backup og meta

Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ

    Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင် ပါတယ်။

    တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါ အကြောင်း အားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေ ပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကို ရောက်သွားတဲ့အခါမှာ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေပါတယ်။

    လက္ခဏာတွေကတော့

    နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါ ဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။

    Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ

    စားသင့်တာတွေက

    ( ၁ ) ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။

    ဗီတာမင်A ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A,B,C ကြွယ်ဝတဲ့အစားအစာတေကို စားပေးပါ။ လိမ္မောသီး၊ မုန်လာဥနီ။ သံပရာသီး ဟင်းနုနွယ်တို့ကို စားပေးဖိုကလိုပါတယ်။

    ( ၂ ) ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့အစားအစာတွေ ။

    တိုက်ဖိုက်ရောဂါဖြစ်နေတဲ့အချိန် အစားမစားနိုင်တာကတစ်ကြောင်း၊ အားနည်းနေတာက တစ်ကြောင်းနဲ့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ ဒါ့ကြောင် အားပြန်ပြည့်စေဖို့ ပြန်ပြီး စိုစိုပြေပြေဖြစ်စေဖို့ ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။ အသားပြုတ်ပျော့ပျော့Aလးတွေ စားပေးဖို့လိုသိလို အာလူးဆို့ကန်စွန်းဥတို့လည်း စားပေးလို့ရပါတယ်။

    ( ၃ )အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပါ့။

    အိုမီဂါ 3 က ကိုယ်တွင်းရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် အူရောင်တာ သက်သာစေဖို့ အိုမီဂါ 3 ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။

    ( ၄ ) ရေများများသောက်ပါ။

    ရေဓါတ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ အကောင်းဆုံး အရာတစ်ခုပါ။ နောက်ပြီး အူရောင်ငန်းဖျားရောဂါ ဖြစ်နေတဲ့အချိန် တက်နေတဲ့ ကိုယ်အပူချိန်ကြောင့် ရေဓတ်ခမ်းခြောက်မှာ ဖြစ်သလို ပျို့အန်တာ၊ ချွေးစေးတွေပြန်တာကြောင့်လည်း ရေဓါတ်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။

    ( ၅ ) အစားပျော့ပျော့စားပါ။

    အူရောင်ငန်းဖျားရောဂါကြောင့် အူတွေအားနည်းနေမှာဖြစ်တဲ့အတွက် အစာခြေရလွယ် အာဟာရလည်းရှိမယ့် ကြက်သားဆန်ပြုတ် မြူစွမ်ပြုတ်တို့ကို အဓိကစားပါ။ ကြက်ဥပြုတ်တို့ ဟင်းသီးဟင်းရွက်ပြုတ်တို့လည်း စားပေးလို့ရပါတယ်။

    ရှောင်သင့်တဲ့ အစားအစာတွေကတော့

  • ရောင်နေတဲ့ အူကို ပိုမဆိုးစေဖို့ အဆီများပြီး ပူစပ်တဲ့ အစားအစာတွေကို ရှောင်ပါ။
  • အူကို ဖိအားဖြစ်စေမယ့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို မစားပါနဲ့.
  • ပျို့ချင်အန်ချင်စိတ် ပိုများစေမယ့် အနံ့ပြင်းတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ တိုကို ရှောင်ပါ။
  • အဆီးများတဲ့ ချိစ်၊ ဆီကြော်မုန့်တို့ကို ရှောင်ပါ။
  • အစား အားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။ ယင်နားမခံပါနဲ့။ လက်သေချာ ဆေးပြီးမှ အစားစားပါ။ ဆရာဝန် ပေးတဲ့ ဆေးကို မှန်မှန်သောက်ပါ။ ကောင်းကောင်း အိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ ဖြစ်နေတဲ့ တိုက်ဖွိုက် အမြန်ဆုံး ပျောက်သွားမှာ အသေအချာပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement