အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တဲ့အရာလို့ အများက ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ အားကစားတွေကို ကောင်းကောင်းလုပ်နိုင်မှာ ဆိုပေမယ့် နေ့စဉ်ဘဝမှာလည်း တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းဖို့ လိုပါမယ်။ သက်လုံဆိုတာ သက်လုံဆိုတာ သင့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းအင် နဲ့ သန်မာမှုတွေပါ။ သက်လုံက သင့်ကို စိတ်ရော ကိုယ်ပါ အကောင်းဆုံး လှုပ်ရှားစွမ်းဆောင်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သက်လုံကောင်းလေလေ အချိန် ကြာ​ကြာ စိတ်လက်ကျန်းမာ သန်စွမ်းလေလေပါ။ ယနေ့ခေတ်လို အပြိုင်အဆိုင် အခက်အခဲတွေ ကြားမှာ အကောင်းဆုံး ဖြစ်အောင် လှုပ်ရှားနေတဲ့အချိန်မှာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းခြင်းက အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တစ်နေ့တာကို သက်လုံ ကောင်းကောင်းနဲ့ လှုပ်ရှားနိုင်စေဖို့ တစ်နေ့တာကို သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ အစားအသောက် မှီဝဲရာမှာ သိပ်ကို အခက်တွေ့တတ်ပါတယ်။ ဟိုဟာမတည့် ဒီဟာမတည့် ဟိုဟာရှောင် ဒီဟာရှောင်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတိအင်မတန်ခက်ခဲတယ်ပဲ ဆိုပါတော့။ ဒီလို တစ်ခုခုစားမယ်ဆိုရင် စိတ်ပင်ပန်းနေရတတ်တဲ့ သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။ သွေးတိုးကို ထိမ်းချုပ်ပေးနိုင်ပြီး ရောဂါဆိုးရွာမလာအောင် ထိမ်းညှိပေးနိုင်မယ့်အပြင် အရသာလည်းရှိ အာဟာရလည်းပြည့်ဝတဲ့ အစားအစာမျိုးတွေပေါ့။ သွေးတိုးဆိုတာက ဖြစ်ပြီးရင် ပျောက်အောင်ကုသလို့မရဘူးလေ။ ဒီတော့ သတိထားရတာပေါ့။ ခုဖော်ပြပေးမယ့် အစားအစာတွေဟာ သွေးတိုးသမားတွေ ရောဂါထိမ်းချုပ်ရေးအတွက်ရော စိတ်လက်ပေါ့ပါးစွာ စားဖို့အတွက်ရော အထောက်အကူပြုမယ့် အထူးအစားအစာတွေဖြစ်ပါတယ်။ သွေးတိုးသမားတွေတော့ သဘောကျကြမယ်ထင်ပါတယ်။   သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာအမျိုးအစားတွေ ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဘီလီယံလောက်က သွေးတိုးဝေဒနာကို ခံစားနေကြရတာပါ။ ဒီလူတွေအားလုံးဟာ စားရေးသောက်ရေးမှာ အတော်လေး ကသီလင်တနိုင်လှပါတယ်။ သွေးတိုးဝေဒနာ ပြင်းထန်လာရင် နှလုံးရောဂါနဲ့ပါဆက်နွယ်နေတာကိုး။ ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့ လိုပါမယ်။ ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင် ရေဓာတ် ပြည့်ဖို့ ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။ ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ စားစရာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား ဆိုတာ ပြောပြချင်ပါတယ်။ နေပူထဲ သွားရင် အသားမည်းမယ် ဆိုတာက နောက်၊ ရေဓာတ် ဆုံးရှုံးတာက အရင်ပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်ဖြည့်ဖို့ ရေကို သောက်ရတာထက် လန်းဆန်းသွားအောင်ဆိုပြီး energy drink သောက်တာ ရှိသလို ဓာတ်ဆားရည်တွေလိုမျိုး သောက်စရာတွေကို သောက်ကြပါတယ်။ ဒီသောက်စရာတွေထဲမှာ ဘယ်အရာက အသင့်တော်ဆုံး ဖြစ်မယ် ထင်လဲ။ ကိုယ်ထင်ထားတဲ့ အဖြေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။ ရေဓာတ်က ဘယ်လောက်ထိ အရေးပါသလဲ........... ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ ကိုယ်တွင်း အပူချိန်ကို ထိန်းချုပ်တာက စလို့ တစ်ရှူးတွေ၊ အဆစ်တွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။ ဦးနှောက်က ခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။ နှလုံးခုန်စေဖို့ လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။ ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့ မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။ မှတ်ဉာဏ် ကောင်းစေဖို့ ဒါလေးတွေ စားပေးပါ။ အဆီများတဲ့ ငါး အဆီများတဲ့ ငါးတွေမှာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပေးနိုင်တဲ့ Omega-3 fatty acid ပါဝင်နေပါတယ်။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

Lupus ဆိုတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။  လေ့လာချက်တွေအရဆိုရင် ချင်း ဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Lupus ရှိရင် ချင်း (ဂျင်း) စားပါ လို့ ဆိုရတာဖြစ်ပါတယ်။ Lupus ရှိရင် ချင်း (ဂျင်း) စားပါ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ Lupus ဆိုတာ နာတာရှည်ရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က ပြင်ပကနေဝင်ရောက်တဲ့ အရာတွေကိုသာမက ကိုယ့်ရဲ့ခန္တာကိုယ်အတွင်းထဲက ပုံမှန်ကျန်းမာသော ဆဲလ်စ်တွေ၊ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္တာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်၊ အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။ ပြီးတော့ Lupus ဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ခန္ဓာကိုယ်ကြီးက စက်ယန္တရားတစ်ခုလိုပါပဲ။ အစိတ်အပိုင်းများစွာနဲ့ ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီတိုင်းကလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ နောက်တစ်ခုက စက်ယန္တရားတွေ လည်ပတ်စေဖို့အတွက် လောင်စာတွေ ဖြည့်ပေးရသလို ခန္ဓာကိုယ် ကျန်းမာဖို့လည်း အာဟာရတွေ ဖြည့်ပေးရပါတယ်။ အာဟာရဆိုတဲ့နေရာမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလိုမျိုး ခုခံအားကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ အခုလိုမျိုး ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာဆိုရင် ကိုယ်ခံအား ကောင်းဖို့က ပိုပြီး အရေးကြီးပါတယ်။ ကာကွယ်ဆေး မရခင်စပ်ကြားမှာ ကိုယ်ခံအားကောင်းအောင် လုပ်တာက ကိုဗစ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။ ဒီတော့ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုတွေ အားဖြည့်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရ အောင်နော်။ အစာစားတိုင်း အာဟာရပြည့်ဝစွာ ရရှိတယ်လို့ မဆိုနိုင်ပါဘူး။ နေ့တိုင်း စားနေတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးဖို့လို့ဆိုပေမယ့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ လူတွေကို အလွန်အမင်း အကျိုးပြုနိုင်တာကြောင့် လူကြိုက်များပြီး မှီဝဲစားသုံးသူလည်း များကြပါတယ်။ ဒါပေမယ့် အစားအစာတိုင်းမှာ အကျိုးပြုဓာတ်တွေချည်း ပါဝင်နေတာမဟုတ်ပါဘူး။ လူကို ဥပါဒ်သင့်စေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ပါဝင်နေတတ်ပါတယ်။ အစားအစာ အမျိုးအမည်ပေါ် မူတည်ပြီး ပမာဏ သာကွာခြားတာပါရှိတာပါ။ ဒါကြောင့်လည်း တချို့သော အစားအစာတွေဟာ သာမန်အချိန် မှီဝဲစားသောက်ရင်လူကို ကျန်းမာစေ၊ အကျိုးဖြစ်ထွန်းစေပေမယ့် ဖျားနာနေချိန်၊ နေမကောင်းချိန်တွေမှာ စားသောက်မိရင်တော့ ဘေးဖြစ်စေတတ်တာပါ။ ဒီလိုမျိုး နာမကျန်းဖြစ်နေချိန်မှာ ကိုယ်က အကျိုးပြုတယ်အထင်နဲ့ မှီဝဲစားသောက်ပြီးမှ ဝေဒနာပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘယ်အစားအစာတွေက ဖျားနာနေချိန်မှ မှီဝဲစားသောက်ဖို့မသင့်ဘူးလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။  ဒီလိုအစားအစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ဖျားနာနေချိန် ဟင်းနုနယ်ရွက်ကြီး (Spinach) - ဟင်းနုနယ်ရွက်ကြီးတွေဟာ လူ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ .... ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို ကာကွယ်နိုင်ဖို့နဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ဆိုရင် စားသောက်ပုံ ပုံစံကို စနစ်တကျ ပြင်ဆင်ပြောင်းလဲနိုင်ဖို့က အဓိကကျပါတယ်။ လေ့လာချက်တွေအရဆိုရင် အသားစားသုံးမှုကို လျှော့ချပြီး ပဲကို အစားထိုးမှီဝဲပေးတာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

အစာစားချိန်နောက်ကျတာက လူ့ကျန်းမာရေးကို အကျိုးမပြုပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာစား ကြတာများပါတယ်။ လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။ ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာ ဒါမှမဟုတ် အဆာပြေစာ စားဖြစ်ရင် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း ပိုမိုအားနည်းပြီး ကိုယ်အလေးချိန်ပိုမိုတိုးပွားစေလေ့ရှိတယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်တယ်လို့ လေ့လာချက်မှာဆိုထားပါတယ်။ BMI ၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း