အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ

ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတမျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။ အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလင်းဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာပါပဲ။ နှလုံးကျန်းမာရေး ကိုလင်းပမာဏများခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဖောလိတ်နဲ့ ကိုလင်းဟာ ဟိုမိုစစ်စတိန်းလို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို မီသိုင်အိုနင်းဆိုတဲ့ ပစ္စည်းအနေနဲ့ ပြောင်းလဲပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတိန်းများနေခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်နွယ်နေပါတယ်။ ကိုလင်းဟာ အဆိုပါ အမိုင်နိုအက်ဆစ်ကို လျော့နည်းစေပါတယ်။ ဦးနှောက်ကျန်းမာရေး အက်ဆီတိုင်းကိုလင်းလို့ ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ

ဦးနှောက်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်ရာ ပင်မနေရာပဲ ဖြစ်ပါတယ်။ သင့်နှလုံး ပုံမှန်ခုန်စေဖို့၊ သင့်အဆုတ်တွေ ပုံမှန်အသက်ရှူဖို့၊ သင်လှုပ်ရှား တွေးတော ခံစားတတ်ဖို့ ဦးနှောက်က အဓိက ကျပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု စတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ ကတော့ ၁။ အဆီဓာတ်ကြွယ်ဝတဲ့ ငါးများ ဦးနှောက်ကို အကျိုးပြုတဲ့ အစားအစာတွေအကြောင်းပြောရင် အဆီကြွယ်ဝတဲ့ ငါးများကို ထိပ်ဆုံးက ဖော်ပြရမှာ ဖြစ်ပါတယ်။ ဆယ်လ်မွန်၊ ထရောက်ငါး၊ ငါးသေတ္တာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ ရေ ၈ခွက် သောက်တာ တကယ်မှန်လား။

ရေ များများသောက်နော်လို့ သူများတွေ ပြောတာ ကြားဖူးမှာပေါ့။ ဒါမှမဟုတ် တစ်နေ့ ရေ၈ခွက်သောက်နော်လို့ ပြောတာလည်း ကြားဖူးမှာပေါ့။ နည်းနည်းလောက် စဉ်းစားကြည့်ရအောင်။ ဒီရေ၈ခွက်က ကလေးလည်း ၈ခွက်၊ လူကြီးလည်း ၈ခွက်၊ ပိန်တဲ့သူလည်း ၈ခွက်၊ ဝတဲ့သူလည်း ၈ခွက်၊ ပူလွန်းတဲ့ ကန္တာရနိုင်ငံလည်း ၈ခွက်၊ အေးလွန်းတဲ့ ကိုရီးယားလည်း ၈ခွက်၊ တစ်နေကုန်ထိုင်နေတဲ့သူလည်း ၈ခွက်၊ ချွေးထွက်အောင် အလုပ်လုပ်ထားသူလည်း ၈ခွက်ဆိုရင် ဟုတ်ပါ့မလား။ ဒါက သိပ်ပြီး logicalမဖြစ်ဘူး ထင်တယ်နော်။ ဒါဆို ရေ၈ခွက်က မှားများနေတာလား။ အတူတူစဉ်းစားကြည့်ရအောင်။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါပါတယ်။ ဒါကြောင့် ရေက နေ့တိုင်း သောက်ရမှာပါ။ ဒါပေမယ့် ဘယ်လောက် သောက်ရလဲဆိုတာ သေသေချာချာ မသိကြပါဘူး။ ကယ်လိုရီလိုပဲ ရေကိုလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မူးတယ်၊ မောတယ်၊ သံဓာတ် အားနည်းတယ်ဆို ဘာစားကြမလဲ

ခေါင်းနည်းနည်း မူးတယ်၊ အသက်ရှူ မဝသလို မောတယ်၊ ရင်တုန်တယ်၊ လှုပ်လိုက်တာနဲ့ အားကုန်၊ အားမရှိသလို နုံးနေတယ်ဆိုရင် သံဓာတ် အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ သံဓာတ် ပြည့်ဝအောင် မစားခြင်း၊ အူရောင်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆင်းများခြင်း စသဖြင့် သံဓာတ်အားနည်းခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းက အများကြီးရှိနိုင်တယ်လေ။ ဒါပေမယ့် ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ အချိန်မီ ပြန်လည်ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် နောက်ဆုံးကျ ကျန်းမာရေးချုချာလာတာ၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းလာတာ၊ အလုပ်မှာ စွမ်းဆောင်ရည် ကျလာတာတွေ ဖြစ်လာနိုင်တယ်။ အားဆေး သောက်ရမလား သံဓာတ် ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပေမယ့် လွန်ကဲရင်လည်း ဘေးအန္တရာယ်တွေ ရှိနိုင်တာမို့ ကိုယ့်မှာ ချို့တဲ့နေတာ ဟုတ်မဟုတ် မသေချာရင် သံဓာတ်အားဆေးတွေကို ရမ်းမသောက်သင့်ပါဘူး။ တစ်နေ့တာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

အစားအသောက် ကို ဘယ်လောက် ဆင်ခြင်တယ်ပဲ ဆိုဆို တစ်ခါတလေ တော့ ကိုယ်ကြိုက်တာလေးတွေ မြင်ရင် ထဝုန်းမိတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာတွေက အဆီများ တာတွေ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ်က diet လုပ်နေတဲ့သူ ဒါမှမဟုတ် ကျန်းမာရေး အတွက် အစား ဆင်ခြင်နေတတ်သူ တစ်ယောက် ဆိုရင် တစ်ခါတလေ cheat မိတဲ့ အစားအသောက် ကြောင့် ဘေးဖြစ်မှာကို စိုးရိမ်မိမှာပဲ။ ဒီလို အနေအထားမျိုး မှာ အစာခြေစနစ် ကိုရော၊ ခန္ဓာကိုယ် အတွက်ရော ဝန်မပိစေ၊ ဘေးမဖြစ်စေအောင် အကူအညီ ဖြစ်စေမယ့် အကြံဉာဏ်လေး တွေ ပြောပြချင်ပါတယ်။ အဆီများ တာတွေ စားပြီးရင် - (၁) ရေနွေးနွေး သောက်ပါ။ အဆီများတဲ့ အစားအသောက်တွေ စားပြီးရင် ရေနွေး(ရေနွေး အဖြူ ဖြစ်ဖြစ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညီညွတ်မျှတသော စားသောက်မှုပုံစံ (Balanced Diet) အကြောင်း

အာဟာရ ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ဘယ်လိုမျိုးလဲ ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးနိုင်တဲ့ စားသောက်ပုံမျိုး ဖြစ်ပါတယ်။ အာဟာရဓာတ်ကို သင့်တော်ကောင်းမွန်စွာ ရရှိနိုင်ဖို့ - လတ်ဆတ်သော အသီးအနှံများ - လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ - မပြုမပြင်ထားသော အစေ့အဆန်များ - ပဲအမျိုးမျိုး - အခွံမာသီးများ - ပရိုတိန်း စတာတွေကို နေ့စဉ် စားသုံးနိုင်ဖို့ လိုပါတယ်။ ကယ်လ်လိုရီအကြောင်း ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ကို ကယ်လ်လိုရီအနေနဲ့ အစားအစာတွေဆီကနေ ရရှိပါတယ်။ နေ့စဉ် လမ်းလျှောက်ခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှူခြင်း စတဲ့ တနေ့တာ လုပ်ဆောင်ချက်တွေအတွက် ကယ်လိုရီကို လိုအပ်ပါတယ်။ လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၂၀၀၀ ခန့် စားသုံးဖို့ လိုပါတယ်။ အသက်အရွယ်၊ ကျား/မ၊ လှုပ်ရှားမှု စတာတွေပေါ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စားသောက်မှုပုံစံ ကဘယ်လို အရေးကြီးသလဲ။

ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကယ်လ်လိုရီတွေ၊ အာဟာရဓာတ်တွေကို အစားအသောက်မှီဝဲမှုကနေ အဓိက ဖြည့်တင်းရပါတယ်။ ဒါကြောင့် စားသောက်နေထိုင်မှုပုံစံက လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါလှတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ရင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး ရောဂါအမျိုးမျိုးတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ခြင်းဆိုတာက ဘာလဲ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ခြင်းဟာ ကိုယ်အလေးချိန် တက်ဖို့၊ ကျဖို့ သက်သက်မဟုတ်ပါဘူး။ ကျန်းမာတဲ့ကိုယ်ခန္ဓာ တစ်ခုဖြစ်နေစေဖို့ အစာအာဟာရကို သင့်တင့်မျှတစွာ ချင့်ချိန် စားသုံးခြင်းကို ခေါ်တာပါ။ အလွန်အကျွံစားတာရော နည်းနည်းလေး စားတာရော မဟုတ်ဘဲ အာဟာရလည်းပြည့်ဝအောင် မှန်ကန်တဲ့ ကိုယ်အလေးချိန်လည်းဖြစ်အောင် စားသုံးခြင်းဖြစ်ပါတယ်။ တခြား အကြောင်းပြချက်တွေလည်းရှိပါသေးတယ်။ ကိုယ်ခံအားကောင်းဖို့၊ သွေးအားကောင်းဖို့စသဖြင့်ပေါ့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ဘယ်လိုနည်းမှန်လမ်းမှန် လိုက်နာမလဲ တကယ်လို့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် သူ့ရဲ့ ကိုယ်ခံအားဟာ ရောဂါတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ

ကျန်းမာကြံ့ခိုင်တဲ့ လူသားတစ်ဦးဖြစ်ပြီး အာဟာရဓာတ်မျှတဖို့ လိုပါတယ်။ အစားကောင်းကောင်း စားရပါမယ်။ ယနေ့ခေတ်အခါမှာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်များကိုလည်း လျှော့ပြီးစားသုံးလာကြပါတယ်။ အစားအစာများကို စနစ်တကျမဟုတ်ဘဲ လျှော့ချစားသုံးတဲ့အခါ ရေရှည်မှာ အာဟာရဓာတ်မပြည့်ဝဘဲ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေမရဘဲ ဖြစ်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအသောက်ကို ပုံမှန်မစားတဲ့အခါ ကြုံလာနိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ စွမ်းအင်လျော့နည်းခြင်း ကယ်လိုရီဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ စွမ်းအင်ဖြစ်ပါတယ်။ အစားအသောက်ထဲမှာ ကယ်လိုရီလုံလောက်စွာ မပါရင် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လွယ်ပါတယ်။ လူအများစုအနေနဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို ပြည့်ဝစွာ လုပ်ဆောင်နိုင်စေဖို့ ၁၀၀၀ ကယ်လိုရီအထက် လိုအပ်ပါတယ်။ လှုပ်ရှားမှုများရင် ပိုလိုအပ်ပါတယ်။ အသက်ကြီးပိုင်းတွေမှာဆိုရင် ခံတွင်းပျက်တာကြောင့် အစားသိပ်မစားနိုင်ဘဲ စွမ်းအင်ရရှိမှုပါ လျော့နည်းသွားတတ်ပါတယ်။ ကယ်လိုရီလျော့နည်းနေတဲ့အခါ ပုံမှန်ထက် အနည်းငယ်အားစိုက်ရတဲ့ အလုပ်တခုခုလုပ်ရင် မောနေတတ်ပါတယ်။ ဥပမာ လှေကားတက်တဲ့အခါ ယခင်ထက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စီးကရက်မှာမှ နီကိုတင်းပါနေတာ မဟုတ်ပါ

နီကိုတင်းလို့ ပြောလိုက်ရင် စီးကရက်ကို ပြေးမြင်မယ်ထင်တယ်နော်။ ဒါဆို စီးကရက် မသောက်ရင် နီကိုတင်း ကင်းပြီပေါ့ဟုတ်လား...... မဟုတ်သေးပါဘူး။ နီကိုတင်းက စီးကရက်မှာတင်မဟုတ်ဘဲ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေထဲမှာလည်း နီကိုတင်း ပါနေတယ်ဆိုတာ သိထားပြီးပြီလား......... နီကိုတင်းဆိုတာ  အန္တရာယ်များပြီး အဆိပ်အတောက်ဖြစ်စေတဲ့ အရာရယ်လို့ အများက လက်ခံထားကြတဲ့အရာပါ။ စွဲလန်းစေတတ်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲ ဆေးလိပ်သောက်သုံးသူတွေက ဆေးလိပ်ဖြတ်ဖို့ ခက်နေကြတာပေါ့။ ဒါပေမယ့် နီကိုတင်းကို စီးကရက် တစ်ခုတည်းမှာတင် မဟုတ်ဘဲ အခုပြောပြမယ့် အရာတွေမှာလည်း တွေ့ရပါသတဲ့။ နီကိုတင်း ပါဝင်နေသော ဆေးလိပ်မဟုတ်တဲ့ အရာများ ဆေးလိပ်မဟုတ်ဘဲ နီကိုတင်းပါဝင်နေတဲ့ နေ့စဉ် စားသုံးမိနေနိုင်တဲ့အရာတွေက ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ ပျမ်းမျှအားဖြင့် နီကိုတင်း ၇.၁ ကနေ ၇.၃ ng  ပါဝင်နေပါတယ်။ ခရမ်းချဉ်သီး အစိမ်းတွေမှာ နီကိုတင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နာကျင်မှုကို သဘာဝအတိုင်းသက်သာဖို့ ဒီအစားအစာတွေ များများစားကြစို့

နာကျင်ကိုက်ခဲမှုတိုင်းဟာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်နဲ့ ရောင်ရမ်းခြင်းတုံ့ပြန်မှုတို့အပေါ် မူတည်နေပါတယ်။ နှလုံးရောဂါ၊ အဆစ်ရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ ကင်ဆာစတဲ့ ရောဂါတွေမှာ နာတာရှည်ရောင်ရမ်းခြင်းဖြစ်စဉ်ကို တွေ့ရပါတယ်။ ရောင်ရမ်းခြင်းကို ကောင်းကောင်း ထိန်းချူပ်နာမယ်ဆိုရင် နာကျင်မှုတွေကို သက်သာစေပြီး ရောဂါကို ပိုမဆိုးလာအောင် ထိန်းထားနိုင်မှာပါ။ ပေါင်မုန့်အဖြူ၊ သကြားများတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အချိူ့သော အစားအစာတွေကတော့ ရောင်ရမ်းခြင်းကို ပိုမိုသက်သာစေနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေက ရောင်ရမ်းခြင်းကို သက်သာစေသလဲဆိုတာ လေ့လာကြည့်ရအောင်။ (၁) အိုမီဂါ 3ဖက်တီးအက်စစ် လေ့လာချက်များအရ သံလွင်ဆီကို နေ့စဉ်တိုက်ကျွေးခံရတဲ့ ကြွက်တွေရဲ့ အဆစ်ရောင်ရောဂါဟာ သက်သာလာတာကို တွေ့ရပါတယ်။ရောင်ရမ်းခြင်းဟာ သုံးပုံတစ်ပုံကနေ တစ်ဝက်ထိ လျော့ကျသွားတာတွေ့ရပါတယ်။ လူတွေမှာလည်း အိုမီဂါ 3 ဖက်တီးအက်စစ် ပါဝင်တဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေမှာပါ။ အိုမီဂါ3ပါတဲ့ အစားအစာတွေကတော့ ဆယ်မွန်၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း