အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူပြောအများဆုံး အစားအသောက် ယုံတမ်း (၃)သွယ်

ကျွန်တော်တို့တွေ ကြားဖူးကြတဲ့ အစားအသောက် ပါးစပ်ပြော ပုံပြင်တွေ အများကြီး ရှိပါတယ်။ လတ်တလော နာမည်အကြီးဆုံးဆိုရင်တော့ COVID-19 ပျောက်ကင်းဖို့ တမာရွက်စားပေးရတယ်။ ဆီးကျောက်ကြေဖို့ သံမနိုင်ကျောက်မနိုင်ကို အားကိုးလို့ရတယ်ဆိုတာမျိုးတွေပေါ့။ ဒီလိုပဲ တခြားသော အမှန်မဟုတ်ဘဲ လူတွေ မှားယွင်းလက်ခံထားတဲ့ ယုံတမ်းတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲကမှ လူပြောအများဆုံး အချက်တွေကတော့… ၁။ အဆီဓာတ်တွေ အများကြီးပါဝင်တဲ့ စားစရာတွေက ကျန်းမာရေးအတွက် မကောင်းဘူး။ အမှန်။   ။ ခုချိန်ထိ လူတော်တော်များများ လက်ခံနေကြသေးတဲ့ ယုံကြည်မှုအလွဲတစ်ခုပါ။ လူအများစုက အဆီများတဲ့ စားစရာတွေကို ရှောင်ပြီး အဆီနည်းတာတွေကိုပဲ စားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေး ပိုကောင်းသွားမယ်ဆိုတဲ့ အထင်နဲ့ အဆီဓာတ်များတာတွေ ရှောင်ကြဉ်နေကြပါတယ်။ တကယ်တမ်းမှာတော့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေဟာ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဆီလျှော့ထားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘာဂါက ဘာကြောင့် ကျန်းမာရေးနဲ့ မညီရတာလဲ

ဆလတ်ရွက် - ကျန်းမာရေးနဲ့ ညီတယ်။ ပေါင်မုန့် - ကျန်းမာရေးနဲ့ ညီတယ်။ အမဲသား - လူကို သွေးအားကောင်းစေတယ်။ ကျန်းမာစေတယ်။ ခရမ်းချဉ်သီး၊ သခွားသီး - ကျန်းမာရေးနဲ့ ညီတယ်။ ဒါတွေ အားလုံးပေါင်းထားတဲ့ ဘာဂါကျမှ ဘာလို့ ကျန်းမာရေးနဲ့ မညီဘူး ပြောရတာလဲ။ အဖြေက ဒီလိုပါ။ ၁။ ကယ်လ်လိုရီ အဲဒီအပေါ်က ကျန်းမာရေးနဲ့ ညီတဲ့အရာတွေရယ်၊ ချိစ်တွေရယ်၊ မရောနိစ်ရယ်နဲ့ ပေါင်းလိုက်တဲ့အခါမှာ ကယ်လိုရီက ၁၀၀၀ ကျော်သွားပါတယ်။ အဓိပ္ပာယ်က လူတစ်ယောက် ပျမ်းမျှတစ်နေ့စာ လိုအပ်တဲ့ ကယ်လ်လိုရီ တစ်ဝက်လောက်က ဘာဂါတစ်လုံးမှာ ပါဝင်နေတာပါ။ ဒီတစ်လုံးနဲ့ ဝလားဆိုတော့လည်း မဝဘူးမဟုတ်လား။ ဘေးနားမှာ အာလူးကြော်လေး ပါဦးမှ။ အချိုရည်လေး ထည့်ဦးမှ ဆိုတော့ တွက်ကြည့်ပေါ့။ ၂။ ဆိုဒီယမ် ဘာဂါမှာ ဆိုဒီယမ်တွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီ ခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။ ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ ကဖင်း (Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။ လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါက ခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက်ခြင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

တချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာ ရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။ တချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှ အဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။ ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။ အစာစားပြီးတဲ့အခါ အစာစားပြီးပြီးချင်း ရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကို အစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။ တံတွေးမှာပါဝင်တဲ့ saliva enzymes တွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။ အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။ Chyme တွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သလား။ ဒါဆို ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပါ။ ဆယ်ကျော်သက်မှာ ကျန်းမာစွာ နေထိုင်ခြင်းက ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် အရွယ်မှာ မွေးမြူသင့်တဲ့ အလေ့အထကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့ ကျန်းမာစေဖို့ ဆယ်ကျော်သက်မှာ အခုလို အလေ့အထတွေ မွေးမြူပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ အိပ်ရေးဝအောင် အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာစေဖို့ တစ်ညကို ၈ နာရီခွဲကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါမယ်။ အိပ်စက်နေစဉ်အတွင်းမှာ ကြီးထွားမှုဟော်မုန်းတွေက အကောင်းဆုံး အနေအထားကို ရောက်ရှိတာပါ။ ပြည့်ဝတဲ့ အိပ်စက်မှု ရှိမှ ကလေးက အကောင်းဆုံး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်ကို အကျိုးမပြုသော အစားအစာများ

ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း အပါအဝင် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝစွာ စားသောက်ပြီး ဦးနှောက်ကို အလုပ်ကောင်းစွာ လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ အစားအစာတိုင်းဟာ ဦးနှောက်အတွက် အကျိုးမဖြစ်ပါဘူး။ အစားအစာအချို့ဟာ ဦးနှောက်အပေါ် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အခြေအနေ မကြည်လင်ခြင်း စတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ဦးနှောက်ကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။ သကြားဓာတ်များသော အဖျော်ယမကာများ ဆိုဒါရည်၊ အားကစားပြုလုပ်ချိန်သောက်ရန် ထုတ်လုပ်ထားသော ဖျော်ရည်များ၊ စွမ်းအားဖြည့်အချိုရည်များ၊ အသီးဖျော်ရည် စတာတွေအားလုံး ပါဝင်ပါတယ်။ သကြားဓာတ်ကဲတဲ့ ဖျော်ရည်တွေ သောက်သုံးပါများရင် ဗိုက်မှာအဆီတွေစုလာရုံမကဘဲ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပျားရည် ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲ့ ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ၂။ ကြက်သွန်ဖြူ ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ ဆိုတာကို သိပါရဲ့လား။ အရင်ဆုံး အရက်ကို ဘာတွေနဲ့ ဖန်တီးထားသလဲဆိုတာကို မပြောခင်မှာ အရက် ကြိုက်သူတွေ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတစ်ခုကို အရင်ဆုံး ပြောချင်ပါတယ်။ အရက် မသောက်နဲ့နော် ဆိုတာက ပြောသလောက်ရော လွယ်ရဲ့လား! အရက် မသောက်နဲ့နော် လို့ ပြောရတာက တကယ်တော့ လွယ်မယောင်နဲ့ အခက်ဆုံး စကားပါ။ ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြ ပြီးသွားရင် လစ်တာနဲ့ ကစ်ကြပြန်တဲ့သူတွေ သိပ်များပါတယ်။ အရက် သောက်တာက မကောင်းပါဘူး။ လူတိုင်းပြောနေကြစကားပါ။ ဒါပေမယ့်လည်း ပြောရင်းဆိုရင်း တစ်ခွက်တစ်ဖလား မော့မိကြပြန်တာပဲ မဟုတ်လား။ ကိုယ်ဒီလို မော့မိနေတဲ့ အရက်တွေကို ဘယ်အရာတွေကနေ ဖန်တီးထားတာလဲ။ ဘာကြောင့် အရက်ကို လူတွေ ဒီလောက်နှစ်ခြိုက်နေရတာလဲဆိုတာကို တွေးမိဖူးကြရဲ့လား။ အရက် မြင်ရင် ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုပြီး သောက်နေလို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူအစပ်စာတွေကို လူအတော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက်ခံနိုင်စွမ်းတဲ့ အတိုင်းအတာသတ်မှတ်ချက်တော့ ရှိကြတာပါပဲ။ တခါတလေ ကျရင်တော့ ကိုယ်စားနိုင်တာထက် ပိုများတဲ့ အပူအစပ်တွေ၊ Spicy foodတွေကို စားမိသွားတယ်ဆိုပါစို့။ မျက်ရည်ကျမလောက် ခံစားသွားရတယ် မဟုတ်လား။ ပါးစပ်တစ်ခုလုံး ပူလောင်စပ်လာပြီး နှုတ်ခမ်း၊ လျှာနဲ့ အာခေါင် တစ်ခုလုံးဟာလည်း မထိကပ်နိုင်တော့လောက်အောင်ကို စပ်နေတော့မှာပါ။ ဒီလိုဝေဒနာမျိုး ကြုံလာရရင် ဘယ်ပုံ ဘယ်နည်းနဲ့ သက်သာအောင် လုပ်ကြမလဲ။ အမြန်ဆုံးနည်းလမ်းနဲ့ပေါ့။ မြန်မြန်သက်သာအောင်လုပ်နိုင်လေလေ ဝေဒနာခံစားရတာ နည်းလေလေမဟုတ်လား။ ဒါကြောင့် မာလာရှမ်းကောတို့၊ Extreme Spicy ခေါက်ဆွဲပြုတ်တို့၊ ရခိုင်ငါးပိထောင်းတို့၊ ဝါဆာဘိတို့လို အရမ်းပူတာစပ်တာတွေစားမိပြီးချိန်မှာ အဲ့ဒီလို ပူနေစပ်နေတာတွေ သက်သာစေနိုင်မယ့် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ပါးစပ်အရမ်းပူစပ်နေရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အစားတွေတော့ စားနေပါရဲ့။ အားမရှိသလိုပဲ ခံစားနေရတယ်။ ဘာကြောင့်များလဲလို့ တွေးရခက်နေလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင်လိုချင်နေတဲ့အဖြေကို ပေးနိုင်မှာပါ။ ကဲ ... အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာ ကိုယ်တိုင် ဆန်းစစ် လိုက်ပါ။ အားရှိဖို့ အစားစားတာ မှန်ပေမယ့် အစားအစာ ရွေးချယ်မှု မှားတာ၊ စားသောက်မှု ပုံစံ မှားယွင်းတဲ့အခါ စားလိုက်ပေမယ့် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို အားအင်တွေ ကုန်ခမ်း သွားသလို ခံစားရစေနိုင်ပါတယ်။  ဒီတော့ ဘယ်လို အစားအစာတွေက အားအင်ကုန်ခမ်းစေသလဲ ဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ အစာစားတဲ့အခါ ဒါတွေကို စားမိမယ်ဆိုရင် အားအင်ကုန်ခမ်း သလို ခံစားရနိုင်ပါတယ်။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း