Intermittent fasting လုပ်နေသူတိုင်း သိသင့်တဲ့အချက်က
Intermittent fasting ကို တစ်ရက်ခြားမလုပ်သင့်ပါဘူး။ Intermittent fastingကို တစ်ရက်ခြားလုပ်လိုက်တဲ့အခါကျ ပြန်စားတဲ့ရက်ကျရင် ဆာလောင်စိတ်ပိုပြင်းပြနေပြီး အရင်စားနေကျထက် ၂ ဆလောက်ပိုစားမိတတ်လို့ပါ။ စစချင်း လုပ်မယ့်သူဆိုရင် တစ်ပတ်တစ်ရက်လောက်ပဲ စလုပ်သင့်ပါတယ်။ အထူးသဖြင့် extreme fasting ၄နာရီပဲ စားပြီး နာရီ ၂၀လုံးလုံး ဘာမှမစားတဲ့သူဆိုရင် နေ့တိုင်း လုပ်တာမျိုး ရှောင်သင့်ပါတယ်။
ဘာ့ကြောင့် ခုနောက်ပိုင်း Intermittent fasting က နာမည်ကြီးလာရတာလဲ ။ ။
- လေ့လာချက်တွေအရ လူတွေက ဘောင်ထဲမှာနေရတာကို ပိုကြိုက်တယ်ဗျ။ အဆီများတာမစားနဲ့ အစားလျှော့စား ဆိုပြီး စည်းမရှိတာထက် ဘယ်အချိန်တွေဆိုစားလို့ရတယ် ဘယ်အချိန်တွေတော့ အစားမစားရဘူးလို့ဆိုပြီး သတ်မှတ်ထားပေးရင် ပိုလိုက်နာတတ်တဲ့ သဘောရှိတယ်လို့ Dr Patel က ဆိုပါတယ်။
- နောက်ပြီး Intermittent fasting မှာ အဆီရှောင်၊ ကာဘိုဟိုက်ဒရိတ် ရှောင် ၊ အသားအများကြီး မစားနဲ့ ဆိုတာမျိုးတွေမရှိဘဲ မစားရမယ့် အချိန်ကသာ အရေးကြီးဆုံး ဖြစ်တာကြောင့် သူက နာမည်ကြီးရေပန်းစားနေရခြင်းပါ။
Intermittent fasting တွေထဲမှာမှ ဘယ်အချိန် အပိုင်းအခြားက နာမည်အကြီးဆုံးလဲ။ ။
၁၆ : ၈ ဖြစ်တဲ့ 12 noon – 8 pm က လူတိုင်းနီးပါးလုပ်နိုင်တဲ့ Intermittent fastingတစ်ခုပါ။ သဘောကတော့ နေ့လည် ၁၂ ကနေ ည ၈ အတွင်းပဲ အစားစားခွင့်ရှိတာပါ။ နောက်ပိုင်းကျန်တဲ့အချိန်တွေမှာ ဘာမှ မစားပါတော့ဘဲ နောက်နေ့ နေ့လည် ၁၂နာရီ ရောက်ရင်တော့ ပြန်စားလို့ရတာကို ဆိုလိုတာပါ။
Intermittent fasting မှာ သတိထားရမယ့် အချက်က စားရမယ့်အချိန်မှာလည်း စားတဲ့ပုံစံကို ထိန်းဖို့ပါ။ တစ်နေ့ကို ၈နာရီပဲ စားတယ်ဆိုပေမယ့် အဲ့ဒီ ၈နာရီအတွင်းမှာ တစ်နေ့တာ ကယ်လိုရီထက် ကျော်လွန်အောင် စားမိမယ်။ အဆီအဆိမ့်နဲ့ အချိုတွေ အစားများမယ်ဆိုရင် ဘာမှမထူးပါဘူး။
နောက်တစ်ချက်က အချိန်ပါ။ ၁၆နာရီ ဘာမှမစားဘူး။ ၈နာရီပဲ စားမယ်ဆိုပေမယ့် စားမယ့် ၈နာရီက ညဖြစ်နေလို့ မရပါဘူး။ ဥပမာ ၈နာရီဖြစ်ရင်ပြီးရော ည ၈နာရီကနေ မနက်၄နာရီထိ စားမယ်လို့ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ် အနားယူတဲ့ ညဘက်အချိန်တွေမှာ အစားရှောင်သင့်ပါတယ်။
ရေးသားသူ− Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။