backup og meta

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား
    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အသက်ရ လာတဲ့အခါ ဖျားနာလွယ်တာက မွေးကတည်းက ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်ပေးခဲ့တဲ့ သက်တော်စောင့် ကိုယ်ခံအားလေးကလည်း ကိုယ်နဲ့အတူ အသက်အရွယ် ရလာလို့လေ။အသက်အရွယ် ကြီးရင့်လာလေလေ ကိုယ်ခံအားလေးက အားနည်းလာလေပေါ့။မြင်သာအောင် ပြောပြရရင် အသက်အရွယ် ရလာတဲ့အခါ အသက် ၂၀ တုန်းကလောက် မြန်မြန် မပြေးနိုင်တော့ဘူး။ ဒါက သက်လုံ မကောင်းလို့ ဆိုတာအပြင် ကိုယ်ခံအားက မလိုက်နိုင်တာကြောင့်လို့ပါ ပြောရပါမယ်။

    အသက်အရွယ်တိုင်းမှာ အရေးပါတဲ့အရာ

    အသက်အရွယ်တိုင်းမှာ အရေးပါတဲ့အရာ

    အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ အရေးကြီးတဲ့အချက်က ကိုယ်ခံအားပါ။ ကိုယ်ခံအားက ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်သလို ပြင်းထန် နာမကျန်းမှုတွေ ကနေလည်း ကင်းဝေးမှပါ။ ဒါကြောင့် အသက်အရွယ် ရလာတဲ့အခါ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ လိုပါမယ်။

    ကိုယ်ခံအား ဆိုသည်မှာ

    ကိုယ်ခံအားဆိုတာက ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ စနစ် တစ်ရပ်ပါ။ ဒီအရာလေးတွေက အတူပူးပေါင်းပြီး ဘက်တီးရီးယားလိုမျိုး ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ကူးစက်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်တာပါ။

    ဒီလိုစွမ်းဆောင်ရည်က အသက်အရွယ်တိုင်းမှာ တသမတ်တည်းသွားလာဆိုတော့ မသွားပါဘူး။ အသက်အရွယ်ရလာလေလေ ကိုယ်ခံအားရဲ့ တုံ့ပြန်နိုင်စွမ်းကလည်း ကျလာလေလေပါပဲ။ အသက်အရွယ်ရလာလေလေ ဘာကြောင့် ကိုယ်ခံအားက ကျလာရတာလဲဆိုတဲ့ အ​ကြောင်းအရင်းကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

    ကိုယ်ခံအားစနစ်မှာ T-cell လို့ခေါ်တဲ့ နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပေးတဲ့ ဆဲလ်လေးတွ ပါဝင်နေပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲကို ကျူးကျော်သူတွေ ဝင်ရောက်လာတဲ့အခါ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်စေဖို့ ရန်သူမှန်း သိအောင် အချက်ပြ ပေးပါတယ်။

    အသက်အရွယ် ရလာတဲ့အခါ ဒီလို အချက်ပြပေးတဲ့ တိုက်ထုတ်ပေးတဲ့ T-cell လေးတွေ နည်းလာပါတယ်။ ဒါကပဲ ကိုယ်ခံအား ကျလာရတဲ့ အကြောင်းအရင်းပါ

    ဒါ့အပြင် ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေက အသက်အရွယ်ရလာတဲ့အခါ နည်းလာတာ၊ တစ်ခုခုနဲ့ တစ်ခု ချိတ်ဆက် နိုင်စွမ်း ကျလာတာကြောင့်လည်း အသက်ကြီး လာတဲ့အခါ ကိုယ်ခံအားက ငယ်ရွယ်စဉ်ကထက် နည်းလာတာပါ။

    ဆိုလိုတာကတော့ ခုခံပေးမယ့် ဆဲလ်လေးတွေ နည်းလာတာကြောင့် ပြင်ပက ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ အရင်ကထက် အချိန် ပိုယူလာရတဲ့ သဘောပါ။ ဒါကြောင့် အသက်ကြီးတဲ့အခါ အဖျား တာရှည်တာ၊ နလန်ထချိန် ကြာတာ၊ အနာ ကျက်ခဲတာတွေ ခံစားရတာပါ။

    အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က သွေးဖြူဥတွေ အပါအဝင် ကိုယ်ခံအားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း ကျဆင်း လာပါတယ်။

    ကိုယ်ခံအားကျလာတာကို အပြင်ကမြင်ရုံနဲ့ သိနိုင်လား

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအား ကျဆင်းလာတာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကိုယ်တိုင်လည်း မြင်ဖူးမှာပါ မောင်နှမတွေ ထဲမှာမှ အရွယ်တင်တဲ့ သူတွေရှိသလို ငယ်ငယ်မှာတင် ဆံပင်တွေဖြူတာ အသားအရေတွေ တွန့်တာလိုမျိုး တွေလည်း တွေ့ရနိုင်ပါတယ်။အစားနည်းတာ၊ အာဟာရ ပြည့်ဝအောင် မစားသုံးတာ၊ အိပ်ရေးပျက်တာ များတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ စိတ်ဖိစီးမှု များတာတွေကလည်း ကိုယ်ခံအားကို ကျဆင်းစေတဲ့ အချက်တွေပါပဲ။
    အရက်တွေ၊ ဆေးလိပ်တွေကလည်း ကိုယ်ခံအားကို ကျဆင်းစေနိုင်တာမို့ အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားကောင်းစေဖို့ ဒါတွေကို ဖြတ်ဖို့ လိုပါမယ်။
    အသက်ကြီးလာလေ ချို့ယွင်းမှုတွေ များလာလေလေ ဆိုတဲ့ အတိုင်း ကိုယ်ခံအားကလည်း ကျဆင်းလာ နိုင်တာကြောင့် အသက် ၃၀ အရွယ်လောက် ကစလို့ အာဟာရ ပြည့်ဝအောင် စားတာ၊ အိပ်ရေး ဝဝအိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွ လုပ်တာ၊ စိတ်ဖိစီးမှု ဖြေလျှော့တာ မျိုးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ သက်လတ်ပိုင်းမှာ ကတည်းက သေချာလေး ဂရုစိုက်ဖို့ အကြံပြု ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement