backup og meta

ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

    ငရုတ်ကောင်း က ကျန်းမာရေး အကျိုးကျေးဇူးတွေ များပါတယ်။ ဟင်းလျာတွေကို အနံ့အရသာ တိုးစေသလို အခိုးပွင့်စေတာကြောင့် အေးတဲ့ ရာသီဥတုတွေမှာ အဖျားဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    ကြက်စွပ်ပြုတ်ထဲ၊ ဆန်ပြုတ်စတာတွေထဲကို ငရုတ်ကောင်းမှုန့်လေး ထည့်လိုက်တဲ့ ရနံ့က စားချင်စရာကောင်းတာကြောင့် ဘေဘီလေးက စားမယ်လို့ ပြောတဲ့အခ့ ငရုတ်ကောင်း ပါနေလို့ ကျွေးလို့မှ ဖြစ်ပါ့မလားလို့ စိတ်ပူနေတဲ့ ဖွားဖွား မေမေ တီတီတွေ ရှိလား ……

    ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ပူနေတာလေးအတွက် အဖြေထုတ်ပေးနိုင်မှာပါ။

    ဘေဘီလေးက ငရုတ်ကောင်း စားလို့ရလား ……..

    ဟုတ် ….. စားလို့ ရပါတယ်။ ဘေဘီလေးက စပ်တဲ့အရာတွေကို စားလို့ မရသေးဘူးဆိုပေမယ့် ငရုတ်ကောင်းကိုတော့ အခြား ငရုတ်သီးတွေထက် စောစော စားလို့ရသလို ဘေဘီလေးနဲ့လည်း တည့်ပါတယ်။

    ဒါဆို နောက်ထပ် သိချင်နေမယ့် မေးခွန်း တစ်ခုက ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်ကောင်း စားလို့ ရမလဲပေါ့လို့ ဖြစ်မယ် ထင်ပါတယ်နော်။

    ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်ကောင်းစားလို့ ရမလဲ ……

    ဘေဘီလေးက အသက် ၆ လပြည့်ပြီ အစားစစားတတ်ပြီ ဆိုရင်ကို ဘေဘီလေး စားမယ့် စွပ်ပြုတ်၊ ဆန်ပြုတ်တို့ထဲမှာ ငရုတ်ကောင်းစေ့ကို ထုထည့်ပြီး ချက်ပေးလို့ ရသလို ငရုတ်ကောင်းမှုန့်လေး ဖြူးထည့်ပြီးလည်း ကျွေးပေးလို့ ရပါတယ်။

    နည်းနည်းချင်းစီ စကျွေးဖို့တော့ လိုပါမယ်။

    ဘေဘီလေးကို ငရုတ်ကောင်း ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို ငရုတ်ကောင်း ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို ငရုတ်ကောင်းကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    အရောင်ကျစေနိုင်တယ်

    ငရုတ်ကောင်းက နာကျင်မှုတွေကို သက်သာစေနိုင်သလို အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘေဘီလေးမှာ ထိခိုက်မိတာတွေ ရှိမယ်ဆိုရင် မြန်မြန်လေး သက်သာစေနိုင်မှာပါ။

    အအေးမိ၊ ချောင်းဆိုး သက်သာစေနိုင်တယ်

    ငရုတ်ကောင်းက အအေးမိတာ ချောင်းဆိုးတာတွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဘေဘီလေး ဖျားနေချိန်မှာ ငရုတ်ကောင်း ကျွေးပေးမယ်ဆိုရင် အဖျား မြန်မြန် သက်သာစေနိုင်မှာပါ။

    ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

    ငရုတ်ကောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ phenols ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဆဲလ်လေးတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးစေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာကြောင့် ဘေဘီလေးကို နှလုံးကျန်းမာစေသလို ဖျားနာမှု ကင်းစေမှာပါ။

    တုပ်ကွေး သက်သာစေနိုင်ပါတယ်

    ငရုတ်ကောင်းက အသက်ရှူ လမ်းကြောင်းထဲက ချွဲတွေကို ဖယ်ရှားပေးသလို အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးတာကြောင့် ဘေဘီလေးကို တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    နှာခေါင်းပိတ်တာကိုလည်း သက်သာစေနိုင်မှာပါ။

    အစာကြေစေနိုင်တယ်

    ငရုတ်ကောင်းရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အစာကြေစေဖို့ ထောက်ကူပေးတာပါ။ ဘေဘီလေးကို ရင်ပြည့်တာမျိုး အစာမကြေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ထဲ ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လေပွတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အဆိပ်အတောက် ဖယ်ရှားပေးတယ်

    ငရုတ်ကောင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

    ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ကူညီပေးနိုင်မှာပါ။ ပန်းနာရင်ကျပ် မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    အရေပြား ကျန်းမာစေနိုင်တယ်

    အရေပြား ကျန်းမာဖို့က ကြီးထွားနေတဲ့ ဘေဘီလေးအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ငရုတ်ကောင်းမှာပါတဲ့ tannin acid က ဘေဘီလေးရဲ့ အရေပြားကို ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးကို အရေပြား ပြဿနာ ကင်းစေဖို့ ငရုတ်ကောင်း ကျွေးပေးလို့ ရပါတယ်။

    ဒါတွေအပြင် ဘေဘီလေးကို ငရုတ်ကောင်းကျွေးပေးတာက အခုလို အကျိုးကျေးဇူးလေးတွေလည်း ရနိုင်ပါသေးတယ်။
    • အင်အားပြည့်ဝစေတယ်
    • နားပိုးမဝင်စေဖို့ ကာကွယ်ပေးတယ်
    • အိပ်ပျော်စေတယ်
    • ဇီဝကမ္မဖြစ်စဉ် ကောင်းစေတယ်
    • သွားနဲ့ခံတွင်း ကျန်းမာစေတယ်
    • ကင်ဆာ ကာကွယ်ပေးတယ်
    • အာဟာရ စုပ်ယူမှု ကောင်းစေတယ်။
    ကဲ ….. ငရုတ်ကောင်းလေးက ဘေဘီလေးကို အခုလို အကျိုးကျေးဇူးလေးတွေ ပေးစွမ်းနိုင်တယ်ဆိုတော့ ဘေဘီလေးကို စိတ်ချလက်ချ ကျွေးလို့ ရပြီပေါ့။ နည်းနည်းချင်းပဲ စကျွေးဖို့ ထပ်ပြီး သတိပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement