နာနတ်သီးဖျော်ရည်က ဘာကြောင့် ချောင်းဆိုးနေတာကို သက်သာစေနိုင်ရတာလဲ………
နာနတ်သီးဖျော်ရည်မှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကို ပျော်စေနိုင်ပါတယ်။ ဒါတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိစ် ပါဝင်နေတာကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။
ဒါတွေအပြင် နာနတ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ ကော့ပါး၊ ဇင့်၊ ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို ချောင်းဆိုးတာ၊ ချွဲကျပ်တာကိုလည်း သိသိသာသာ သက်သာစေမှာပါ။
ချောင်းဆိုးသက်သာစေမယ့် နာနတ်သီးဖျော်ရည်ကို ဘယ်လိုဖျော်မလဲ………
ချောင်းဆိုးတာကို သက်သာစေဖို့ နာနတ်သီးဖျော်ရည် သောက်မယ်ဆိုရင်တော့
- နာနတ်သီးကို ကြိတ်ခြေထားတဲ့ ဖျော်ရည်တစ်ခွက်စာ
- ဆားနည်းနည်း
- ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့
- ပျားရည် လက်ဖက်ရည်ဇွန်း တဝက်စာတို့ကို ရောဖျော်လိုက်ပါ။ ဒီတစ်ခွက်စာကို လေးခွက်အညီအမျှ ခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ် သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေ ကြေစေပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။
ဒီရာသီမှာ ချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်း ပေါတဲ့အချိန်ဆိုတော့ ချောင်းဆိုးလို့ ဆေးသောက်ရမှာ ကြောက်တဲ့သူလေးတွေ အနေနဲ့ နာနတ်သီးဖျော်ရည်လေး သောက်လို့ အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ ပြဿနာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ရအောင်လား…….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။