အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

ချောင်းဆိုးတာ က ပြောတော့သာ ဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာ ချောင်းဆိုးချင်ရင် တော်တော်လေးတော့ နေရခက်တယ်နော်။ ချောင်းဆိုးချင်တာ အောင့်ထားလို့မရတဲ့ ပြဿနာ တစ်ခုပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ ဆေးတွေသောက်တာအပြင် တခြားဘာလုပ်လို့ရသေးလဲလို့ သိချင်တဲ့ Hello ဆရာဝန် ပရိသတ်ကြီးများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ချောင်းဆိုးပြီ ဆိုတာနဲ့ ဆေးသောက် ရမှာလား....... ချောင်းဆိုးတိုင်းတော့ ဆေးသောက်ဖို့ မလိုသေးပါဘူး။ အများစုက အလိုလိုသက်သာသွားတာကြောင့် ၁ရက်၊ ၂ရက်တော့ စောင့်ကြည့်နိုင်ပါတယ်။ ဒီကြားထဲမှာ ကိုယ်တိုင်လုပ်လို့ရတဲ့ ချောင်းဆိုးတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောပြရရင် ရေနွေးငွေ့ ခံတာ ကြက်သွန်ဖြူ စားတာ ဂျင်း (ချင်း) စားတာ ငရုတ်ကောင်း ခတ်ထားတဲ့ ဟင်းချို ပူပူလေး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား

မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား ဆိုတာ ကြည့်လိုက်ကြရအောင်လား။ စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ

Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင် ပါတယ်။ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါ အကြောင်း အားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေ ပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကို ရောက်သွားတဲ့အခါမှာ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားပြီး ခေါင်းကိုက် နုန်းခွေနေမယ် ဝမ်းချုပ်မယ် ပျို့အန်မယ် စတာတွေပဲ ဖြစပါတယ်။ နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါ ဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။ Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ စားသင့်တာတွေက ( ၁ ) ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။ ဗီတာမင်A ဗီတာမင် B နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

အဆုတ် ကျန်းမာရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ အသက်ရှူတိုင်း သတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာ ဖြစ်သလို လေထု ညစ်ညမ်းစေတဲ့ အရာ မှန်သမျှ အဆုတ်ရဲ့ ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့ အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကို သန့်စင်စေမယ့် အစားအသောက်တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ အဆုတ်ကို အားကောင်းစေမယ်။ ဒီတစ်ခေါက်တော့ အဆုတ်ကို သန့်စင်စေမယ့် အစားအစာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာ မဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့ အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့အစားအစာတချို့ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

စပျစ်သီးနဲ့ ဘယ်ရီသီးတွေက အဆုတ်ကျန်းမာရေးအတွက် တကယ်ကိုကောင်းတယ်လို့ သုတေသနအသစ်က ဆိုပါတယ်။ anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက်ဓါတ်တွေကြွယ်ဝတဲ့အစားအစာတွေကို စားသုံးရင် အသက်ကြီးလာတဲ့အထိအဆုတ်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးရှိနေမှာပါလို့ သုတေသီတွေကပြောပါတယ်။ စပျစ်သီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီတို့လို အရောင်ရင့်တဲ့အသီးတွေမှာတွေ့ရတတ်တာပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများတဲ့ စားသောက်မှုပုံစံက အဆုတ်ထိခိုက်မှုတွေရန်က ကာကွယ်ပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းကို ထိန်းပေးတယ်၊ အသက်ကြီးလာတဲ့အခါ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာနိုင်ခြေကိုလည်း နည်းစေနိုင်တယ် လို့ ဦးဆောင်သုတေသီ Vanessa Garcia-Larsen ကပြောပါတယ်။ လူတွေက အသက် ၃၀လောက်အရွယ်မှာ အဆုတ်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအချိန်ကျော်လွန်သွားတဲ့အခါ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ ဓါတ်ပစ္စည်းထိတွေ့မှု၊တခြားရောဂါအခံ စတဲ့အကြောင်းရင်းအမျိုးမျိုးကို မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ကဆင်းမှုနှုန်းချင်းကွာခြားသွားကြတာပါလု့ိ သူက ဆက်ရှင်းပြပါတယ်။ ပြုပြင်စီမံထားတဲ့အစားအစာတွေကြောင့် အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေနိုင်တယ်လို့ အရင်သုတေသနတွေမှာတွေ့ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အရောင်ရင့်တဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတဲ့သူတွေက အဆုတ်လုပ်ဆောင်ချက်ကျဆင်းမှုနှုန်း ပိုနှေးစေတယ်ဆိုတာ သုတေသနအသစ်ကတွေ့ရှိခဲ့တာပါ။ လေ့လာမှုမှာနော်ဝေနဲ့ အင်္ဂလန်နိုင်ငံက ပျမ်းမျှအသက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

စားမယ် သောက်မယ် အစားတလိုင်းတို့တွေ စုမိကြပြီ ဆိုရင် ဒီပြဿနာတော့ အမြဲ ကြုံရမှာပဲ။ ဒါ့ကြောင့် တချို့ဆို အစာကြေဆေးတောင် အိတ်ထဲ ဆောင်ထားကြတယ်။ အစားများပြီး ဗိုက်ကားနေမယ်၊ အရသာ ပြင်းတာတွေ စားမိလို့ သွေးတိုးမယ်၊ အဆီများတာတွေ စားမိလို့ အဆီတက်မယ်၊ အီလည်လည်နဲ့ရယ်။ ဒါ့ကြောင့် အစား များသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲ ဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ကဲ ...... အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ အကြောင်းကို ကြည့်လိုက်ရအောင်နော်။ အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ ကတော့ ဒိန်ချဉ် ဒိန်ချဉ်ရဲ့ အကျိုးပြုဘက်တီးရီးယား အစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပရိုတင်းပြည့်ဝစေဖို့ဘာကိုရွေးမလဲ.... အစားအသောက်လား....ပရိုတင်းဖြည့်စွက်စာတွေလား.....

အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပရိုတင်းဖြည့်စွက်စာတွေကအရင်ကထက်ပိုများလာတယ်နော်။ ခန္ဓာကိုယ်အားပြည့်နေစေဖို့တင်မဟုတ်ဘဲ ကြွက်သားတွေသန်မာစေဖို့အတွက်ပါ ပရိုတင်းဖြည့်စွက်စာတွေကိုအသုံးပြုလာကြပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိလာတာက ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေက တကယ်ပဲ လိုအပ်လားဆိုတာပါ။ ခန္ဓာကိုယ်က ပရိုတင်းကို ဘယ်လိုအသုံးပြုလဲ........... ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာရှိနေတာပါ။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက်လည်း ပရိုတင်းကိုတော်တော်လေးလိုအပ်ပါတယ်။ ပရိုတင်းမှာ ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေပါတယ်။ ပရိုတင်းစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေနေရာမှာအစားထိုးနိုင်မယ့် ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့၊ တစ်ရှူးတွေဖြစ်ပေါ်စေဖို့၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေအသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အဖြစ်ဖြိုခွဲအသုံးပြုမှာဖြစ်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပရိုတင်းလိုအပ်ချက်ကွာခြားမှုရှိလား.......... အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရကြောင့်ရော ကြွက်သားတွေကြောင့်ပါ အမျိုးသမီးတွေထက် ပရိုတင်းပမာဏပိုမိုလိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အမျိုးသားတစ်ယောက်ကတစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်နီးပါးလိုအပ်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးက တစ်နေ့တာမှာ ပရိုတင်း ၁၀၀ ဂရမ်နီးပါးလောက်စားသုံးနေကြပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မူးမော်ခြင်းနဲ့ အချဉ်ဓါတ်။ ။

ကားမူး၊ လှိုင်းမူးတဲ့အခါ ဘာဆေးမှ သောက်ခင် ရော့ သံပရာသီး လေးရှူ၊ လိမ္မော်သီး လေးစားဆိုတဲ့ အကြံပေးချက်တွေ မကြာခဏ ကြားဖူးမှာပါ။ း ချဉ်တဲ့ အသီးတွေ ၊ ဖျော်ရည်ချိုချဉ်ချဉ်လေးတွေ သောက်လိုက်ရင် တကယ်လည် မူးဝေတာ သက်သာသွားတယ်မလား ။ ဘာ့ကြောင့် ချဉ်တာလေးတွေ စားလိုက်ရင် မူးမော်တာတွေ သက်သာသွားလဲဆိုတာကိုရော တွေးဖူးကြလား။ ဒီတော့ ဗီတာမင် C နဲ့ မူးဝေတာနဲ့က ဘယ်လိုဆက်စပ်မှုများရှိလဲ ။ ။ အမူးသက်သာစေတဲ့သံပရာသီးတို့ လိမ္မော်သီးတို့ဆိုတာ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေပါ။ မူးဝေခြင်းတွေကို သက်သာစေတဲ့ ဗီတာမင် C ရဲ့ ဆောင်ရွက်ချက်ကို ပြောရမယ်ဆိုရင် Histamine အကြောင်း အရင်ပြောမှ ရပါလိမ့်မယ်။ Histamine ဆိုတာ nitrogenous compound တစ်မျိုးဖြစ်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းဖို့ ဆန္ဒရှိ နေပြီလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံး လုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု မရှိစေဘဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲ ဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးကို ပြောပြပေးပါရစေ............. စိတ်ပျော်စေဖို့ ဘာတွေစားမလဲ ............... စိတ်ပျော်စေဖို့ ဘာတွေစားမလဲ ဆိုတော့ ဆယ်လ်မွန် ဆယ်လ်မွန်က ခန္ဓါကိုယ် အတွက် အာဟာရ ဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေနိုင်သလို ဆယ်လ်မွန်မှာ ပါတဲ့ omega-3 fatty acids က စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။

ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံ ထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ ေသွးလွန်တုပ်ကွေး ၊ ရာသီတုပ်ကွေး ၊ ဆင်တုပ်ကွေးစတဲ့ အားလုံးသိကြတဲ့ တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ ရာသီတစ်ခုပေါ့။ နှစ်တိုင်း နှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့ ။ ြခင်ကိုက်တာကနေ ကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေ များနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာ ကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန် ကိုယ်ခံအားကို ဖြည့်ပေးမယ့် အစားအစာက အရေးကြီးလာပြီလေ။ ဆင်တုပ်ကွေးဆိုတာ ဘာလဲ ။ ။ ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဖြစ်ပြီး ရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေ ကူးစက်တာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီး ချမ်းတုန်တာ အပြင် ကိုယ်လက် ကိုက်ခဲ နာကျင်ပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း