ဝိတ်ချချင်လို့ပဲဖြစ်ဖြစ် အသားစားရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ် ဘာသာရေးအယူအဆတစ်ခုကြောင့်ဖြစ်ဖြစ် အသီးအရွက်တွေချည်းစားနေတဲ့ သတ်သတ်လွတ်သမားတွေရှိမှာပါ။ သတ်သတ်လွတ်စားရင် အသားအရေလှတယ် ကိုယ်အလေးချိန်လည်းထိန်းနိုင်တယ်ဆိုပေမယ့် မျှတတဲ့ အာဟာရတစ်ခုကို အသီးအရွက်ချည်းပဲ စားတာကနေ မရနိုင်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျန်းမာတဲ့ ကိုယ်ခန္ဓါတစ်ခုပိုင်ဆိုင်ဖို့ဆို အသားငါး အသီးအရွက် ထမင်းစတဲ့ အုပ်စုကြီးတွေ မျှတအောင် စားဖြစ်ဖို့လိုတယ်လေ။ ဒီတော့ သတ်သတ်လွတ် အသီးအရွက်ကြီးပဲ စားနေတဲ့ လူတွေ အတွက် သတိထားစရာ ကျန်းမာရေးပြဿနာတွေ ပေါ်လာတော့တာပေါ့ ။