backup og meta

သနပ်ရွက် နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သနပ်ရွက် နဲ့ ကျန်းမာရေး

    သနပ်ရွက်လို့ ပြောလိုက်ရင် မန်ကျည်းရွက် နုနု၊ သနပ်ရွက် နုနုလေးကို ငါးလေးနဲ့ ချက်ထားတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငပိထောင်းလေးနဲ့ တွဲဖက်စားတာကို ပြေးမြင်မယ် ထင်ပါတယ်။ ဒီလို မိုးဦးကျ လေဦးကျမှာ ထမင်းမြန်စေတဲ့ ဟင်းလျာလေး တစ်ခုဖြစ်တဲ့ သနပ်ရွက်က ကျန်းမာရေးကိုရော ဘယ်လိုမျိုး ထောက်ကူပေးနိုင်လဲဆိုတာကိုရော မသိချင်ဘူးလား။

    သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်နော်။

    သနပ်ရွက် ဆိုတာ

    သနပ်ရွက် ဆိုတာ သနပ်ပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးဖြစ်ပြီး အရိပ်ရပါတယ်။ အရွက်နုလေးတွေကို စားလို့ရပြီး အရွက်ရင့်တွေကို ဆေးပေါ့လိပ်လိပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

    အရွက်က နုစဉ်မှာ ညိုတိုတိုလေးဖြစ်ပြီး ရင့်လာတာနဲ့ အမျှ အစိမ်းနုကနေ အစိမ်းရင့်ရင့် အထိ ဖြစ်လာပါတယ်။ ထိပ်ဖျားမှာ အဖူးလေးတွေပါတတ်ပါတယ်။

    သနပ်ရွက် မှာပါတဲ့ အာဟာရ

    သနပ်ရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    သနပ်ရွက် နဲ့ ကျန်းမာရေး

    ထမင်းမြိန်စေနိုင်တဲ့ ရာသီစာ သနပ်ရွက်လေးက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

    အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်။

    သနပ်ရွက်က ချောင်းဆိုးတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာ၊ လည်ချောင်း ယားယံတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

    အရေပြား ကျန်းမာစေတယ်။

    ပိုးကောင်ကိုက်တာ၊ ထိခိုက်ရှနာနဲ့ အခြားသော အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ သနပ်ရွက်ကို စားပေးလို့ရသလို အရွက်ကို ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။ အရေပြားရောဂါတွေ ကင်းဝေးစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေနိုင်ပါတယ်။

    သွေးတိုးကျစေနိုင်တယ်။

    သနပ်ရွက်က ဓာတ်တိုးမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

    ဆီးချို သက်သာစေနိုင်တယ်။

    သနပ်ရွက်က ဆီးရွှင်စေနိုင်သလို ဆီးချိုသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။

    သနပ်ရွက်က ခန္ဓာကိုယ်မှာ ပူလွန်းအေးလွန်းတာမျိုး မဖြစ်စေဖို့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

    အသည်း ကျန်းမာစေနိုင်တယ်။

    သနပ်ရွက်က အသည်းကို သန့်စင်ပေးပြီး အသည်းကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းရောဂါတွေ သက်သာစေဖို့  စားပေးလို့ ရပါတယ်။

    ကိုယ်တွင်းအနာတွေကို သက်သာစေနိုင်တယ်။

    သနပ်ရွက်က ခံတွင်းထဲက အနာတွေကို သက်သာစေနိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အနာတွေကို သက်သာစေနိုင်ပါတယ်။

    အဆစ်နာတာကို သက်သာစေနိုင်တယ်။

    အဆစ်ရောင်ရောဂါ၊ လေးဖက်နာနဲ့ ဂေါက်ရောဂါတွေကြောင့် အဆစ်နာတာတွေကို သက်သာစေဖို့အတွက်လည်း သနပ်ရွက်ကို စားပေးလို့ ရပါတယ်။ ဆေးဝါးတွေလို ထိထိရောက်ရောက် မသက်သာနိုင်ပေမယ့် အထိုက်အလျောက်တော့ သက်သာစေနိုင်ပါတယ်။

    ကဲ …… ထမင်းမြိန်စေတဲ့ သနပ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    သနပ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။

    • ကိုယ်ဝန်ဆောင်တွေ
    • နို့တိုက်မိခင်တွေ
    • ရောဂါအခံရှိသူတွေ
    • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement