားစရာ ကျန်းမာရေးပြဿနာလေးတွေ ရှိပါတယ်။ သက်သတ်လွတ်စားသူတိုင်း ဘယ်လိုကျန်းမာရေးပြဿနာတွေကို သတိထားရမလဲ။ ( ၁ ) ပဲအစားများခြင်းကနေ လေထိုးလေအောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သက်သတ်လွတ်သမားတွေက အသားဓာတ်၊ ပရိုတင်းဓာတ်ရဖို့ ပဲကို အဓိကထား စားရတယ်မလား။ ဒီပဲအမျိုးမျိုးမှာ ပါဝင်တဲ့ lectins နဲ့ phytates ဓာတ်က လေထိုးလေအောင့် လေပွတဲ့ပြဿနာကို အဓိကဖြစ်စေတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto Diet စားပြီး ဝိတ်မကျတာ ဘာကြောင့်လဲ

Keto Diet လို့ခေါ်ကြတဲ့ ကိုယ်အလေးချိန်လျှော့ စားသောက်နည်းက အခုနောက်ပိုင်း အတော်ခေတ်စားလာပါတယ်။ သူကတော့ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်တဲ့နည်းပါ။ ပုံမှန်ဆို ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ဖြိုခွဲလိုက်ပြီး ခွန်အားအဖြစ်အသုံးပြုပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်အလုံအလောက်မရှိတဲ့အခါ ketosis ဆိုတဲ့အဆင့်ကိုရောက်လာပါတယ်။Ketosis ဖြစ်နေတဲ့အတွင်းမှာ ခန္ဓါကိုယ်က အဆီလောင်ကျွမ်းမှုမှာ ပိုလုပ်ဆောင်နိုင်လာပြီး ဂလူးကို့စ်အစား အဆီတွေကိုပဲ ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုလာပါတယ်။ ဒီအဆီလောင်ကျွမ်းမှုကြောင့်ပဲ အဆီချလိုတဲ့သူတွေကြား ကီတိုနည်းကို လူကြိုက်များလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကီတိုစားနေပေမယ့် သူများလို ထိထိရောက်ရောက်အဆီမကျဘူး ဆိုတဲ့သူတွေရှိနေပါတယ်။ကီတိုနည်းကိုစားနေပေမယ့် ကိုယ့်မှာဝိတ်မကျရတဲ့တခြားအကြောင်းရင်းတွေက ဘာတွေဖြစ်မလဲဆိုတော့ - (၁) ketosis အဆင့်ကိုမရောက်သေးတာ ပုံမှန်အားဖြင့် ကီတိုနည်းနဲ့ဝိတ်မကျတဲ့သူတွေဟာ ketosis အဆင့်ကို မရောက်သေးတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာလို့မရောက်ရလဲဆိုတဲ့ အဖြစ်များဆုံးအကြောင်းရင်းက ကာဗိုဟိုက်ဒရိတ်ကို လိုအပ်တဲ့ပမာဏအထိ သေချာမဖြတ်တောက်နိုင်လို့ပဲဖြစ်ပါတယ်။ ကီတိုနည်းနဲ့ စားသုံးနေသူတစ်ယောက်ရဲ့ ကယ်လိုရီစားသုံးမှုမှာ ကာဗိုဟိုက်ဒရိတ်က ၅-၁၀ ရာခိုင်နှုန်းပဲ ပါဝင်သင့်ပါတယ်။ (၂) […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓါကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်အချိုးအစားတွေမတူကြသလို ဖြစ်ချင်တဲ့ ခန္ဓါကိုယ်ပန်းတိုင်တွေကလည်းမတူကြပါဘူး။ တချို့က ပိန်ချင်တယ်၊ ကြွက်သားတွေနဲ့ကျစ်လျစ်ချင်တယ်၊ တချို့ကျတော့လည်း လက်ရှိကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်၊ ယောက်ျားလေးတွေဆိုရင် ကြွက်သားကြီးချင်တယ် စသဖြင့်ဖြစ်ချင်တာတွေအမျိုးမျိုးပေါ့။ ပန်းတိုင်မတူကြတဲ့အချိန်မှာ သူများလုပ်နေတဲ့လေ့ကျင့်ခန်းမျိုး စားနေတဲ့အစားအသောက်မျိုးကို ကိုယ်ကသေချာမသိဘဲ လိုက်လုပ်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။ လုပ်နေတဲ့ Diet တွေအောင်မြင်ဖို့ လေ့ကျင့်ခန်းတွေထိရောက်ဖို့အတွက် မိမိခန္ဓါကိုယ်က ဘယ်လိုပုံစံလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ ခန္ဓါကိုယ်အချိုးအစားဟာ အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။ Ectomorph ပထမတစ်မျိုးကတော့ Ectomorph ပါ။ သူငယ်ချင်းတွေထဲမှာ ဘယ်လောက်စားစားမဝတဲ့သူမျိုး တွေ့ဖူးမှာပေါ့။ ဒီလိုအချိုးအစားပိုင်ရှင်တွေကို လူအများက အားကျကြသလို သူတို့ကိုယ်တိုင်ကလည်း ဝချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။ Ectomorph လေးတွေဟာ ပုခုံး၊တင်ပါးတွေကျဉ်းပြီး ခြေတံလက်တံရှည်ပါတယ်။ အရိုးအဆစ်တွေဟာ သေးငယ်ပြီး ခန္ဓါကိုယ်အဆီပမာဏနည်းတဲ့သူတွေဖြစ်ကြပါတယ်။ ဟောလီးဝုဒ်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်၊ မင်းသား ဘရက်ပစ် နဲ့ မော်ဒယ် ကိတ်မော့စ် တို့ကို ectomorph ခန္ဓါကိုယ်အမျိုးအစားအဖြစ်ဥပမာ ပြလို့ရပါတယ်။ Ectomorph လေးတွေဘာစားသင့်လဲ။ ထမင်း၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto Flu ဆိုတာ ဘာလဲ...

ခုတလော ဝိတ်ချတဲ့သူတွေအကြားမှာ ခေတ်စားနေတဲ့ ဝိတ်ချနည်းတစ်ခုရှိပါတယ်။ ဒါကတော့ ကာဗိုဟိုက်ဒရိတ်ကိုရှောင်ပြီးစားတဲ့ keto diet ပါ။ ဒီနည်းလမ်းက သဘာဝအတိုင်း ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာစေပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုစီတိုင်းမှာ ကောင်းကျိုးက ဆိုးကျိုးက ဒွန်တွနြေစမြဲပါ။ ဒီတစ်ခေါက်တော့ Keto Diet လုပ်ပြီး ဝိတ်ချနေသူတွေအတွက် သတိထားသင့်တဲ့ Keto Flu လေးအကြောင်းပြောပြပေးချင်ပါတယ်။ Keto Diet ဆိုတာဘာလဲ......... Keto Diet ဆိုတာက ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး ပရိုတင်းပမာဏ အသင့်အတင့်နဲ့အဆီပါဝင်မှုများပါတယ်။ ဒီစားသောက်မှုပုံစံက လူတော်တော်များများအတွက်တော့ စိတ်ချရပါတယ်။ ဒီစားသောက်မှုပုံစံကို ကျင့်သုံးတဲ့အခါ သတိထားရမှာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကို စားသုံးပေးပြီး အမြန်စား၊ အသင့်စားအစားအစာတွေကိုရှောင်ရပါမယ်။ နောက်တစ်ချက်က အချိုမှုန့်ကို ရှောင်ရမှာပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကိုလည်း လုံးဝစားလို့မရပါဘူး။ Keto Diet စားတဲ့အခါ Keto Diet စားတဲ့အခါ ကြုံရနိုင်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်