ကီတို Diet ဆိုတာ ကိုယ်အလေးချိန် ကျစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးကောင်းစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ Diet တစ်မျိုးပါ။ အထူးသဖြင့် လူငယ် အမျိုးသမီးတွေ ကီတို Diet လုပ်တာ ပိုများပါတယ်။ ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှ နည်းအောင် စားသုံးပြီး ကျန်းမာရေး အကျိုးပြု အဆီဓာတ်နဲ့ အသားဓာတ်ကိုသာ အဓိက စားသုံးပေးရပါတယ်။