home

ကျန်းမာရေး ကဏ္ဍများ

ဆောင်းပါးများ

ဆောင်းပါးများ

ကိရိယာများ

ကိရိယာများ

အဖွဲ့များ

အဖွဲ့များ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

တုပ်ကွေးကူးစက်မှုကို ကာကွယ်ကြမယ်

တုပ်ကွေးကူးစက်မှုကို ကာကွယ်ကြမယ်

ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

တုပ်ကွေးကူးစက်မှုကို ကာကွယ်ကြမယ်

တုပ်ကွေးကူးစက်မှုကို ကာကွယ်ကြမယ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ရှိသင့်တဲ့ နှလုံးခုန်နှုန်း တွက်ချက်ခြင်း

ရှိသင့်တဲ့ နှလုံးခုန်နှုန်း တွက်ချက်ခြင်း

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

သင့်မှာ သုက်လွှတ်မြန်နိုင်ခြေ ရှိသလား။

သင့်မှာ သုက်လွှတ်မြန်နိုင်ခြေ ရှိသလား။

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တွက်ချက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တွက်ချက်ခြင်း

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
17 days
ဘေဘီလေးအတွက် နာမည်လေးရွေးပြီး မုန့်ဖိုး ၂၀,၀၀၀ ကို ရယူလိုက်ကြရအောင်
tip_welcome

မင်္ဂလာပါ။ !

ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။

ဘာထူးပါသလဲ။

ပင်မ စာမျက်နှာ
ကျန်းမာစွာ စားသောက်ခြင်း
ထူးခြားသည့်စားသောက်မှုပုံစံကွဲများ
မှတ်ချက်များ

သင့်အတွေးများကို ဝေမျှပါ။

သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။

Start a new post

ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။

Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

    Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

    ကိုယ်အလေးချိန် တိုးလာတယ်၊ ဝိတ်တက်လာတယ်။ ဝတ်ချင်တာတွေကို မဝတ်ရလို့ စိတ်ညစ်ပြီး ဝိတ်ချဖို့ စဉ်းစားနေတယ်။ ဝိတ်ချနည်းတွေက အမျိုးမျိုးပဲ ဒီအထဲကမှ Yo-Yo Diet နည်းနဲ့ ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် ဝိတ်ချတဲ့ အစီအစဉ် မစခင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။

    Yo-Yo Diet ဆိုတာ ဘာလဲ။

    Yo-yo diet ဆိုတာကို ကိုယ်အလေးချိန် တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီး ဝိတ်ချလိုက် ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။

    ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က Yo Yo လိုပဲ အတက်အကျ မြန်နေတာကြောင့် Yo-Yo Diet လို့ အမည်ပေးထားတာပါ။

    Yo-Yo Dietကြောင့် ခန္ဓာကိုယ်မှာ ဘာတွေ ထိခိုက်လာနိုင်လဲ

    Yo-yo diet ကြောင့် ခန္ဓာကိုယ်မှာ အခုလို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။

    အစားစားချင်စိတ်ကို ပိုဖြစ်စေပြီး ကိုယ်အလေးချိန် ပိုတက်လာစေနိုင်တယ်

    ပုံမှန်ကတော့ Diet လုပ်နေချိန်မှာ အစားကို လျော့စားဖြစ်ပေမယ့် Diet နားလိုက်ချိန်မှာ အရင်ကထက် ပိုစားတာမျိုးတွေ ဖြစ်လာစေနိုင်တာကြောင့် ဒီ Yo-Yo Diet လုပ်တာက ဝိတ်ကျစေတာထက် အစားပိုစားမိစေပြီး အခန့်မသင့်ရင် ကိုယ်အလေးချိန် ဝိတ်မချခင်ကထက် ပိုတိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။

    အဆီ ပိုများလာစေနိုင်တယ်

    လေ့လာမှုတွေအရ Yo-Yo Diet က ခန္ဓာကိုယ်က အဆီရာခိုင်နှုန်းကို တိုးစေပါတယ်။ Yo-Yo Diet လုပ်တာကြောင့် ဝိတ်တက်တဲ့အချိန် ကြွက်သားထက် အဆီတွေက ပိုဖြစ်နိုင်ပါတယ်။ ဝိတ်ကျချိန်မျာ အဆီရော ကြွက်သားပါ ကျသွားတာဆိုပေမယ့် ဝိတ်တက်ချိန်မှာ ကြွက်သားထက် အဆီက ပိုတက်လွယ်တာကြောင့် ခန္ဓာကိုယ်မှာ အဆီ ပိုများလာနိုင်ပါတယ်။

    ကြွက်သား ဆုံးရှုံးမှုကို ဖြစ်စေတယ်

    ဝိတ်ချတဲ့အခါ ခန္ဓာကိုယ်မှာ အဆီနဲ့အတူ ကြွက်သားတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါပေမယ့် ဝိတ်ချတဲ့ အစီအစဉ် ပြီးလို့ ပုံမှန်အတိုင်း ပြန်စားတဲ့အခါ အဆီက ကြွက်သားထက် အရင်တက်လာတာရယ် ဝိတ်ချချိန်မှာ ပရိုတင်း လုံလောက်ပြည့်ဝအောင် မစားမိတာတွေရယ်ကြောင့် လှုပ်ရှားမှု မပါဘဲ ဝိတ်ချတဲ့ အစီအစဉ်ပဲ လုပ်မယ်ဆိုရင် ကြွက်သားဆုံးရှုံးတာ ဖြစ်နိုင်ပါတယ်။

    အသည်း အဆီဖုံးစေနိုင်တယ်

    ခန္ဓာကိုယ်က အသည်းဆဲလ်တွေထဲမှာ အဆီပိုတွေ စုဆောင်းမိတဲ့အခါ အသည်း အဆီဖုံးတာ ဖြစ်လာနိုင်ပါတယ်။ အဝလွန်တာက အသည်းအဆီဖုံးစေနိုင်တဲ့ အချက်တစ်ခုပါ။ ကိုယ်အလေးချိန် တက်လာတာက အသည်းအဆီဖုံးရောဂါ ခံစားရနိုင်ခြေ တိုးလာတာပါပဲ။

    နောက်ထပ် ဖြစ်နိုင်တာတစ်ခုက အသည်းက အဆီ နဲ့ အချိုဓာတ်ကို ချေဖျက်ရများတဲ့ အချိန်မှာလည်း အသည်းအဆီဖုံးတာ ဖြစ်နိုင်ပါတယ်။ ဒီ အချိန်မှာ အသည်း အဆီဖုံးတာနဲ့အတူ ခံစားရနိုင်တာက အမျိုးအစား (၂) ဆီးချိုရောဂါပါ။ ကိုယ်အလေးချိန်က တက်လိုက် ကျလိုက် ခဏခဏ ဖြစ်နေတာက ရေရှည်မှာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

    ဆီးချို ဖြစ်စေနိုင်တယ်

    Yo-yo dieting က အမျိုးအစား (၂) ဆီးချိုရောဂါကို ဖြစ်စေနိုင်တယ်၊ လို့ လေ့လာမှု အထောက်အထားတွေအရ သိရပါတယ်။ ဝိတ်တက်လိုက် ကျလိုက် တလှည့်စီ ဖြစ်နေတာက ဗိုက်၊ လက်မောင်း၊ ခြေထောက် နဲ့ တင်ပါးတို့မှာ အဆီစုတာတွေကို ဖြစ်စေပြီး ကိုယ်တွင်းအဆီကို များစေသလို အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး ဆီးချို အစောပိုင်း လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။

    ဒီဝိတ်ချတဲ့ အစီအစဉ်ကို ရေရှည် စွဲလုပ်မယ်ဆိုရင် အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားလာရနိုင်ပါတယ်။

    နှလုံးရောဂါ ခံစားရနိုင်တယ်

    ကိုယ်အလေးချိန် တက်လိုက် ကျလိုက်ဖြစ်နေတာက နှလုံးသွေးကြောတွေကို ကျဉ်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေ တိုးလာစေသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ကိုယ်အလေးချိန် အတက်အကျ ကွာဟချက် များလေလေ နှလုံးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။

    သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များစေတယ်

    ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်နဲ့ သံသရာလည်နေတဲ့ yo-yo diet လုပ်တာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးရောဂါ ခံစားရစေနိုင်ပါတယ်။ ဝိတ်တက်လာတာနဲ့အတူ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင်ပေမယ့် ဝိတ်ကျသွားတဲ့ အခါမှာတော့ သွေးတိုးရောဂါ ခံစားရနိုင်ခြေက ကျမသွားပါဘူး။

    ငယ်စဉ်မှာ မသိသာပေမယ့် yo-yo diet လုပ်ထားဖူးသူတွေဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း ရောက်လာတဲ့အခါ သွေးတိုးရောဂါကို ခံစားကြရပါတယ်။

    ဒါကြောင့် ပုံမှန် အာဟာရ မျှတအောင် စားမယ်၊ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရင်းနဲ့ပဲ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ပြောပါရစေ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    What Happens to Your Body When You Yo-Yo Diet https://www.webmd.com/diet/ss/slideshow-diet-yo-yo-diet-effect Accessed Date 22 June 2020

    How to Overcome (and Avoid) Yo-Yo Dieting https://www.everydayhealth.com/wellness/state-of-resilience/yo-yo-dieting-how-avoid-weight-loss-regain/ Accessed Date 22 June 2020

    What Yo-Yo Dieting Actually Does to Your Body https://nutritiouslife.com/eat-empowered/yo-yo-dieting/ Accessed Date 22 June 2020

    10 Solid Reasons Why Yo-Yo Dieting Is Bad for You https://www.healthline.com/nutrition/yo-yo-dieting Accessed Date 22 June 2020


    ဆက်စပ် အကြောင်းအရာများ

    အစာလျှော့ပြီး ဝိတ်ချတာဟာ အဝလွန်တာထက် ပိုအန္တရာယ်များသလား

    Diet မပါပဲ ဝိတ်ချကြမယ်


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement
    Logo

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    Logo SocialLogo SocialLogo SocialLogo Social

    ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

    ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

    တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

    ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    Hello Health

    Hello Health အကြောင်း

    ကျွန်ုပ်တို့အကြောင်း


    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag

    DMCA Icon

    ©2022 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။