အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ

ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ လက်ဖက်ခြောက်အပြင် ဘယ်လို herbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ လက်ဖက်ခြောက်အပြင် ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ဆိုတော့ ချာမိုမိုင်း လက်ဖက်ရည်ကြမ်း ချာမိုမိုင်း လက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား

ကဖိန်းဓာတ် (Caffeine) လို့ ဆိုလိုက်ရင် ကော်ဖီကို အရင်ဆုံးပြေးမြင်ကြမယ်ထင်တယ်။ ကဖိန်းဓာတ်က ကော်ဖီစေ့နဲ့ ကော်ဖီမှာတင်မကပါဘူး။ ဆိုဒါလိုအချိုရည်တွေ၊ ချောကလက်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ လက်ဖက်ရည်အမျိုးမျိုးတွေမှာလည်း ပါရှိနေပါတယ်။ တစ်ချို့သော ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ ကွတ်ကီးတွေလိုအရာတွေမှာလည်း ကဖိန်းဓာတ်ပါဝင်နေတတ်ပါသေးတယ်။ ပြောရမယ်ဆိုရင် ကဖိန်းဓာတ်ပါဝင်နေတဲ့ အစားအစာတွေနဲ့ အဖျော်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေဖြစ်နေတတ်တာများပါတယ်။ ဒီလို လူကြိုက်များတဲ့အစားအစာတွေမှာ ပါရှိနေတတ်တဲ့ ကဖိန်းဓာတ်ဟာ စွဲလန်းစေတတ်တယ်၊ အိပ်မပျော်တဲ့ ဝေဒနာကို ဖြစ်စေတတ်တယ်ဆိုတာလိုမျိုး ယူဆခံရလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီလို ယူဆချက်မျိုးတွေကို လက်မခံချင်တတ်ကြပါဘူး။ ကြိုက်တာကိုး။ ဒါဆိုရင် ဒီယုံတမ်းပြောဆိုမှုတွေဟာ တကယ်မှန်ကန်မှုရှိရဲ့လား? မှားနေတာများလား? ဆိုတာကို သိနားလည်ဖို့တော့ လိုလာပါပြီ။ ဒီဆောင်းပါးလေးကနေတဆင့် အမှန်၊ အမှားကို လေ့လာကြည့်ရအောင်။ Myth No. 1 : ကဖိန်းဓာတ်က စွဲလမ်းစေတယ် ကဖိန်းဓာတ်က စွဲလမ်းစေသလားဆိုရင် စွဲလမ်းတယ်ဆိုတာကို လူတစ်ဦးချင်းစီးအလိုက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင်

အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင် ဘယ်လို ဖြေရှင်းမယ် စိတ်ကူးလဲ။ ဒီပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ တစ်နေကုန်တော့ ဇွဲကောင်းကောင်းနဲ့ ငါတော့ ဒီနေ့ healthy dietတွေ စားခဲ့တယ်လို့ ကြုံးဝါးမလို့ ရှိသေးတယ်။ ည၉နာရီလောက်ကျတော့ ဗိုက်ကထဆာရော။ အဲ့ဒီအချိန် ဖုန်းများ မသုံးလိုက်လေနဲ့။ အရွဲ့တိုက်နေသလား မှတ်ရအောင်  newfeeds တစ်ခုလုံး စားသောက်ဆိုင်ပုံတွေကြီး တက်လာပါတော့တယ်။ အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင် ညအိပ်ခါနီးရင် မစားရဘူးဆိုတာ မကောင်းမှန်းတော့ သိပါတယ်။ ဒါပေမယ့် အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင်  ဗိုက်ဆာတာကို သည်းမခံနိုင်တဲ့အဆုံးမှာ လက်လှမ်းမီရာ ခေါက်ဆွဲပြုတ်တို့၊ အာလူးကြော်တို့ကို အလွယ်တကူ စားမိတတ်ပါတယ်။ စားနေတုန်းကတော့ စိတ်ထဲကျေနပ်နေပေမယ့် စားပြီးတော့မှ နောင်တတွေ ရလာပါတယ်။ ဒီလို မဖြစ်ရအောင် ညဘက် ဆာလောင်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ။  မဖြစ်မနေ စားမယ်ဆိုရင်ရော ဘယ်လိုအစားအစာတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဥပုသ်စောင့်ချိန်မှာ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုပြင်ဆင်မလဲ

ကမ္ဘာပေါ်ကလူမျိုးတိုင်း၊ ဘာသာတိုင်းမှာ တစ်ပတ်လျှင်တစ်ရက် အားလပ်ရက်အဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ အဆိုပါနေ့မျိုးတွေဟာ အားလပ်ရက်မျှသာ မဟုတ်ပါဘူး။ လောကုတ္တရာရေးရာကိစ္စတွေကို ဆောင်ရွက်ကြတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုနေ့မျိုးတွေကို သီတင်းနေ့ သို့မဟုတ် ဥပုသ်နေ့လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကလည်း ဝါတွင်းကာလကို ရောက်လာပြီဆိုရင် ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ပြုကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာက ညစာမစားတာ၊ သူ့အသက်မသတ်တာတွေ အပါအဝင် အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့သီလကို ခံယူဆောက်တည်တာကို ဆိုလိုတာပါ။ ဒါက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်ဆောက်တည်မှုဖြစ်ပါတယ်။ ကိုးကွယ်ရာဘာသာတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဥပုသ်သီလဆောက်တည်မှု ပုံစံတွေရှိကြပါတယ်။ ဒါပေမယ့် အများစုကတော့ အစားရှောင်တဲ့ အချက်ပါဝင်နေပါတယ်။ ဥပုသ်သီတင်းယူကြတဲ့အခါ အစားကို ရှောင်ကြဉ်တာကြောင့် ကိုယ်ခံအားစနစ်ပေါ် သက်ရောက်မှုရှိလာတတ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပုံမှန်ပြည့်မှီစွာ မဖြည့်တင်းထားရင် ဥပုသ်စောင့်ချိန်မှာ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာဆိုရင်ပေါ့။ ခုလို ကိုယ်ခံအားစနစ် အားနည်းသူတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပါးစပ်ကို အလိုလိုက်ပြီး ဆက်မစားသင့်တော့တဲ့ အစားအစာများ

တစ်ခါတစ်လေမှာ ကိုယ်နှစ်သက်တဲ့ အစားအစာတွေက ကိုယ့်ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးဖြစ်နေတတ်တယ်။ ဒီလိုအစားအစာမျိုးတွေဆိုရင် လူတွေက တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါတယ်။ စားမိလိုက်ရင် ချက်ခြင်း ကျန်းမာရေး ထိခိုက်လာပြီး ရေရှည်မှာ ပြဿနာကြီးကြီးမားမားတွေ ကြုံလာရနိုင်တာကိုး။ ဥပမာ အုန်းနို့ခေါက်ဆွဲတို့၊ ဒံပေါက်တို့၊ တညင်းသီးတို့လို အစားအစာမျိုးတွေပေါ့။ တချို့အစားအစာတွေကျတော့ ရုတ်တရက်ဆို မသိသာပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ကြီးကြီးမားမား ပြဿနာပေးနိုင်ကြပါတယ်။ ပုံမှန် လူတွေကြားမှာ အလွယ်တကူ ဝယ်ယူစားသောက်လို့ရနေပြီး စိတ်ထဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ချင်စရာ အစားအစာမျိုးတွေပါ။ ပီဇာတို့၊ ဘာဂါတို့၊ အာလူးချောင်းကြော်တို့လို အစားအစာမျိုးတွေပေါ့။ ဒီအစားအစာမျိုးတွေဟာ လူတိုင်းနဲ့ နီးစပ်မှုရှိပြီး တစ်ခါတစ်ရံ နေ့စဉ်စားသောက်မှု အစီအစဉ်တွေထဲမှာကို ပါနေတတ်ပါတယ်။ ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ သိနေရင်တောင်မှ သိပ်သတိမထားမိဘဲ စားပစ်လိုက်မိတဲ့ အစားအစာမျိုးတွေပါ။ အဲ့လိုအစားအစာမျိုးတွေဟာ ကိုယ်နဲ့မတည့်လို့ သေသေချာချာ သတိထားပြီး ရှောင်ရတဲ့ အစားအစာမျိုးတွေထက်ပိုပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပေါ်လီဖီနော (Polyphenol) အကြောင်း သိကောင်းစရာ

ပေါ်လီဖီနောဆိုတာကတော့ အပင်တွေမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပေါ်လီဖီနောအမျိုးကွဲပေါင်း ငါးရာကျော်ခန့်ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ အဓိကအားဖြင့် ပေါ်လီဖီနောကို အုပ်စုကြီး ၄စုခွဲခြားပါတယ်။ ၎င်းတို့ကတော့ - ဖလေဗာနွိုက် (Flavonoid) - ဖီနောလစ်အက်ဆစ် (Phenolic Acids) - စတေလ်ဘင်းစ် (Stilbenes) - လစ်ဂ်နန် (Lignans) စတာတွေပဲ ဖြစ်ပါတယ်။ ဘယ်အစားအစာတွေမှာ ပေါ်လီဖီနောအများဆုံးပါဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။ ပေါ်လီဖီနောပါဝင်မှုများတဲ့ အစားအစာတွေကတော့ - အသီးအနှံများ။ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ဂရိတ်ဖရု၊ ချယ်ရီ၊ ဘလူးဘယ်ရီ၊ သလဲသီး၊ မက်မွန်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ တရုတ်ဆီးသီး - ဟင်းသီးဟင်းရွက်များ။ ဟင်းနုနွယ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ကညွတ်၊ မုန်လာဥနီ - အစေ့အဆန်၊ အခွံမာသီးများ။ ပဲပိစပ်လှော်၊ ပဲကြီး၊ ပဲကတ္တီပါ သစ်ချသီး၊ သစ်အယ်သီး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း

လူတော်တော်များများက ရေနွေးသောက်တာထက် ရေခဲရေ သောက်ရတာကို ပိုကြိုက်ကြပါတယ်။ အဓိက အကြောင်းရင်းဆိုရင်တော့ အေးကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ ပင်ပန်းခဲ့သမျှ အေးစိမ့်မှုကြောင့် အမောပြေသလို ခံစားရတာကြောင့်ပါပဲ။ ရေခဲရေမှာလည်း သူ့ဟာနဲ့သူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသလို မဆင်မခြင် သောက်မယ်ဆိုရင်လည်း ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း နဲ့ ရေနွေး သောက်တာကြောင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း တွေကတော့ ၁။ နှာရည်ယို၊ နှာပိတ်တာကို သက်သာစေတယ်။ ဒါဟာ ရှေးယခင်ကတည်းက ရှိနေခဲ့တဲ့ နှာစေးနှာပိတ် အိမ်တွင်းကုထုံးတစ်မျိုးပါ။ ရေနွေးကနေ ရတဲ့ အနွေးဓာတ်ဟာ လည်ချောင်းတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးတယ်။ နီရဲရောင်ရမ်းတာကို ကျစေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီဟာ ကိုယ်အလေးချိန်ကို ကျစေသလား

ငါးကြီးဆီကို တစ်နေ့ တစ်လုံး ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ကျစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်နေကြဆဲပါပဲ။ ယခုအထိ တိုက်ရိုက် ကိုယ်အလေးချိန်ကျစေတယ်လို့တော့ ခိုင်မာတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရသေးတဲ့တိုင်အောင် သွယ်ဝိုက်သော နည်းနဲ့ ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်ဆိုတာတော့ တွေ့ရပါတယ်။ ငါးကြီးဆီ ဆိုတာ ဘာလဲ။ ငါးကြီးဆီကို Omega-3 fatty acid လို့လည်း လူသိများပြီး လူတွေရဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ အမြင်အာရုံကို ထက်မြက်စေဖို့နဲ့ အာရုံကြောစနစ် ကောင်းမွန်စေဖို့ အဓိက ကူညီပေးပါတယ်။ တချို့သော အစေ့အဆန်တွေနဲ့ အဆီများတဲ့ ငါးတွေကနေ ငါးကြီးဆီ ရနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့ ထုတ်ထားတာလည်း ဈေးကွက်ထဲမှာ အလွယ်တကူ ရှာဖွေလို့ ရပါတယ်။ ဆေးတောင့် အကြီးကိုမှ အဝါဖျော့ရောင်ရှိပါတယ်။ ငါးကြီးဆီကို အုပ်စု ၂ စုခွဲရမယ်ဆိုရင် ၁။ Essential Omega-3 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

အစားအသောက် တစ်ခုခု ကို တောင့်တနေတယ်၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ်၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ်။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ်။ တချို့ကတော့ ဒီလို ဖြစ်တာဟာ ခန္ဓာကိုယ်က တောင်းဆိုတာထက် ဦးနှောက်က တောင့်တနေတာက ပိုတယ် လို့ ဆိုပါတယ်။ တကယ်တမ်း ဘာက အမှန်လဲ ဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။ အစားအသောက် တစ်ခုကို အရမ်းတောင့်တနေတာက အာဟာရဓာတ် တွေ လိုအပ်နေလို့လား သုတေသနလေ့လာတွေ့ရှိချက် တွေအရဆို ဒီလိုတောင့်တနေတာက အာဟာရဓာတ် ချို့တဲ့မှုနဲ့ ဆက်နွှယ်မှုတော့ ရှိပါတယ်။ သို့သော် အကန့်အသတ်နဲ့ ပါပဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ

“Detox လုပ်တယ်၊ Detox လုပ်တယ်” ဆိုတဲ့စကားကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေလို၊ အကျိုးမပြုတဲ့ ဓာတ်တွေလို မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပစ်ပေးတဲ့ နည်းလမ်းတစ်မျိုးပါ။ အကြမ်းဖျဉ်းအားဖြင့်တော့ Detox Water ကို ပုံမှန်မှီဝဲမယ်ဆိုရင် ကိုယ်အလေးချိန်ကျမယ်၊ ကိုယ်ခံအားစနစ်ကောင်းမယ်၊ စိတ်ကြည်မယ်၊ အသားအရည်ကြည်လင်မယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း ကိုယ်အလေးချိန် မြင့်မားသူတွေ၊ အသားအရည် ကြည်လင်လှပလိုသူတွေဟာ Detox cleanses လုပ်ကြလေ့ရှိပါတယ်။ Detox Water သောက်သုံးတာဟာ အထက်မှာဖော်ပြခဲ့သလို ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ နည်းလမ်းဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မဖြစ်မနေ Detox လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပါဘူး။ Detox Water ၊ Lemon Detox ဒါမှမဟုတ် Master Cleanse လုပ်မှ ခန္ဓာကိုယ်သန့်စင်မယ်လို့လည်း မှတ်ယူထားလို့ မရပါဘူး။ နောက်ပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း