ဒီစကားလုံးက လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ ဝိတ်ချတဲ့ Diet Planတွေ အများကြီးထဲက တစ်ခုပါ။ ဒီတစ်ခေါက်တော့ ဝိတ်ချချင်သူတွေ လိုက်လုပ်မိနေနိုင်တဲ့ Yo-Yo Diet လေးအကြောင်း ပြောပြပေးပါရစေ။
ထွက်မှာ သေချာပြီလား။
ဒီစကားလုံးက လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ ဝိတ်ချတဲ့ Diet Planတွေ အများကြီးထဲက တစ်ခုပါ။ ဒီတစ်ခေါက်တော့ ဝိတ်ချချင်သူတွေ လိုက်လုပ်မိနေနိုင်တဲ့ Yo-Yo Diet လေးအကြောင်း ပြောပြပေးပါရစေ။
Yo-yo diet ဆိုတာကို ကိုယ်အလေးချိန် တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီး ဝိတ်ချလိုက် ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။
ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က Yo Yo လိုပဲ အတက်အကျ မြန်နေတာကြောင့် Yo-Yo Diet လို့ အမည်ပေးထားတာပါ။
Yo-Yo Diet ကို လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေ အများဆုံး လုပ်ကြပါတယ်။ အသက် ၂၀ ကနေ ၃၅ ဝန်းကျင်တွေ အများဆုံး လုပ်တတ်ကြပါတယ်။
အစားတွေကို စားချင်သလောက် စားလိုက်မယ်။ ဝလာပြီဆိုရင် ဝိတ်ပြန်ချမယ်။ ဒီလိုလုပ်တာက ဒီအတိုင်းကြည့်ရင် ခန္ဓာကိုယ်က တက်လွယ် ကျလွယ်တယ်၊ လိုသလိုလုပ်လို့ရတယ်၊ လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးဆိုးကျိုး ရှိနိုင်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကတော့ Yo-Yo Diet လုပ်တာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်တယ် ဆိုတာပါ။ အဆီဆဲလ်တွေက leptin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ ဒီ ဟော်မုန်းက ခန္ဓာကိုယ်မှာ အဆီပမာဏ လုံလောက်အောင် သိမ်းဆည်းထားပြီးပြီ ဆိုတာကို သတင်းပို့ပါတယ်။ ကိုယ်အလေးချိန် ကျသွားချိန်မှာ ကိုယ်တွင်းမှာ အဆီ နည်းသွားသလို leptin လည်း နည်းသွားပါတယ်။ ဒီအခြေအနေက သင့်ကို ဆာလောင်မှုကို ခံစားရစေတယ်။
ခန္ဓာကိုယ်ကလည်း စွမ်းအင်ကို ခြိုးခြံဖို့အတွက် လုပ်ဆောင်မှုတွေကို အရှိန်လျှော့ချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ Diet လုပ်နေတာကို ရပ်လိုက်မယ်ဆိုရင် အရမ်းကို စားချင်စိတ်တွေဖြစ်ပြီး အစားအစာတွေကို နင်းကန် စားမိပါမယ်။
ဒါပေမယ့် ခန္ဓာကိုယ်ကတော့ ကယ်လ်လိုရီကို နည်းနည်းပဲ လောင်ကျွမ်းပါလိမ့်မယ်။ ဒီတော့ ထွက်လာမယ့် ရလဒ်က Diet မလုပ်ခင်ကထက် ကိုယ်အလေးချိန် ပိုများနေမယ် ဆိုတာပါ။
နောက်တစ်ချက် သတိထားရမှာက Yo-Yo Diet လုပ်တဲ့အခါ ခန္ဓာကိုယ်က ပေါင်ကျသွားတာနဲ့အတူ အဆီတွေရော ကြွက်သားတွေပါ ကျသွားတာပါ။ဒါပေမယ့် ဝိတ်ပြန်တက်လာချိန်မှာတော့ အဆီတွေက အရင်ပြန်တက်လာပါတယ်။ ကြွက်သားတွေ ပြန်တက်မလာချင်မှာ အစားစားချင်စိတ်က အမြင့်ဆုံး အနေအထားမှာ ရှိနေဆဲပါ။ ဒါက ဘာကိုဖြစ်စေမလဲဆိုတော့ ကိုယ်တွင်းမှာ အဆီစုတာကို ဖြစ်စေတာပါ။
ဒီလိုသာ ရေရှည်သွားမယ်ဆိုရင် ဝိတ်ကျလိုက် တက်လိက်အနေအထားမှာ ကြွက်သား မကျန်ဘဲ အဆီတွေပဲ တက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒီကနေ အဝလွန်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။
Yo-Yo Diet ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုက အဝလွန်စေတာတင် မကပါဘူး။ သွေးတိုးတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်တာတွေ ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့ကတော့ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ခံစားရနိုင်တာပါ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
What Happens to Your Body When You Yo-Yo Diet https://www.webmd.com/diet/ss/slideshow-diet-yo-yo-diet-effect Accessed Date 19 June 2020
How to Overcome (and Avoid) Yo-Yo Dieting https://www.everydayhealth.com/wellness/state-of-resilience/yo-yo-dieting-how-avoid-weight-loss-regain/ Accessed Date 19 June 2020
What Yo-Yo Dieting Actually Does to Your Body https://nutritiouslife.com/eat-empowered/yo-yo-dieting/ Accessed Date 19 June 2020