ကမ္ဘာပေါ်ကလူမျိုးတိုင်း၊ ဘာသာတိုင်းမှာ တစ်ပတ်လျှင်တစ်ရက် အားလပ်ရက်အဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ အဆိုပါနေ့မျိုးတွေဟာ အားလပ်ရက်မျှသာ မဟုတ်ပါဘူး။ လောကုတ္တရာရေးရာကိစ္စတွေကို ဆောင်ရွက်ကြတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုနေ့မျိုးတွေကို သီတင်းနေ့ သို့မဟုတ် ဥပုသ်နေ့လို့ ခေါ်ပါတယ်။